Wednesday 29 October 2014

လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ

Photo: လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ
Wednesday, october 29, 2014 

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက်သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ်ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။

မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သိန်းဟန်ဦးဆောင်၍ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ရန်နိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်လမ်းအတိုင်း ယင်းတော်၊ ပျော်ဘွယ်၊ ရမည်းသင်းရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ လူတိုက် ပြေးသော ကားနောက်ကို အဆက်မပြတ်လိုက်လံရှာဖွေရာ ရမည်းသင်းမြို့နယ် သဲကွဲဂိတ်တွင် လူတိုက်ပြေးသော ကားကို ည ၁ဝ နာရီတွင် ဖမ်းဆီးရမိ ခဲ့သည်။

ကားမှာ မန္တလေးမြို့ စက်မှု(၁)ပြည်ကြီးတံခွန် မြို့နယ်နေ ယာဉ်မောင်း စိုးမင်းဇော်(ခ)ရှမ်းလေး(၃၂ နှစ်)မောင်းနှင်သည့် ၈ှု။ ---- နီဆန်း ၁၂ ဘီး လိမ္မော်ရောင်ယာဉ်ဖြစ်ပြီး မြို့မရဲစခန်းက ယာဉ်မောင်း စိုးမင်းဇော်ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထီလာ)
Myanmaalinn
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက် တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက် သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ် ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။

မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သိန်းဟန်ဦးဆောင်၍ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ရန်နိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်လမ်းအတိုင်း ယင်းတော်၊ ပျော်ဘွယ်၊ ရမည်းသင်းရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ လူတိုက် ပြေးသော ကားနောက်ကို အဆက်မပြတ်လိုက်လံရှာဖွေရာ ရမည်းသင်းမြို့နယ် သဲကွဲ ဂိတ်တွင် လူတိုက်ပြေးသော ကားကို ည ၁ဝ နာရီတွင် ဖမ်းဆီးရမိ ခဲ့သည်။

ကားမှာ မန္တလေးမြို့ စက်မှု(၁)ပြည်ကြီးတံခွန် မြို့နယ်နေ ယာဉ်မောင်း စိုးမင်းဇော်(ခ)ရှမ်းလေး(၃၂ နှစ်)မောင်းနှင်သည့် ၈ှု။ ---- နီဆန်း ၁၂ ဘီး လိမ္မော်ရောင်ယာဉ်ဖြစ်ပြီး မြို့မရဲစခန်းက ယာဉ်မောင်း စိုးမင်းဇော်ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထီလာ)
Myanmaalinn

No comments:

Post a Comment