Wednesday 29 October 2014

ခွင့်ပြုချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများ သက်ဆိုင် ရာက အမြန် ဆုံး စိစစ်ဖော်ထုတ်ရန် လိုအပ်နေဟု ထောက်ပြ


ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် တရား မဝင်ဆောက်လုပ်သည့် အဆောက် အအုံ အများအပြား ရှိနေသည့်အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာအရ ခွင့်ပြု ချက်မရရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ အမြန်ဆုံးစိစစ်ဖော်ထုတ်ရန်လိုအပ်နေကြောင်း တပ်မတော် သား အမျိုး သားလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြ ဆွေးနွေးခဲ့သည်။

အောက်တိုဘာ၂၈ ရက်ကပြု လုပ်သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးရဲမင်းထွေးက ''အထပ်မြင့် ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် ဒီဇိုင်းပိုင်း၊ အရည်အသွေး၊ စံချိန်စံ ညွှန်းပိုင်းနှင့် သက်ဆိုင်ရာဆောက် လုပ်ရေးအဆင့်များအလိုက်စနစ် တကျဆောင်ရွက်နိုင်မှုအား စစ်ဆေး ရန်နှင့် အရည်သွေးပြည့်ဝပြီး လုံခြုံ စိတ်ချရသော အဆောက် အအုံများ ဆောက်လုပ်နိုင်ရေး အင်ဂျင်နီယာပိုင်း ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့် ရေရှည်ပူးပေါင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊မရှိ''နှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းရာတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ် သည်။

ဗိုလ်မှူးရဲမင်းထွေးက ဆက် လက်ပြီး ''ဒါ့အပြင် အင်ဂျင်နီ ယာပညာရှင်များ အနေဖြင့်လည်း ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းဆောင် ရွက်ရန် မသင့်သလို မိမိတို့ကိုယ် တိုင် ပုံစံများ၊ ဒီဇိုင်းများစိစစ်ခြင်းနဲ့ ကွင်းဆင်းစစ် ဆေးခြင်းများမပြု လုပ်နိုင်တဲ့ အဆောက်အအုံများ အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု တွေမပြုလုပ်ကြောင်း သတိထား ဆင်ခြင်ရမှာဖြစ်ပါတယ်''ဟု ပြော သည်။

၂ဝ၁၄ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၄ အဆင့် ရှိငလျင်ကြောင့် တိုက်တန်းတိုင်နှစ် လုံးတိမ်းစောင်းသွားခဲ့ခြင်းကြောင့် အထပ်မြင့်တိုက်များတွင် နေထိုင်သည့် ပြည်သူလူထုများစိုးရိမ်ပူပန်ခဲ့ရပြီး မြို့နေလူဦးရေများပြားလာမှုနှင့် ဈေးကွက်လိုအပ်ချက်အရ အထပ် မြင့်ကန်ထရိုက်တိုက်များတည် ဆောက်မှုများတွင် ဆောက်လုပ်ရေး ပိုင်းဆိုင်ရာလိုအပ်ချက်များ ရှိနေသေး ကြောင်း ယင်းကထောက်ပြဆွေးနွေး ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုးထပ်နှင့်အထက် အဆောက်အအုံများ၊ လူဦးရေး ၅ဝဝ နှင့်အထက် ဝင်ထွက် သွားလာမည့် အဆောက် အအုံများကို အထပ်မြင့်အဆောက် အအုံတည်ဆောက်ရေးစီမံကိန်း များကြီးကြပ် စစ်ဆေးရေးပညာရှင် အဖွဲ့(CQHP)မှ ကြပ်မတ်စစ်ဆေး လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က ပြန်လည် ရှင်းလင်းခဲ့သည်။

Yangon Media Group

No comments:

Post a Comment