Wednesday 29 October 2014

မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် တွေ့ရှိ

Photo: မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် တွေ့ရှိ
Wednesday, october 29, 2014.

တစ်ကမ္ဘာလုံးတွင် အ ကောင်ရေတစ်သောင်းအောက် သာရှိတော့သည့် မျိုးသုဉ်းပျောက် ကွယ်လုနီးပါးအန္တရာယ်နှင့် ရင် ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် (သိပ္ပံအမည် Ailurusfulgens) ကို မြန်မာနိုင်ငံတွင် ကချင်ပြည် နယ် အီမောဘွန်းတောင်ဒေသ၌ တွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေ စိုက် FFI အဖွဲ့မှ ဇီဝဗေဒပညာရှင် များက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။

ကင်မရာ ထောက်ချောက် များဖြင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်စဉ် ခြောက်နှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ် ကချင် ပြည်နယ် အီမောဘွန်းတောင် ဒေသတွင် ပန်ဒါနီအထီး၊ အမနှစ် ကောင်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ယင်း အဖွဲ့က ဆိုသည်။

နီပေါနိုင်ငံအနောက်ပိုင်းမှ တရုတ်နိုင်ငံအထိ တည်ရှိနေ သော သမပိုင်းတောင်တန်းသစ် တောများတွင် ပန်ဒါနီများကျက် စားလျက်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ တောင်တန်းများတွင် ကျက်စားလျက်ရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

‘‘ပန်ဒါနီနှစ်ကောင်ကို  ပက် ပင်းတွေ့လိုက်တဲ့အခါ တစ်ချိန် တည်းမှာ စိတ်ခံစားမှုနှစ်မျိုးကို ခံစား ရပါတယ်။ မျက်မြင်တွေ့လိုက်ရ တာရယ်၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဗီဒီယိုမှတ်တမ်းတို့ကို ရတာရယ်ကြောင့် မယုံနိုင် လောက်အောင်ပျော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကျက်စားတဲ့ နေရာ ရဲ့ အခြေအနေနဲ့ ရှင်သန်ရပ်တည် မှုကို ခြိမ်းခြောက်ခံရတာတွေ့ရ၊ မြင်ရတော့ အလွန်ဝမ်းနည်းမိပါ တယ်’’ဟု အဆိုပါပန်ဒါနီ အထီး၊ အမတစ်စုံကို မှတ်တမ်းတင်ခဲ့ သည့် FFI မှ ကွင်းဆင်းဇီဝဗေဒပညာရှင် ကိုစောမိုးအောင်က ပြော သည်။

အမဲလိုက်ခြင်း၊ တောရိုင်း တိရစ္ဆာန်ရောင်းဝယ်ဖောက်ကား ခြင်းနှင့်အတူ တရားမ၀င်သစ် ထုတ်လုပ်မှုကြောင့် ပန်ဒါနီကျက် စားသည် ဒေသများရှိ သစ်တော များမှာ ပျက်စီးနေသည်ကို တွေ့ရှိရပြီး ယင်းပြဿနာများသည် မြန်မာနိုင်ငံရှိ ပန်ဒါနီများအသက် ရှင်ရပ်တည်ရေးအတွက် အဓိက ခြိမ်းခြောက်မှုများအဖြစ် မြင်တွေ့ နေရကြောင်း FFI ကဆိုသည်။

‘‘မြန်မာနိုင်ငံမှာ မကြာခင်ကပြည်ပကို သစ်အလုံးလိုက်တင်ပို့ မှု ရပ်တန့်လိုက်တာနဲ့ အဲဒီကို အမျိုးသားဥယျာဉ်လုပ်ဖို့အစီအ စဉ်တွေရှိတာကြောင့် တရုတ် အစိုးရက မြန်မာနိုင်ငံအတွင်းကို စွန့်စွန့်စားစား သစ်လာရောက် ထုတ်ယူနေတာတွေ ရပ်တန့်စေ တဲ့နေရာမှာ တွန်းအားပေးနိုင် လိမ့်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်’’ ဟု FFI၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီအစဉ်ညွှန်ကြားရေး မှူး ဖရန့်မွန်ဘာ(ခ်)က ပြော ကြားသည်။

ဗြိတိန်အခြေစိုက် FFI အဖွဲ့ အနေဖြင့် ပန်ဒါနီများကျက်စား သည် ကချင်ပြည်နယ်၊ အီမော ဘွန်းတောင်တန်းဒေသတွင် ကင် မရာထောင်ချောက်များဖြင့်မှတ် တမ်းတင်မှုကို ၂၀၀၉ က စတင် ပြုလုပ်ခဲ့ပြီး ထိန်းသိမ်းရေးလုပ် ငန်းများကို ၂၀၁၂ တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

အီမောဘွန်းတောင်ဒေသတွင် ကျက်စားနေသော ပန်ဒါနီနှစ်ကောင်ကို ခြောက် နှစ် အတွင်း ပထမဆုံးအကြိမ်တွေ့ရှိမှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − FFI)

အီမောဘွန်းတောင်ဒေသတွင် ကျက်စားနေသော ပန်ဒါနီနှစ်ကောင်ကို ခြောက်နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ရှိမှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − FFI)

တစ်ကမ္ဘာလုံးတွင် အကောင်ရေတစ်သောင်းအောက် သာရှိတော့သည့် မျိုးသုဉ်းပျောက် ကွယ်လုနီးပါး အန္တရာယ်နှင့် ရင် ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် (သိပ္ပံအမည် Ailurusfulgens) ကို မြန်မာနိုင်ငံတွင် ကချင်ပြည် နယ် အီမောဘွန်းတောင်ဒေသ၌ တွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေ စိုက် FFI အဖွဲ့မှ ဇီဝဗေဒ ပညာရှင် များက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။

ကင်မရာ ထောက်ချောက် များဖြင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်စဉ် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကချင်ပြည်နယ် အီမောဘွန်းတောင် ဒေသတွင် ပန်ဒါနီအထီး၊ အမနှစ် ကောင်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ယင်း အဖွဲ့က ဆိုသည်။

နီပေါနိုင်ငံအနောက်ပိုင်းမှ တရုတ်နိုင်ငံအထိ တည်ရှိနေ သော သမပိုင်းတောင်တန်းသစ် တောများတွင် ပန်ဒါနီများကျက် စားလျက်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ မြောက် ဖျားပိုင်း ကချင်ပြည်နယ်ရှိ တောင်တန်းများတွင် ကျက်စားလျက်ရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထား သည်။

‘‘ပန်ဒါနီနှစ်ကောင်ကို  ပက် ပင်းတွေ့လိုက်တဲ့အခါ တစ်ချိန် တည်းမှာ စိတ်ခံစားမှုနှစ်မျိုးကို ခံစား ရပါတယ်။ မျက်မြင်တွေ့လိုက်ရ တာရယ်၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဗီဒီယိုမှတ်တမ်းတို့ကို ရတာရယ်ကြောင့် မယုံနိုင် လောက်အောင်ပျော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကျက်စားတဲ့ နေရာ ရဲ့ အခြေအနေနဲ့ ရှင်သန်ရပ်တည် မှုကို ခြိမ်းခြောက်ခံရတာတွေ့ရ၊ မြင်ရတော့ အလွန်ဝမ်းနည်းမိပါ တယ်’’ဟု အဆိုပါပန်ဒါနီ အထီး၊ အမတစ်စုံကို မှတ်တမ်းတင်ခဲ့ သည့် FFI မှ ကွင်းဆင်းဇီဝဗေဒပညာရှင် ကိုစောမိုးအောင်က ပြော သည်။

အမဲလိုက်ခြင်း၊ တောရိုင်း တိရစ္ဆာန်ရောင်းဝယ်ဖောက်ကား ခြင်းနှင့်အတူ တရားမ၀င်သစ် ထုတ်လုပ်မှု ကြောင့် ပန်ဒါနီကျက်စားသည်ဒေသများရှိ သစ်တော များမှာ ပျက်စီးနေသည်ကို တွေ့ရှိရပြီး ယင်းပြဿနာ များသည် မြန်မာနိုင်ငံရှိ ပန်ဒါနီများအသက် ရှင်ရပ်တည်ရေးအတွက် အဓိက ခြိမ်းခြောက်မှုများအဖြစ် မြင်တွေ့ နေရကြောင်း FFI ကဆိုသည်။

‘‘မြန်မာနိုင်ငံမှာ မကြာခင်ကပြည်ပကို သစ်အလုံးလိုက်တင်ပို့မှု ရပ်တန့်လိုက်တာနဲ့ အဲဒီကို အမျိုးသား ဥယျာဉ်လုပ်ဖို့အစီအ စဉ်တွေရှိတာကြောင့် တရုတ် အစိုးရက မြန်မာနိုင်ငံအတွင်းကို စွန့်စွန့်စားစား သစ် လာရောက်ထုတ်ယူနေတာတွေ ရပ်တန့်စေ တဲ့နေရာမှာ တွန်းအားပေးနိုင် လိမ့်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်’’ ဟု FFI၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီအစဉ်ညွှန်ကြားရေး မှူး ဖရန့်မွန်ဘာ(ခ်)က ပြော ကြားသည်။

ဗြိတိန်အခြေစိုက် FFI အဖွဲ့ အနေဖြင့် ပန်ဒါနီများကျက်စား သည် ကချင်ပြည်နယ်၊ အီမော ဘွန်း တောင်တန်းဒေသတွင် ကင် မရာထောင်ချောက်များဖြင့်မှတ် တမ်းတင်မှုကို ၂၀၀၉ က စတင် ပြုလုပ်ခဲ့ပြီး ထိန်းသိမ်းရေးလုပ် ငန်းများကို ၂၀၁၂ တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment