Wednesday 29 October 2014

တူရကီအစိုးရ နယ်စပ်လုံခြုံရေး တိုးမြှင့်

Photo: တူရကီအစိုးရ နယ်စပ်လုံခြုံရေး တိုးမြှင့်
Wednesday, october 29, 2014

တူရကီအစိုးရက ဆီးရီးယားနဲ့ နယ်စပ်တလျှောက် အောက်တိုဘာ ၂၈ ရက်နေ့က တင့်ကားတွေ တပ်ချပြီး နယ်စပ် လုံခြုံရေး တိုးမြှင့်နေပါတယ်။

Turkishအစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက တူရကီရှေ့တန်းစည်း ပေါ်က နယ်စပ်စခန်းကို သိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ က တွန်းလှန်ခဲ့ပါတယ်။ တပ်စခန်းဟာ ဆီးရီးယားနိုင်ငံတွင်းက ခိုဘာနီနဲ့ တူရကီနိုင်ငံတွင်းက မာစစစ်ပီနာတို့ကြား ချိတ်ဆက်ထားတာပါ။

ဒါဟာ တိုက်ခိုက်ရေးသမားတွေအတွက် နယ်စပ်မြို့ကနေ တူရကီကို ဖြတ်သန်းနိုင်တဲ့ တခုတည်းသော တရားဝင်လမ်းကြောင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့   လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ ချီတဲ့ အိုင်အက်စ်  တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ပေမယ့် ခိုဘာနီကို သိမ်းပိုက်ရေး လက်မလွှတ်ဘဲ ၁ လကျော် ကြာ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတော့ တူရကီရဲတွေက တောင်ကုန်းတွေပေါ်ကနေ ခိုဘာနီကို လှမ်းကြည့်နေတဲ့ မီဒီယာသမားတွေနဲ့ လေ့လာသူတွေကို လူစုခွဲခဲ့တယ်လို့ ရိုက်တာစ် သတင်းဌာနမျက်မြင်သက်သေက ပြောပါတယ်။

၃ နှစ်ခွဲကြာ ဆီးရီးယားပြည်တွင်းစစ်ကို စောင့်ကြည့်လေ့လာနေတဲ့ ဆီးရီးယား လေ့လာရေးအဖွဲ့ကတော့ ခိုဘာနီမြို့ ရက် ၄၀  တိုက်ပွဲအတွင်း သေဆုံးသူ ၈၁၅ ယောက်ရှိပြီလို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောပါတယ်။

ဒီဗွီဘီ
တူရကီအစိုးရက ဆီးရီးယားနဲ့ နယ်စပ်တလျှောက် အောက်တိုဘာ ၂၈ ရက်နေ့က တင့်ကားတွေ တပ်ချပြီး နယ်စပ် လုံခြုံရေး တိုးမြှင့်နေပါတယ်။
Turkishအစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက တူရကီရှေ့တန်းစည်း ပေါ်က နယ်စပ် စခန်းကို သိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ က တွန်းလှန်ခဲ့ပါတယ်။ တပ်စခန်း ဟာ ဆီးရီးယားနိုင်ငံတွင်းက ခိုဘာနီနဲ့ တူရကီနိုင်ငံတွင်းက မာစစစ်ပီနာတို့ကြား ချိတ်ဆက်                                                                                                                ထားတာပါ။

ဒါဟာ တိုက်ခိုက်ရေးသမားတွေအတွက် နယ်စပ်မြို့ကနေ တူရကီကို ဖြတ်သန်းနိုင်တဲ့ တခုတည်းသော တရားဝင်လမ်းကြောင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့   လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ ချီတဲ့ အိုင်အက်စ်  တိုက်ခိုက်ရေး သမားတွေ သေဆုံးခဲ့ပေမယ့် ခိုဘာနီကို သိမ်းပိုက်ရေး လက်မလွှတ်ဘဲ ၁ လကျော်ကြာ ကြိုးစားနေပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတော့ တူရကီရဲတွေက တောင်ကုန်းတွေပေါ်ကနေ ခိုဘာနီကို လှမ်းကြည့်နေတဲ့ မီဒီယာသမားတွေနဲ့ လေ့လာသူတွေကို လူစုခွဲခဲ့တယ်လို့ ရိုက်တာစ် သတင်းဌာနမျက်မြင်သက်သေက ပြောပါတယ်။

၃ နှစ်ခွဲကြာ ဆီးရီးယားပြည်တွင်းစစ်ကို စောင့်ကြည့်လေ့လာနေတဲ့ ဆီးရီးယား လေ့လာရေးအဖွဲ့ကတော့ ခိုဘာနီမြို့ ရက် ၄၀  တိုက်ပွဲအတွင်း သေဆုံးသူ ၈၁၅ ယောက်ရှိပြီလို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment