Wednesday 29 October 2014

နေပြည်တော်ကောင်စီဝင်များ စရိတ်နှင့် အဆောင်အယောင်အတွက် သန်း ၂၄၀ ကုန်ကျဟုဆို

နေပြည်တော် ကောင်စီဝင်များ၏ စရိတ်ချီးမြှင့်ငွေအတွက် ကျပ်သန်း ၂၄၀ အသုံးပြုထားကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောကြားသည်။ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်းတွင် နေပြည်တော် ကောင်စီအနေနှင့် ကျပ် ၇၁၅၁ သန်း တောင်းခံထားမှုအပေါ် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီအတွက် မူလခွင့်ပြုငွေမှာ သာမန်အသုံးစရိတ်၂၄၀ ဒသမ ၂ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ဘီလီယံ ၁၁၀ ဒသမ ၂ ဖြစ်ပြီး ယခု ထပ်မံတောင်းခံထားသော ကျပ် ၇၁၅၁ သန်းမှာ နေပြည်တော် ကောင်စီမြို့ပေါ် အသုံးစရိတ်အတွက် မဟုတ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်း ၅၀၀၊ မြို့နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သန်း ၈၀၀ ကို မူလတောင်းခံငွေမှ သုံးစွဲခဲ့ကြောင်း ၎င်းကဆိုသည်။

ယခု ထပ်တောင်းထားသည့် ကျပ် ၇၁၅၁ သန်းမှ ဖွံ့ဖြိုးရေး လမ်းလုပ်ငန်းအတွက် ၃၈၈၆ သန်း၊ တံတားနှင့် ရေပြွန်၊ မြေအောက် ပိုက်လုပ်ငန်းအတွက် သန်း ၃၃၀၊ ကျေးရွာ မီးလင်းရေးအတွက် ၇၆၅၃ သန်းနှင့် ကျေးရွာရေရရှိရေးအတွက် သန်း ၇၇၄ သန်း ကုန်ကျမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

ဘဏ္ဍာရေး တောင်းခံမှုတွင် နေပြည်တော်ကောင်စီ၏ အသုံးစရိတ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ ထောက်ပြ ဆွေးနွေးမှုကြောင့် လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment