Thursday 28 August 2014

ပုံညာတောင်ကားလမ်း မိုးများသဖြင့် ကားအစီးရေ ၃၀ ကျော် ၁၆ နာရီကြာပိတ်မိ

Photo: ပုံညာတောင်ကားလမ်း မိုးများသဖြင့် ကားအစီးရေ ၃၀ ကျော် ၁၆ နာရီကြာပိတ်မိ
Thursday, August 28, 2014

ဂန့်ဂေါမြို့နယ်အ တွင်းရှိ ပုံညာတောင်ထိပ်တွင် သြဂုတ် ၂၆ ရက်က မိုးများပြီး လမ်းချော်သဖြင့် ကားအစီးရေ ၃၀ ကျော် ၁၆ နာရီကြာ ပိတ်မိခဲ့ ကြောင်း သတင်းရရိသည်။

အဆိုပါတောင်တန်းပေါ် တွင် ဖောက်လုပ်ထားသော ကား လမ်းသည် လမ်း ကျဉ်းပြီး ရွှံ့ထူ သောကြောင့် ကားတစ်စီးလမ်း ချော်ကာ ကန့်လန့်ပိတ်မိနေရာမှ အခြားကားများပါ ပိတ်သွားခြင်း ဖြစ်သည်။

‘‘သြဂုတ် ၂၅ ရက်နေ့က ပိတ်မိနေတာ။ သြဂုတ် ၂၆ ရက်နေ့က နေ့လယ် ၂ နာရီကျမှ လမ်းပွင့် တော့တယ်’’ဟု ကားသမားတစ် ဦးက ပြောသည်။

၁၁၅ မိုင်ရှည်လျားသည့် ကလေးဝ-ယာကြီးလမ်းမကြီးကို မိုးရာသီကာလ လေးလ တာ ပိတ်ထားခဲ့သည်။ ထို့ကြောင့် ချင်းပြည် နယ်မြောက်ပိုင်းမြို့များနှင့် တမူး၊ ကလေး၊ ကလေးဝမြို့များသို့ သွားလာနေသည့်ကားများသည် ဂန့် ဂေါလမ်းမှ ပတ်၍ သွားလာနေရ သည်။

အဆိုပါတောင်တန်းပေါ် တွင် သြဂုတ် ၁၅ ရက်က တစ်ကြိမ်လမ်းပိတ်ခဲ့ပြီး သြဂုတ် ၂၆ ရက်က တစ်ကြိမ် တစ်လအတွင်း နှစ်ကြိမ်ပိတ်မိခဲ့ခြင်း ဖြစ်သည်။

7Day DAILY 

လမ်းများ ချော်ပြီး ကားများ ပိတ်မိနေစဉ် (ဓာတ်ပုံ − ကိုစိုင်း)
လမ်းများ ချော်ပြီး ကားများ ပိတ်မိနေစဉ် (ဓာတ်ပုံ − ကိုစိုင်း)
ဂန့်ဂေါမြို့နယ်အ တွင်းရှိ ပုံညာတောင်ထိပ်တွင် သြဂုတ် ၂၆ ရက်က မိုးများပြီး လမ်းချော်သဖြင့် ကား အစီးရေ ၃၀ ကျော် ၁၆ နာရီကြာ ပိတ်မိခဲ့ ကြောင်း သတင်းရရိသည်။
အဆိုပါတောင်တန်းပေါ် တွင် ဖောက်လုပ်ထားသော ကား လမ်းသည် လမ်းကျဉ်းပြီး ရွှံ့ထူ သောကြောင့် ကားတစ်စီးလမ်း ချော်ကာ ကန့်လန့်ပိတ်မိနေရာမှ အခြားကားများပါ ပိတ်သွားခြင်း ဖြစ်သည်။

‘‘သြဂုတ် ၂၅ ရက်နေ့က ပိတ်မိနေတာ။ သြဂုတ် ၂၆ ရက်နေ့က နေ့လယ် ၂ နာရီကျမှ လမ်းပွင့် တော့ တယ်’’ဟု ကားသမားတစ် ဦးက ပြောသည်။

၁၁၅ မိုင်ရှည်လျားသည့် ကလေးဝ-ယာကြီးလမ်းမကြီးကို မိုးရာသီကာလ လေးလတာပိတ်ထားခဲ့သည်။ ထို့ကြောင့် ချင်းပြည် နယ်မြောက်ပိုင်းမြို့များနှင့် တမူး၊ ကလေး၊ ကလေးဝမြို့များသို့ သွားလာနေသည့်ကား များသည် ဂန့် ဂေါလမ်းမှ ပတ်၍ သွားလာနေရ သည်။

အဆိုပါတောင်တန်းပေါ် တွင် သြဂုတ် ၁၅ ရက်က တစ်ကြိမ်လမ်းပိတ်ခဲ့ပြီး သြဂုတ် ၂၆ ရက်က တစ်ကြိမ် တစ်လ အတွင်း နှစ်ကြိမ်ပိတ်မိခဲ့ခြင်း ဖြစ်သည်။

7Day DAILY

No comments:

Post a Comment