Thursday 28 August 2014

တရုတ်နိုင်ငံတွင် မန်နီပက်ကွီအို လက်ဝှေ့အကယ်ဒမီများဖွင့်မည်

Photo: တရုတ်နိုင်ငံတွင် မန်နီပက်ကွီအို လက်ဝှေ့အကယ်ဒမီများဖွင့်မည်
Thursday, August 28, 2014

တရုတ်နိုင်ငံတစ်ဝန်း တွင် တရုတ်အစိုးရက ကျော ထောက်နောက်ခံပေးသော လက် ဝှေ့ အကယ်ဒမီများ ဖွင့်လှစ်သွား မည်ဖြစ်ပြီး ယင်းမှာ အနာဂတ် ကမ္ဘာ့ချန်ပီယံ များအား လေ့ကျင့်သင်ကြားရန် ဖြစ်သည်ဟု ဖိလစ်ပိုင် လက်ဝှေ့ ကျော် မန်နီပက်ကွီအိုက ပြောသည်။

တရုတ်အစိုးရသည် ပထမ ဆုံး မန်နီပက်ကွီအို လက်ဝှေ့ပညာရေး အင်စတီကျု့ဒ်ကို ဘေဂျင်းမြို့တွင် ဖွင့်လှစ်မည်ဖြစ်ကာ နောက်ပိုင်းတွင် အခြား တရုတ်မြို့ကြီးများတွင်လည်း ဖွင့်လှစ်မည်ဟု ပက်ကွီအိုက ပြောသည်။

ရှန်ဟိုင်းမြို့ ဖုန်းခေါ်ဆိုမှု၌ မနီလာ ABS-CBN ရုပ်သံသို့ ပက်ကွီအိုက ပြော ကြားခြင်းဖြစ် သည်။

‘‘အစီအစဉ်ကတော့ ကျွန် တော့်ရဲ့ လက်ဝှေ့ဗဟုသုတကို သူတို့နဲ့ မျှဝေဖို့ပါ’’ဟု ကမ္ဘာ့လက်ဝှေ့အစည်းအရုံး (WBO) ဝယ်လ်တာဝိတ်ချန်ပီယံ ပက်ကွီအို(၃၅)နှစ် က ပြောသည်။ ပက်ကွီအိုသည် အခြားဝိတ်တန်း ရှစ်တန်းတွင်လည်း ချန်ပီယံ ဘွဲ့များ ရရှိခဲ့ သည်။

ပက်ကွီအိုသည် နိုဝင်ဘာ ၂၃ ရက်တွင် ဝယ်လ်တာဝိတ် ချန် ပီယံဆု ကာ ကွယ်ရေး အမေရိကန်စိန်ခေါ်သူ ခရစ်အယ်ဂီရီနှင့် မကာအိုတွင် ထိုးသတ် ရန်ရှိပြီး ကမ္ဘာ တစ်ဝန်း ဈေးကွက်မြှင့်တင်ရင်း တရုတ်နိုင်ငံသို့ ရောက် ရှိနေခြင်း ဖြစ်သည်။            

Ref: AFP
တရုတ်နိုင်ငံတစ်ဝန်း တွင် တရုတ်အစိုးရက ကျော ထောက်နောက်ခံပေးသော လက် ဝှေ့ အကယ်ဒမီများ ဖွင့်လှစ်သွား မည်ဖြစ်ပြီး ယင်းမှာ အနာဂတ် ကမ္ဘာ့ချန်ပီယံ များအား လေ့ကျင့်သင်ကြားရန် ဖြစ်သည်ဟု ဖိလစ်ပိုင် လက်ဝှေ့ ကျော် မန်နီပက်ကွီအိုက ပြောသည်။
တရုတ်အစိုးရသည် ပထမဆုံး မန်နီပက်ကွီအို လက်ဝှေ့ပညာရေး အင်စတီကျု့ဒ်ကို ဘေဂျင်းမြို့တွင် ဖွင့်လှစ် မည်ဖြစ်ကာ နောက်ပိုင်းတွင် အခြားတရုတ်မြို့ကြီးများတွင်လည်း ဖွင့်လှစ်မည်ဟု ပက်ကွီအိုက ပြောသည်။

ရှန်ဟိုင်းမြို့ ဖုန်းခေါ်ဆိုမှု၌ မနီလာ ABS-CBN ရုပ်သံသို့ ပက်ကွီအိုက ပြော ကြားခြင်းဖြစ် သည်။

‘‘အစီအစဉ်ကတော့ ကျွန် တော့်ရဲ့ လက်ဝှေ့ဗဟုသုတကို သူတို့နဲ့ မျှဝေဖို့ပါ’’ဟု ကမ္ဘာ့လက်ဝှေ့အစည်းအရုံး (WBO) ဝယ်လ်တာဝိတ်ချန်ပီယံ ပက်ကွီအို(၃၅)နှစ် က ပြောသည်။ ပက်ကွီအိုသည် အခြားဝိတ်တန်း ရှစ်တန်း တွင်လည်း ချန်ပီယံ ဘွဲ့များ ရရှိခဲ့ သည်။

ပက်ကွီအိုသည် နိုဝင်ဘာ ၂၃ ရက်တွင် ဝယ်လ်တာဝိတ် ချန် ပီယံဆု ကာ ကွယ်ရေး အမေရိကန်စိန်ခေါ်သူ ခရစ်အယ်ဂီရီနှင့် မကာအိုတွင် ထိုးသတ်ရန်ရှိပြီး ကမ္ဘာတစ်ဝန်း ဈေးကွက်မြှင့်တင်ရင်း တရုတ်နိုင်ငံ သို့ ရောက် ရှိနေခြင်း ဖြစ်သည်။           

Ref: AFP

No comments:

Post a Comment