Thursday 28 August 2014

ထိုင်ဝမ်ပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်များ ဝင်ရောက်

Photo: ထိုင်ဝမ်ပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်များ ဝင်ရောက်
Thursday, August 28, 2014

တရုတ်စစ်ဘက် လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းပိုင်နက် အတွင်းသို့ တနင်္လာနေ့က ချိုးဖောက် ဝင်ရောက်ခဲ့ရာ ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များ အရေးပေါ် စေလွှတ်လိုက်ရကြောင်း ထိုင်ဝမ်လေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုင်ဝမ် လေတပ်အဆိုအရ တရုတ်ကင်းလှည့် လေယာဉ်နှစ်စင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန် အတွင်းသို့ တနင်္လာနေ့ နံနက်ပိုင်းတွင် တစ်ကြိမ်၊ နေ့ခင်းပိုင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီ တရုတ်လေယာဉ်တွေ လေကြောင်းကာကွယ်ရေး ဇုန်ထဲကနေ ထွက်သွားခြင်း ရှိ၊ မရှိ အသေအချာ သိရအောင် ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ရတယ်” ဟု ထိုင်ဝမ်လေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များသည် လေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်လာသော ယင်းတရုတ်စစ်ဘက် လေယာဉ်နှစ်စင်းကို အနီးကပ် စောင့်ကြည့်လေ့လာခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

တရုတ်လေယာဉ်သည် အမေရိကန် လေယာဉ်အနီး အန္တရာယ်များသည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် အဆိုပါဖြစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

တရုတ်လေယာဉ်သည် အမေရိကန်ရေတပ်ပိုင် ကင်းလှည့်လေယာဉ်အနီး ၁၀ မီတာ အကွာသို့ ချဉ်းကပ် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားခဲ့သည်။ 

သို့သော် အမေရိကန်အစိုးရ၏ စွပ်စွဲချက်သည် အခြေအမြစ် မရှိကြောင်း၊ တရုတ်တိုက်လေယာဉ် မောင်းနှင်သော ပိုင်းလော့များသည် ပရော်ဖက်ရှင်နယ်ဆန်စွာ ပြုမူခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ခဲ့သေးသည်။ 

ယခုနောက်ဆုံး ထိုင်ဝမ်ကိစ္စတွင် တရုတ်လေယာဉ်များသည် ထိုင်ဝမ်ပိုင် လေကြောင်းပိုင်နက်ထဲသို့ နှစ်ကြိမ် ဝင်ရောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည် မောင်းနှင်သွားခြင်း ဖြစ်သည်။ 

ထိုင်ဝမ်လေတပ်က မီရေ့ခ်ျ ၂၀၀၀ နှင့် တန်ပြန် တိုက်ခိုက်ရေးလေယာဉ်များ စေလွှတ်ကာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ 

အဆိုပါကိစ္စအတွက် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် “မိမိတို့ လေယာဉ်များသည် ပုံမှန်ကင်းလှည့်မှုကို သက်ဆိုင်ရာ လေကြောင်းပိုင်နက်အတွင်း လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်” ဟု ဖော်ပြပြီး ပုံမှန်မဟုတ်သော အနေအထားမျိုး မရှိခဲ့ဟု ဆိုသည်။

The Voice Weekly
တရုတ်စစ်ဘက် လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းပိုင်နက် အတွင်းသို့ တနင်္လာနေ့က ချိုးဖောက် ဝင်ရောက်ခဲ့ရာ ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များ အရေးပေါ် စေလွှတ်လိုက်ရကြောင်း ထိုင်ဝမ်လေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုင်ဝမ် လေတပ်အဆိုအရ တရုတ်ကင်းလှည့် လေယာဉ်နှစ်စင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး ဇုန်အတွင်းသို့ တနင်္လာနေ့ နံနက်ပိုင်းတွင် တစ်ကြိမ်၊ နေ့ခင်းပိုင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီ တရုတ်လေယာဉ်တွေ လေကြောင်းကာကွယ်ရေး ဇုန်ထဲကနေ ထွက်သွားခြင်း ရှိ၊ မရှိ အသေအချာ သိရအောင် ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ရတယ်” ဟု ထိုင်ဝမ်လေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ ထိုင်ဝမ် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များသည် လေပိုင်နက်ထဲ သို့ ကျူးကျော် ဝင်ရောက်လာသော ယင်းတရုတ်စစ်ဘက် လေယာဉ်နှစ်စင်းကို အနီးကပ် စောင့်ကြည့်လေ့ လာခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

တရုတ်လေယာဉ်သည် အမေရိကန် လေယာဉ်အနီး အန္တရာယ်များသည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ သည် ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် အဆိုပါဖြစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

တရုတ်လေယာဉ်သည် အမေရိကန်ရေတပ်ပိုင် ကင်းလှည့်လေယာဉ်အနီး ၁၀ မီတာ အကွာသို့ ချဉ်းကပ် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားခဲ့သည်။ 

သို့သော် အမေရိကန်အစိုးရ၏ စွပ်စွဲချက်သည် အခြေအမြစ် မရှိကြောင်း၊ တရုတ်တိုက်လေယာဉ် မောင်းနှင် သော ပိုင်းလော့များသည် ပရော်ဖက်ရှင်နယ်ဆန်စွာ ပြုမူခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက တုံ့ပြန်ခဲ့သေးသည်။ 

ယခုနောက်ဆုံး ထိုင်ဝမ်ကိစ္စတွင် တရုတ်လေယာဉ်များသည် ထိုင်ဝမ်ပိုင် လေကြောင်းပိုင်နက်ထဲသို့ နှစ်ကြိမ် ဝင်ရောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည် မောင်းနှင်သွားခြင်း ဖြစ်သည်။ 

ထိုင်ဝမ်လေတပ်က မီရေ့ခ်ျ ၂၀၀၀ နှင့် တန်ပြန် တိုက်ခိုက်ရေးလေယာဉ်များ စေလွှတ်ကာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ 

အဆိုပါကိစ္စအတွက် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် “မိမိတို့ လေယာဉ်များ သည် ပုံမှန်ကင်းလှည့်မှုကို သက်ဆိုင်ရာ လေကြောင်းပိုင်နက်အတွင်း လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်” ဟု ဖော်ပြပြီး ပုံမှန်မဟုတ်သော အနေအထားမျိုး မရှိခဲ့ဟု ဆိုသည်။

The Voice Weekly 

No comments:

Post a Comment