Thursday 28 August 2014

ဆန်းရှိတ်ပြုတ်ကျပြီး တိမ်းစောင်းသွားသည့် ဖြိုချရန် သင့်၊ မသင့် စစ်ဆေးမည်

Photo: ဆန်းရှိတ်ပြုတ်ကျပြီး တိမ်းစောင်းသွားသည့် ဖြိုချရန် သင့်၊ မသင့် စစ်ဆေးမည်
Thursday, August 28, 2014

တာမွေမြို့နယ် မေတ္တာ ညွန့်ရပ်ကွက်မှ အရှေ့ဆန်းရှိတ် ပြိုကျပြီး တိမ်းစောင်းသွားသည့်  ကန်ထရိုက်တိုက်ကို ပြန်လည်ပြင် ဆင်တည်ဆောက်ခြင်း (သို့မဟုတ်) တိုက်တစ်ခုလုံးကို ဖြိုချရန် လိုအပ်မှုရှိ၊ မရှိ စစ်ဆေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနမှ သတင်းရရှိသည်။

နေထိုင်သူနှင့် မြေရှင်တို့က ၎င်းတို့ အစီအစဉ်ဖြင့် ပြန်လည် စစ်ဆေးရန်အတွက် အထပ်မြင့် အဆောက်အအုံများ၏  အရည်အ သွေးစစ်ဆေးသည့် ပြင်ပအင်ဂျင် နီယာ တစ်ဦးကို ငှားရမ်းပြီး စစ်ဆေးပြီးပါက စည်ပင်ဌာနသို့ သုံးသပ်ချက်စာတမ်းတစ်စောင် တင်ပြရမည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တိုက်တစ်လုံးလုံးကို တ ကယ်ဖျက်ဖို့ လိုရင်လည်း ဖျက်ရမှာပေါ့’’ဟု အထက်ပါတာဝန်ရှိ သူက ဆိုသည်။

တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် သမာဓိလမ်းရှိ ၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သည့် နှစ်ခန်းတွဲ ခြောက်ထပ်တိုက်မှာ အရှေ့ဘက်ဆန်းရှိတ်ပြိုကျပြီး အ နောက်ခြမ်းတွင် တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့သောကြောင့် ကွန်က ရစ်သံချောင်းများ၏ အရည်အ သွေးကို ပြန်လည်စစ်ဆေးကာ အင်ဂျင်နီယာအခေါ်အဝေါ်ဖြစ် သည့် ဆက်လက်အားဖြည့်နည်း ပညာကို အသုံးပြု၍ ပြန်လည်စစ် ဆေးလုပ်ဆောင်သင့်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ တိုက်တွင် အိမ် ထောင်စု ၁၂ စုမှ လူဦးရေ ၆၄ ဦး နေထိုင်နေပြီး လက်ရှိတွင် နေ ထိုင်သူများမှာ ပုညကာရီဓမ္မာရုံ တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

  အဆိုပါ တိုက်ကို တည် ဆောက်ခဲ့သူ ကန်ထရိုက်တာများကိုလည်း ၎င်း၏ ပေါ့လျော့မှု ကြောင့် လိုင်စင်ပိတ်သိမ်းအရေး ယူမှုများ ပြုလုပ်သွားမည်ဟု သိ ရသည်။

ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်အချို့မှာ ယခုနောက်ပိုင်းတွင် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးတည်ဆောက် နေခြင်းကြောင့် စိစစ်ကြပ်မတ်မှု လျော့နည်းနေကြောင်း ပြင်ပတွင် ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က အလုံမြို့နယ် အ ထက်ကြည့်မြင်တိုင်လမ်းမပေါ် တွင်  ခြောက်နှစ်သက်တမ်းသာ ရှိသည့် ရှစ်ထပ်တိုက် ကန်ထရိုက် တိုက်၏ နောက်ဘေးခြမ်းအက်ကွဲ  တိမ်းစောင်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်ကလည်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်းရှိ လေးထပ် တိုက် အဆောက်အအုံအတွင်း ပိုင်းလှေကားပြိုကျခဲ့သည်။ ထို့အ ပြင် ၂၀၁၃ ခုနှစ်ကလည်း စမ်း ချောင်းမြို့နယ် ကျွန်းတောလမ်း မပေါ်ရှိ ခြောက်ထပ်တိုက် ကန်ထရိုက်တိုက်တစ်လုံး၏ နောက်ဘေး ခြမ်းအက်ကွဲခဲ့ဖူးသည်။

ထို့အပြင် ၂၀၁၄ ဇူလိုင် ၃၀ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက် ၀ရန်တာလက်ရန်း ပြိုကျကာ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ သည်။

၂၀၁၄ သြဂုတ် ၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြ ၅ လမ်း ရှိ တိုက်သစ်နှစ်လုံးတိမ်းစောင်း သွားခဲ့သည်။

7Day DAILY 

ဆန်းရှိတ်ပြုတ်ကျ၍ တိမ်းစောင်းသွားသည့် တိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဆန်းရှိတ်ပြုတ်ကျ၍ တိမ်းစောင်းသွားသည့် တိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တာမွေမြို့နယ် မေတ္တာ ညွန့်ရပ်ကွက်မှ အရှေ့ဆန်းရှိတ် ပြိုကျပြီး တိမ်းစောင်းသွားသည့်  ကန်ထရိုက် တိုက်ကို ပြန်လည်ပြင် ဆင်တည်ဆောက်ခြင်း (သို့မဟုတ်) တိုက်တစ်ခုလုံးကို ဖြိုချရန် လိုအပ်မှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက် အ အုံဌာနမှ သတင်းရရှိသည်။
နေထိုင်သူနှင့် မြေရှင်တို့က ၎င်းတို့ အစီအစဉ်ဖြင့် ပြန်လည် စစ်ဆေးရန်အတွက် အထပ်မြင့် အဆောက် အအုံများ၏  အရည်အ သွေးစစ်ဆေးသည့် ပြင်ပအင်ဂျင် နီယာ တစ်ဦးကို ငှားရမ်းပြီး စစ်ဆေးပြီးပါက စည်ပင် ဌာနသို့ သုံးသပ်ချက်စာတမ်းတစ်စောင် တင်ပြရမည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက် အအုံ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တိုက်တစ်လုံးလုံးကို တ ကယ်ဖျက်ဖို့ လိုရင်လည်း ဖျက်ရမှာပေါ့’’ဟု အထက်ပါတာဝန်ရှိ သူက ဆိုသည်။

တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် သမာဓိလမ်းရှိ ၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သည့် နှစ်ခန်း တွဲ ခြောက်ထပ်တိုက်မှာ အရှေ့ဘက်ဆန်းရှိတ်ပြိုကျပြီး အ နောက်ခြမ်းတွင် တိမ်းစောင်းမှု ဖြစ်ပေါ် ခဲ့သောကြောင့် ကွန်က ရစ်သံချောင်းများ၏ အရည်အ သွေးကို ပြန်လည်စစ်ဆေးကာ အင်ဂျင်နီယာအခေါ် အဝေါ်ဖြစ်သည့် ဆက်လက်အားဖြည့်နည်း ပညာကို အသုံးပြု၍ ပြန်လည် စစ် ဆေးလုပ်ဆောင် သင့်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ တိုက်တွင် အိမ် ထောင်စု ၁၂ စုမှ လူဦးရေ ၆၄ ဦး နေထိုင်နေပြီး လက်ရှိတွင် နေ ထိုင်သူများမှာ ပုညကာရီဓမ္မာရုံ တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

အဆိုပါတိုက်ကို တည် ဆောက်ခဲ့သူ ကန်ထရိုက်တာများကိုလည်း ၎င်း၏ ပေါ့လျော့မှု ကြောင့် လိုင်စင် ပိတ်သိမ်း အရေး ယူမှုများ ပြုလုပ်သွားမည်ဟု သိ ရသည်။

ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်အချို့မှာ ယခုနောက်ပိုင်းတွင် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးတည်ဆောက် နေခြင်းကြောင့် စိစစ်ကြပ်မတ်မှု လျော့နည်းနေကြောင်း ပြင်ပတွင် ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က အလုံမြို့နယ် အထက်ကြည့်မြင်တိုင်လမ်းမပေါ် တွင်  ခြောက်နှစ် သက်တမ်းသာ ရှိသည့် ရှစ်ထပ်တိုက် ကန်ထရိုက် တိုက်၏ နောက်ဘေးခြမ်းအက်ကွဲ  တိမ်းစောင်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်ကလည်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်း ရှိ လေးထပ် တိုက် အဆောက်အအုံအတွင်း ပိုင်းလှေကားပြိုကျခဲ့သည်။ ထို့အ ပြင် ၂၀၁၃ ခုနှစ်ကလည်း စမ်း ချောင်းမြို့နယ် ကျွန်းတောလမ်း မပေါ်ရှိ ခြောက်ထပ်တိုက် ကန်ထရိုက်တိုက်တစ်လုံး ၏ နော က်ဘေး ခြမ်းအက်ကွဲခဲ့ဖူးသည်။

ထို့အပြင် ၂၀၁၄ ဇူလိုင် ၃၀ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက် ၀ရန်တာ လက်ရန်း ပြိုကျ ကာ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ သည်။

၂၀၁၄ သြဂုတ် ၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြ ၅ လမ်း ရှိ တိုက် သစ်နှစ်လုံးတိမ်းစောင်း သွားခဲ့သည်။

7Day DAILY

No comments:

Post a Comment