Thursday 28 August 2014

စပါးအထွက်ထက် အရည်အသွေး ဦးစားပေးရန် လယ်/ဆည်ကို ဂျပန်ပညာရှင် တိုက်တွန်း

Photo: စပါးအထွက်ထက် အရည်အသွေး ဦးစားပေးရန် လယ်/ဆည်ကို ဂျပန်ပညာရှင် တိုက်တွန်း
Thursday, August 28, 2014

လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရန် အရည်အသွေးပြည့်မီသည့် မျိုးစပါးထုတ်လုပ်ရေးအတွက် ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အရည်အသွေးပြည့်မီသော မျိုးစပါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် က ထောက်ပြပြောဆိုသည်။

လက်ရှိ လယ်ယာလုပ်ငန်း များတွင် စပါးစိုက်ပျိုးရေးအတွက် အထွက်နှုန်းတိုးတက်ရန်သာ ဦး စားပေးလုပ်ဆောင်နေပြီး အရည် အသွေးပြည့်မီသော စပါးထုတ် လုပ်မှုကို ဦးစားပေးတစ်ရပ်အနေ ဖြင့် ဆောင်ရွက်မှသာ နိုင်ငံတကာဈေးကွက်တွင် ပိုတင်ပို့လာနိုင် မည်ဟု ဆိုသည်။

‘‘လယ်ဘယ်နှဧက စိုက်လဲ၊ စပါး ဘယ်လောက်ထွက်လဲဆိုတာကိုသာ အကြီးအကဲတွေက ပြောနေကြတာကို တွေ့ရတယ်။ အရည်အသွေးမြင့်ဖို့အတွက်ကို ပြောတာ မတွေ့ရဘူး။ စပါးမျိုးထုတ်တဲ့ နေရာမှာလည်း များများထုတ်ပေးဖို့ကိုပဲ ပြောတယ်။ အရည်အသွေး မီဖို့အတွက်က ဒုတိယဦးစားပေး ဖြစ်နေတယ်။ မျိုးစပါးထုတ်ဖို့ ဘတ်ဂျက်ချပေးတဲ့ နေရာမှာလည်း ဦးစားပေးနေရာ မှာ မရှိတော့ဘူး’’ဟုဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) မှ အရည် အသွေးပြည့်မီသော မျိုးစပါးထုတ် လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် ဖူဂျီအိတိုမိုယူကီက ပြောသည်။

လယ်ယာလုပ်ငန်းအတွက် မျိုးစပါး ထုတ်လုပ်ပေးရန်မှာ အဓိကကျသော လုပ်ငန်းစဉ်တစ် ရပ်ဖြစ်နေပြီး အရည်အသွေးပြည့် မီသော မျိုးစပါး ထုတ်လုပ်ရန် လိုအပ်နေသည်ကို လုပ်ဆောင်ခြင်းမရှိဘဲ အထွက်နှုန်း တိုးဖို့အတွက်သာ ဆောင်ရွက်ခြင်းမှာ နည်းလမ်းလွဲမှားနေကြောင်း၊ အ ထွက်နှုန်းကောင်းရန် အရေအ သွေးကောင်းသောမျိုးကောင်းမျိုး သန့်များကို ထုတ်လုပ်နိုင်ရန် လို အပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မျိုး စပါးဈေးနှုန်းနှင့် ရောင်းချစပါး ဈေးနှုန်းများမှာ ကွာခြားခြင်း မရှိသည့်အတွက် လယ်သမားများက အရည်အသွေးမီ မျိုးစပါးကိုသုံးရန် အလေးထားမည်မဟုတ်ကြောင်း၊ နိုင်ငံတကာ စံချိန်မီဆန်စပါးများကို ထုတ်လုပ်နိုင်ရန် အရည်အသွေးပြည့် မျိုးစပါးများကိုသာ စိုက်ပျိုးနိုင်ရေးအတွက် အလေးပေးလုပ်ကိုင်သွားရန် လိုအပ်နေကြောင်း ဖူဂျီအိတိုမိုယူကီက ထောက်ပြသည်။

‘‘အကျိုးမရှိတဲ့ စပ်မျိုးစပါး တွေမှာ အသုံးချနေကြတာဟာ နှစ်ပေါင်းကြာနေပါပြီ။ ဒါဟာ နိုင်ငံ အတွက် အကြီးမားဆုံး လွဲချော်မှုပါ။ အင်္ဂလိပ်ခေတ်က တည် ဆောက်ထားတဲ့ စပါးမျိုးသန့်ခြံ  တွေကိုလည်း တိုးချဲ့တာတွေ မလုပ်ဘဲနဲ့ တလွဲအသုံးချနေတာ ဟာ စပါးထုတ်လုပ်မှုမှာ ကျဆင်း သွားရတဲ့ အကြောင်းရင်းဆိုတာ ကိုလည်း မသိကြဘူး’’ဟု စိုက်ပျိုး ရေးပညာရှင် ဒေါက်တာထွန်းဝင်း က ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၁ ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆို ခဲ့ပြီး မြန်မာနိုင်ငံတွင် အရည်အ သွေးမီ ပြည်တွင်းအသုံးပြုစိုက်ပျိုးနေသော စပါးမျိုးများ ထုတ်လုပ်နိုင်ရန် ငါးနှစ်စီမံကိန်း သတ်မှတ်ဆောင်ရွက်နေသည်။

အဆိုပါစီမံကိန်းကို ၂၀၁၁ သြဂုတ်တွင် စတင်ခဲ့ပြီး ၂၀၁၆ သြဂုတ်တွင် ပြီးဆုံးမည် ဖြစ်သည်။

စီမံကိန်းကာလတွင် စိုက်ပျိုးရေးအတွက် နည်းပညာများ၊လိုအပ်သည့်စက် ပစ္စည်းများနှင့် လယ်/ဆည် ၀န်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန ၀န်ထမ်းများအား စိုက်ပျိုးနည်းပညာကွင်းဆင်း သင်တန်းပေးမှုများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မျိုးစပါးသန့်စင်ဌာနမှ သတင်းရရှိသည်။

7Day DAILY

လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရန် အရည်အသွေးပြည့်မီသည့် မျိုးစပါးထုတ်လုပ်ရေးအတွက် ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားရန် လို အပ်နေကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အရည် အသွေးပြည့်မီသော မျိုးစပါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် က ထောက်ပြပြောဆိုသည်။
လက်ရှိ လယ်ယာလုပ်ငန်း များတွင် စပါးစိုက်ပျိုးရေးအတွက် အထွက်နှုန်းတိုးတက်ရန်သာ ဦး စားပေး လုပ်ဆောင်နေပြီး အရည် အသွေးပြည့်မီသော စပါးထုတ် လုပ်မှုကို ဦးစားပေးတစ်ရပ်အနေ ဖြင့် ဆောင် ရွက်မှ သာ နိုင်ငံတကာဈေးကွက်တွင် ပိုတင်ပို့လာနိုင် မည်ဟု ဆိုသည်။

‘‘လယ်ဘယ်နှဧက စိုက်လဲ၊ စပါး ဘယ်လောက်ထွက်လဲဆိုတာကိုသာ အကြီးအကဲတွေက ပြောနေကြ တာကို တွေ့ရတယ်။ အရည်အသွေးမြင့်ဖို့အတွက်ကို ပြောတာ မတွေ့ရဘူး။ စပါးမျိုးထုတ်တဲ့ နေရာမှာ လည်း များများထုတ်ပေးဖို့ကိုပဲ ပြောတယ်။ အရည်အသွေး မီဖို့အတွက်က ဒုတိယဦးစားပေး ဖြစ်နေတယ်။ မျိုးစပါးထုတ်ဖို့ ဘတ်ဂျက်ချပေးတဲ့ နေရာမှာလည်း ဦးစားပေးနေရာ မှာ မရှိတော့ဘူး’’ဟုဂျပန် အပြည် ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) မှ အရည် အသွေးပြည့်မီသော မျိုးစပါးထုတ် လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် ဖူဂျီအိတိုမိုယူကီက ပြောသည်။

လယ်ယာလုပ်ငန်းအတွက် မျိုးစပါး ထုတ်လုပ်ပေးရန်မှာ အဓိကကျသော လုပ်ငန်းစဉ်တစ် ရပ်ဖြစ်နေပြီး အရည်အသွေးပြည့် မီသော မျိုးစပါး ထုတ်လုပ်ရန် လိုအပ်နေသည်ကို လုပ်ဆောင်ခြင်းမရှိဘဲ အထွက်နှုန်း တိုးဖို့အတွက်သာ ဆောင်ရွက်ခြင်းမှာ နည်းလမ်းလွဲမှားနေကြောင်း၊ အထွက်နှုန်းကောင်းရန် အရေ အ သွေးကောင်းသောမျိုးကောင်းမျိုး သန့်များကို ထုတ်လုပ်နိုင်ရန် လို အပ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မျိုး စပါးဈေးနှုန်းနှင့် ရောင်းချစပါး ဈေးနှုန်းများမှာ ကွာခြားခြင်း မရှိသည့်အတွက် လယ်သမားများက အရည်အသွေးမီ မျိုးစပါးကိုသုံးရန် အလေးထားမည်မဟုတ်ကြောင်း၊ နိုင်ငံတကာ စံချိန်မီ ဆန်စပါးများကို ထုတ်လုပ်နိုင်ရန် အရည်အသွေးပြည့် မျိုးစပါးများကိုသာ စိုက်ပျိုးနိုင်ရေးအတွက် အလေးပေး လုပ်ကိုင်သွားရန် လိုအပ်နေကြောင်း ဖူဂျီအိတိုမိုယူကီက ထောက်ပြသည်။

‘‘အကျိုးမရှိတဲ့ စပ်မျိုးစပါး တွေမှာ အသုံးချနေကြတာဟာ နှစ်ပေါင်းကြာနေပါပြီ။ ဒါဟာ နိုင်ငံ အတွက် အကြီးမားဆုံး လွဲချော်မှုပါ။ အင်္ဂလိပ်ခေတ်က တည် ဆောက်ထားတဲ့ စပါးမျိုးသန့်ခြံ  တွေကိုလည်း တိုးချဲ့ တာတွေ မလုပ်ဘဲနဲ့ တလွဲအသုံးချနေတာ ဟာ စပါးထုတ်လုပ်မှုမှာ ကျဆင်း သွားရတဲ့ အကြောင်းရင်း ဆိုတာ ကိုလည်း မသိကြဘူး’’ဟု စိုက်ပျိုး ရေးပညာရှင် ဒေါက်တာထွန်းဝင်း က ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၁ ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆို ခဲ့ပြီး မြန်မာနိုင်ငံတွင် အရည်အ သွေးမီ ပြည်တွင်းအသုံးပြုစိုက်ပျိုးနေသော စပါးမျိုးများ ထုတ်လုပ်နိုင်ရန် ငါးနှစ်စီမံ ကိန်း သတ်မှတ်ဆောင်ရွက်နေသည်။

အဆိုပါစီမံကိန်းကို ၂၀၁၁ သြဂုတ်တွင် စတင်ခဲ့ပြီး ၂၀၁၆ သြဂုတ်တွင် ပြီးဆုံးမည် ဖြစ်သည်။

စီမံကိန်းကာလတွင် စိုက်ပျိုးရေးအတွက် နည်းပညာများ၊လိုအပ်သည့်စက် ပစ္စည်းများနှင့် လယ်/ဆည် ၀န်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန ၀န်ထမ်းများအား စိုက်ပျိုးနည်းပညာကွင်းဆင်း သင် တန်းပေးမှုများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေ ဂျင်စီ (JICA) မျိုးစပါးသန့်စင်ဌာနမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment