Thursday 28 August 2014

ဒီမာရီယာကိုခေါ်ယူပြီးမကြာမီ လိဂ်ဖလားတွင် မန်ယူ လေးဂိုးပြတ်ရှုံး

Photo: ဒီမာရီယာကိုခေါ်ယူပြီးမကြာမီ လိဂ်ဖလားတွင် မန်ယူ လေးဂိုးပြတ်ရှုံး
Thursday, August 28, 2014

မန်ယူအသင်းသည် စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ ၉၈ သန်းဖြင့် ရီးရဲလ်မှ ဒီမာရီယာကို ခေါ်ယူကြောင်း ကြေညာပြီး မကြာမီ လိဂ်ဖလားပြိုင်ပွဲ ဒုတိယအကျော့တွင် တတိယတန်းမှ အသင်းဖြစ်သည့် မီလ်တန်ကိန်းစ်ဒန် အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။

မန်ယူသည် ထိုပွဲမကစားမီ အချိန်အနည်းငယ်တွင်ပင် ဒီမာရီယာကို ခေါ် ယူကြောင်း ကြေညာ ခဲ့ခြင်းဖြစ်ကာ မီလ်တန်ကိန်းဒန်အတွက် ဝီလ်ဂရစ်က ပထမပိုင်းတွင် နှစ်ဂိုးနှင့် အဖိုဘီက ဒုတိယပိုင်း တွင် နှစ်ဂိုးစီသွင်းကာ မန်ယူ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မန်ယူနည်းပြ ဗန်ဂါးလ်က အရှုံးမှာ ပြဿနာမဟုတ်ကြောင်းနှင့် အသင်းတွင် ဒဏ်ရာရသူ ကိုးဦးအထိရှိနေပြီး လူငယ်များကို ထည့်သွင်းကစားရာတွင် အစွမ်းကုန် ကစားခဲ့ကြောင်း ကာကွယ်ပြောကြား သည်။

‘‘ကျွန်တော်တို့ကို သွင်းသွားတဲ့ ဂိုးတွေကို ပြန်ကြည့်ရင် တည် ဆောက်ဆဲအခြေ အနေမှာပဲ အမှားကြီးတွေလုပ်မိလို့ ဖြစ်တာကို တွေ့ရပါမယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားကိုးဦးအထိရှိပြီး အသင်းဟာလည်း အလွန်နုနယ်တဲ့ ကစားသမားတွေနဲ့ ဖြစ်နေတာ မမေ့သင့်ပါဘူး’’ဟု ဗန်ဂါးလ်က ပြောသည်။

မန်ယူသည် ယခုပွဲ အရှုံးကြောင့် ပြီးခဲ့သည့် ၁၉၉၅ လိဂ်ဖလားတွင် တတိယတန်းမှ ယော့ခ်စီးတီးအသင်းကို ရှုံးခဲ့သည့် ဖြစ်စဉ်အတိုင်းဖြစ်ခဲ့ပြီး သြဂုတ်လမကုန်ဆုံးမီမှာပင် လိဂ်ဖလားရနိုင်ခြေ နှင့် ဝေးကွာခဲ့ရပြီဖြစ်သည်။ မန်ယူသည် ယခုပွဲတွင် ဟာနန်ဒက်စ်၊ ဝဲလ်ဘတ်၊ ကာဂါဝါ၊ အန်ဒါဆန်နှင့် ဂိုးသမားဒီဂီယာ စသည့် ပထမအသင်း ကစားသမား ငါးဦးသာပါဝင်ခဲ့ပြီး လူသစ်များ ထည့်သွင်းခဲ့သည်။

AFP
မန်ယူအသင်းသည် စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ ၉၈ သန်းဖြင့် ရီးရဲလ်မှ ဒီမာရီယာ ကို ခေါ် ယူကြောင်း ကြေညာပြီး မကြာမီ လိဂ်ဖလားပြိုင်ပွဲ ဒုတိယအကျော့တွင် တတိယတန်းမှ အသင်းဖြစ်သည့် မီလ်တန်ကိန်းစ်ဒန် အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။
မန်ယူသည် ထိုပွဲမကစားမီ အချိန်အနည်းငယ်တွင်ပင် ဒီမာရီယာကို ခေါ်ယူကြောင်း ကြေညာ ခဲ့ခြင်းဖြစ်ကာ မီလ်တန်ကိန်းဒန်အတွက် ဝီလ်ဂရစ်က ပထမပိုင်းတွင် နှစ်ဂိုးနှင့် အဖိုဘီက ဒုတိယပိုင်း တွင် နှစ်ဂိုးစီ သွင်းကာ မန်ယူ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မန်ယူနည်းပြ ဗန်ဂါးလ်က အရှုံးမှာ ပြဿနာမဟုတ်ကြော င်းနှင့် အသင်းတွင် ဒဏ်ရာရသူ ကိုးဦးအထိရှိနေပြီး လူငယ်များကို ထည့်သွင်းကစားရာတွင် အစွမ်းကုန် ကစားခဲ့ကြောင်း ကာကွယ်ပြောကြား သည်။


‘‘ကျွန်တော်တို့ကို သွင်းသွားတဲ့ ဂိုးတွေကို ပြန်ကြည့်ရင် တည် ဆောက်ဆဲအခြေ အနေမှာပဲ အမှားကြီးတွေ လုပ်မိလို့ ဖြစ်တာကို တွေ့ရပါမယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားကိုးဦးအထိရှိပြီး အသင်းဟာ လည်း အလွန်နုနယ်တဲ့ ကစားသမားတွေနဲ့ ဖြစ်နေတာ မမေ့သင့်ပါဘူး’’ဟု ဗန်ဂါးလ်က ပြောသည်။

မန်ယူသည် ယခုပွဲ အရှုံးကြောင့် ပြီးခဲ့သည့် ၁၉၉၅ လိဂ်ဖလားတွင် တတိယတန်းမှ ယော့ခ်စီးတီးအသင်းကို ရှုံးခဲ့သည့် ဖြစ်စဉ်အတိုင်းဖြစ်ခဲ့ပြီး သြဂုတ်လမကုန်ဆုံးမီမှာပင် လိဂ်ဖလားရနိုင်ခြေ နှင့် ဝေးကွာ ခဲ့ရပြီဖြစ်သည်။ မန်ယူသည် ယခုပွဲတွင် ဟာနန်ဒက်စ်၊ ဝဲလ်ဘတ်၊ ကာဂါဝါ၊ အန်ဒါဆန်နှင့် ဂိုးသမားဒီဂီယာ စသည့် ပထမအသင်း ကစားသမား ငါးဦးသာပါဝင်ခဲ့ပြီး လူသစ်များ ထည့်သွင်းခဲ့သည်။

AFP

No comments:

Post a Comment