Thursday 28 August 2014

သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ တောင်းဆို

Photo: သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ တောင်းဆို 
Thursday, August 28, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေးနွေးပွဲများတွင် အသုံးပြုမည့် မူဘောင်များ ချမှတ်နိုင်ရေး အတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ပေးရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA က တောင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ များ စတင်နိုင်ရေးအတွက် ဒုတိယအကြိမ် သုံးပွင့် ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် သြဂုတ်လ ၂၇ ရက်နေ့ တွင် တိုင်းရင်းသားပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသော FDA က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

“အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပွဲ ပြီးမြောက်တာနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေကို ပိုမိုပွင့်လင်းမြင်သာစွာ အဖွဲ့အစည်း အသီးသီးက သိရှိနိုင်ဖို့ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံပြီး သဘောထားရယူဖို့ တိုက်တွန်းတာပါ” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို တစ်ပြိုင်တည်း ပြုလုပ်ရန် နှစ်ဖက်အဖွဲ့အစည်းများက သဘောတူညီထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေပွဲကို သြဂုတ်လ တတိယပတ်အတွင်း ပြုလုပ်ထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်တွင် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေး ပွဲ များကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် အစိုးရက ဆန္ဒ ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက သြဂုတ်လ တတိယပတ် အတွင်း ပြောကြားထားသည်။

The Voice Weekly
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးနွေးပွဲ များတွင် အသုံးပြုမည့် မူဘောင်များချမှတ်နိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် နိုင်ငံရေး ပါတီများ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ပေးရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA က တောင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ များ စတင်နိုင်ရေး အတွက် ဒုတိယအကြိမ် သုံးပွင့် ဆိုင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် သြဂုတ်လ ၂၇ ရက်နေ့ တွင် တိုင်းရင်းသား ပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသော FDA က ကြေညာချက် ထုတ်ပြန်တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

“အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပွဲ ပြီးမြောက်တာနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေကို ပိုမိုပွင့်လင်းမြင် သာစွာ အဖွဲ့အစည်း အသီးသီးက သိရှိနိုင်ဖို့ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံပြီး သဘောထားရယူဖို့ တိုက်တွန်းတာပါ” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို တစ်ပြိုင်တည်း ပြုလုပ် ရန် နှစ်ဖက် အဖွဲ့အစည်းများက သဘောတူညီထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်း သား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေပွဲကို သြဂုတ်လ တတိယ ပတ်အတွင်း ပြုလုပ်ထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီး နောက်တွင် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေး ပွဲ များကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် အစိုးရက ဆန္ဒ ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက သြဂုတ်လ တတိယပတ် အတွင်း ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment