Thursday 28 August 2014

ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောဂါကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးမည်

ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားသေဆုံးနှုန်းများ ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအား ကမ္ဘာ့ ကျန်းမာရေးအ ဖွဲ့၏ အကူအညီဖြင့် ကာကွယ် ဆေး   အခမဲ့ထိုးပေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။
‘‘အရင်က ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာပဲ ထိုးပေးတာ။ အခုက အစိုးရအနေနဲ့ ထိုးပေး တာ မြန် မာနိုင်ငံ မှာ ပထမဦးဆုံး အကြိမ်ပါ။ ဒီလိုထိုးပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဆေး အကူ အညီ  တောင်းထား တယ်။ နောက်နှစ်လလောက်အ တွင်းမှာ ထိုးပေးနိုင်ဖို့ ဆောင်ရွက် နေပါတယ်’’ ဟု  ရခိုင်ပြည်နယ် ကျန်းမာရေးမှူးဒေါက်တာအေး ငြိမ်းကပြောသည်။

ဇူလိုင်လဆန်းမှစ၍ ရခိုင် ပြည်နယ်ရှိ အသက် (၅)နှစ်မှ(၁၅) နှစ်အရွယ် ကလေးငယ်ပေါင်း ၅၀ နီးပါးခန့်မှာ ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားပြီး ၎င်းတို့ထဲမှ ၁၀ဦးသေဆုံးခဲ့သဖြင့် ယင်းပြည်နယ်ရှိ ကလေးများအား ဦးစားပေး၍ကာ ကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

‘‘အခြားပြည်နယ်တွေထက် ဖြစ်ပွားနှုန်းလည်း   များတယ်။ အသေလည်း  များတယ်။   ပြီး တော့ လူမျိုးရေြး ပဿနာတွေ က လည်း ရှိနေတော့ အဲဒီမှာ စထိုး ပေးဖို့ ရွေးချယ်ရတာပါ။ ဆေးက WHO က ပံ့ပိုးပေးမှာ ဆိုတော့ သူတို့ ပံ့ပိုးပေးရင် ပေးသလောက် ကို ထိုးပေးသွားမှာပါ။ ပြီးတော့ ဆေးနဲ့ပတ်သက်ပြီး   WHO  ရဲ့ အတည်ပြုချက်ရပြီး စိတ်ချရတဲ့ ဆေးကိုပဲ သုံးစွဲမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကာကွယ်ဆေးထိုးပေးရာ ၌ အဆိုပါ ရောဂါဖြစ်ပွားခဲ့သည့် ကျေးရွာများ၊ သေဆုံးခဲ့ သည့် ကျေးရွာများ အပါအ၀င် ယင်းရွာ များ၏ နှစ်မိုင်ပတ်လည်ရှိ ကျေး ရွာများကိုပါ ထိုးပေးမည်ဖြစ်ပြီး (၅)နှစ်မှ(၁၅)နှစ်အရွယ် ကလေး ငယ်ပေါင်း သုံးသောင်းကျော်အား ထိုးပေးနိုင်ရန် လျာထားကြောင်း သိရသည်။

လက်ရှိတွင် ဂျပန်ဦးနှောက် ရောင်ရောဂါ ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း မရှိတော့သော် လည်း နောင်နှစ်တွင်   မဖြစ်ပွားစေ ရန် ထိုးပေး သွား မည်ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးမှာ နှစ်ကြိမ် ထိုးရပြီး  ကုန်ကျ စရိတ်မှာ ကျပ် ခုနစ်သောင်းမှ ရှစ်သောင်း ၀န်း ကျင်အထိရှိကြောင်း    သိရသည်။

ဆေးထိုးပေးမည့် မြို့နယ်များမှာ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက် ဦးမြို့နယ်ရှိ  ကျေးရွာများဖြစ်သည်။   ရခိုင်ပြည်နယ် တစ်ခုလုံး    အတိုင်းအတာဖြင့် ကျေးရွာပေါင်း   ၁၅၅  ရွာ ရှိပြီး ကလေးသူငယ်ပေါင်း ရှစ်သောင်း ကျော်ရှိကြောင်း ကျန်းမာရေးဝန် ကြီးဌာနမှ စုံစမ်းသိရှိရသည်။

‘‘အရင်နှစ်တွေတုန်းက ဖြစ် တော့ဖြစ်တယ်ဒီလိုမသေဘူး။ ဒီနှစ်မှ ဖြစ်တာလည်းများတယ်၊ သေလည်း သေ တယ် ဆိုတော့ မိဘတွေ အနေနဲ့လည်း စိုးရိမ်ပူ ပန်မှုတွေ ရှိတာပေါ့။ ရောဂါဆို တာကတော့ မဖြစ်ခင်ကြိုတင် ကာကွယ်နိုင်တာ အကောင်းဆုံး ပါပဲ။ ဒီလိုကာကွယ်ပေးမယ်ဆို တော့ လည်း ကောင်း တာပေါ့’’ ဟု စစ်တွေမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

7Day DAILY

No comments:

Post a Comment