Thursday 28 August 2014

ကျောက်မျက်ဖွံ့ဖြိုးရေးဘဏ် ယခုနှစ်အတွင်းဖွင့်ရန် ဆောင်ရွက်မည်ဟုဆို

ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်သူများ၏ အခက်အခဲကို ဖြေ ရှင်းရန် မြန်မာ နိုင်ငံ၌ ကျောက်မျက် ရတနာ ဖွံ့ဖြိုး ရေးဘဏ်ကို ယခုနှစ်အတွင်း ဖွင့် လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောကြားသည်။
အဆိုပါဘဏ်ဖွင့်လှစ်ရန် တရုတ်နိုင်ငံသို့ သွားရောက်၍လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယင်းနိုင်ငံများ တွင် ကျောက် မျက် လုပ်ငန်း ရှင်များအား အထူးအခွင့်အရေး ပေးငွေချေးမှု၊ မတည်ရင်းနှီးမြှုပ်နှံမှု များ ပြု လုပ်ပေးခြင်းကို တွေ့ရှိရ သဖြင့် စာတမ်းတစ်စောင် ပြုစု ကာ မြန်မာနိုင်ငံတွင်လည်း ယင်း ကဲ့သို့ အခွင့် အရေးများ ရရှိရန် တင်ပြထားပြီဖြစ်ကြောင်း အ သင်းဥက္ကဋ္ဌက ပြောသည်။

‘‘ဒီဘဏ်ဖြစ်လာရင် တစ် နိုင်တစ်ပိုင် ကုန်ချောထုတ်တာ တွေ၊ ကျောက်မျက်ရတနာဆိုင် ဖွင့်တာတွေ အတွက် လိုတဲ့ ငွေ ရေးကြေးရေးက ဖြစ်လာမှာပါ’’ ဟု ဦးရုံးမူက ပြောသည်။

အဆိုပါဘဏ် ဖွင့်လှစ်နိုင် ရေးအတွက် အစိုးရအဖွဲ့က   မူအားဖြင့် သဘောတူညီမှုရပြီဖြစ်သောကြောင့် မကြာမီ အဆိုပါဘဏ်ကို အများပိုင်ဘဏ်အဖြစ် ဖွင့်လှစ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ်ဖွင့်လှစ်ပါက တစ်နိုင်တစ်ပိုင် တူးဖော်သူများ အတွက် များစွာအဆင်ပြေ မည်ဖြစ်ပြီး ငွေကြေး အရင်းအနှီးများသည့် အချောထည်လုပ်ငန်းထုတ်လုပ်ရေး အတွက်လည်း အထောက် အကူ ဖြစ်နိုင်ကြော င်း ကျောက် စိမ်း တူးဖော်ရေးလုပ်ငန်းရှင် ဦးလောရင်စရိုင်းကဆိုသည်။

ယင်းဘဏ်တွင် ၀န်ကြီးဌာန မှ တာဝန်ရှိသူများ အပါအ၀င် ကျောက်စိမ်းကျောက်မျက်ကုမ္ပ ဏီများမှ လုပ်ငန်း ရှင်ကြီး အချို့က ဒါရိုက်တာအဖွဲ့တွင် ဦးဆောင်ပါ ၀င်လာနိုင်ပြီး ဗဟိုဘဏ်မှ ခွင့်ပြု ချက်ရရှိပါက ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယခုနှစ်အတွင်း ယင်းဘဏ်ကဲ့သို့ ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို အစိုးရနှင့် လုပ်ငန်း ရှင်များ ပူးတွဲ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောက်မျက် ဘဏ်ဖွင့်လှစ်နိုင်ပါက ကျောက် စိမ်းကျောက်မျက် တူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများကို အား ကောင်းသည့် ဒေသများတွင် တိုး ချဲ့ဖွင့်လှစ် သွားမည်သည်။

7Day DAILY

No comments:

Post a Comment