Thursday 28 August 2014

အစိုးရမူကြိုကျောင်း ၂၀,၀၀၀ ငါးနှစ်စီမံကိန်းဖြင့် ဖွင့်မည်

Photo: အစိုးရမူကြိုကျောင်း ၂၀,၀၀၀ ငါးနှစ်စီမံကိန်းဖြင့် ဖွင့်မည်
Thursday, August 28, 2014

မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က နိုင်ငံအနှံ့ မူကြိုကျောင်းများ တိုးပွားစေရန် ငါးနှစ်စီမံကိန်းချ၍ ကျောင်းပေါင်း ၂၀,၀၀၀ ဖွင့်ရန်ရှိသည်ဟု မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မျိုးမြင့်ကြူက မဇ္ဈိမကို ပြောသည်။

အဆိုပါစီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ပြုလုပ်မည်ဖြစ်ပြီး ကျောင်းအခြေပြု မူကြိုကျောင်းများကို ၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်ကာ ပထမစီမံကိန်းအဖြစ် ကျောင်း ၃,၀၀၀ ကို လည်းကောင်း၊ ဒုတိယနှစ်တွင် ကျောင်း ၃,၀၀၀ ကို လည်းကောင်း၊ တတိယနှစ်တွင် ကျောင်း ၄,၀၀၀ ကို လည်းကောင်း၊ စတုတ္ထနှစ်တွင် ကျောင်း ၄,၀၀၀ နှင့် ပဉ္စမနှစ်တွင် ကျောင်း ၆,၀၀၀ ကို လည်းကောင်း တစ်နိုင်ငံလုံးရှိ နေရာအနှံ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပထမဦးစားပေးအဖြစ် မူကြိုကျောင်းမရှိသည့် မြို့နယ် ၃၃ မြို့နယ်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယင်းစီမံကိန်းအရ မူကြိုကျောင်းပညာရေး အပြည့်အ၀ မရသေးသည့် မြို့နယ်များတွင် ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မူကြိုကျောင်းများတွင် သင်ကြားမည့်ဆရာ၊ ဆရာမများကို ဦးစွာ သင်တန်းပေးအပ်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများနှင့် ဝေးသောနေရာများတွင် ဖွင့်လှစ်ပေးမည်ဖြစ်သည်။

မူကြိုတစ်ကျောင်းလျှင် ဆရာ၊ ဆရာမနှစ်ဦးစီ ထားရှိမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁၅ ဦးနှင့် လက်ခံသွားမည်ဖြစ်သည်။

ဒေါက်တာခင်မျိုးမြင့်ကြူက “စစ်တမ်းကောက်ချက်အရ မူကြိုတက်ပြီး ကျောင်းနေတဲ့ ကလေးနဲ့မတက်ဘဲ ကျောင်းနေတဲ့ ကလေးစာသင်ကြားရတာ ကွာဟတဲ့အတွက် ကျောင်းနေနှုန်းလည်း ကွာခြားတာ တွေ့ရပါ တယ်။ ဒါကြောင့် ကလေးတိုင်း မူကြိုကျောင်းတတ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

၂၀၀၉-၁၀ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်း ၅၁ ကျောင်းကို ကောက်ယူခဲ့သည့် စစ်တမ်းအရ ကလေးပေါင်း ၁၆၇,၇၁၇ ဦးတွင် မူကြို တက်ရောက်ဖူးသည့် ကလေး ၃၃,၇၀၅ ဦးသာရှိသည့်အတွက် ၂၀ ဒသမ ၁ ရာခိုင် နှုန်းသာရှိကြောင်း ၎င်းက ဆိုသည်။

စစ်တမ်းတွင် ထိုကလေးများ၏ ပညာသင်ကြားပုံ ဆက်စပ်လေ့လာချက်အရ မူကြိုနေကလေးများမှာ စာသင်ကြားရာတွင် ပိုမိုလွယ်ကူကြောင်း၊ ကျောင်းနေပျော်သော လက္ခဏာများ တွေ့ရကြောင်း၊ မူကြို အတွေ့အကြုံရှိသော ကလေးများ၏ မူလတန်းအဆင့်ကျောင်းနေနှုန်းသည် မူကြိုကျောင်းမနေသော ကလေးများ၏ မူလတန်းအဆင့်ကလေးများ၏ ကျောင်းနေနှုန်းထက် တစ်နှစ်လျှင်ပျမ်းမျှ ၆ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်ဟု ၎င်းက ဆိုသည်။

အမှတ်(၃) အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေလဲ့က “မူကြိုဦးရေ ရာခိုင်နှုန်းက တစ်နိုင်ငံလုံး မနှစ်ထိတော့ ၂၂ ဒသမ ၉ရာခိုင်နှုန်း ရှိပါတယ်။ ၂၅ ရာခိုင်နှုန်း တိုးပွားလာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

မူကြိုတက်ရောက်သည့် ကလေးများ ကျောင်းနေနှုန်း၊ အတန်းတင်နှုန်း၊ စာတတ်မြောက်မှုနှုန်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေတတ်ရေး၊ အသက်အရွယ်နှင့်အလိုက် လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း စသည့် အချက်များ အခြေခံ၍ စစ်တမ်းကောက်ချက်အရ မူကြိုကျောင်းတက်သည့် ကလေးနှင့် မတက်သည့် ကလေးကျောင်းနေနှုန်း များစွာ ကွာဟနေခြင်းမျိုး တွေ့ရှိရကြောင်း ငါးနှစ်စီမံကိန်းချမှတ်၍ ဆောင်ရွက်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မူကြို ဆရာ၊ ဆရာမများကို ခန့်ထားပေးရန် သက်ဆိုင်ရာမြို့နယ်ဒေသခံ ဆရာ၊ ဆရာမများ၊ ရပ်ကွက် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများပါဝင်ကာ ကလေးများနှင့် ပတ်သက်သော အသိပညာဆိုင်ရာ သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် မူကြိုကျောင်းများတွင် မူကြိုကလေးဦးရေ ၃၀ ဦးနှင့် ဆရာ၊ နှစ်ဦးမှ လေးဦးနှုန်းဖြင့် သင်ကြားပေးမည်ဟု ဒေါက်တာခင်မျိုးမြင့်ကြူက ဆိုသည်။

၂၀၀၉-၁၀ ခုနှစ် စစ်တမ်းအရ ၂၀၀၉-၁၀ ခုနှစ်တွင် ၄ ဒသမ ၁၄ ရာခိုင်နှုန်း၊ ၂၀၁၀-၁၁ ခုနှစ်တွင် ၉ ဒသ မ ၇၄ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ခုနှစ်တွင် ၇ ဒသမ ၃၇ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ၄ ဒသမ ၈၇ ရာခိုင်နှုန်း၊၂၀၁၃-၁၄ ခုနှစ်တွင် ၅ ဒသမ ၂၉ ရာခိုင်နှုန်း ပိုမိုကျောင်းနေကြောင်း ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ကောက်ယူထားသည့် စစ်တမ်းများအရသိရသည်။

Mizzima - News in Burmese 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မူလတန်းကြို စာသင်ခန်းအတွင်း စာသင်ကြားနေသည့် ကလေးငယ်များကို ဇူလိုင်လအတွင်းက တွေ့ရစဉ်။  ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မူလ တန်းကြို စာသင်ခန်းအတွင်း စာသင်ကြားနေသည့် ကလေးငယ်များကို ဇူလိုင်လအတွင်းက တွေ့ရစဉ်။  ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း
မူကြိုပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့က နိုင်ငံအနှံ့ မူကြိုကျောင်းများတိုးပွားစေရန် ငါးနှစ်စီမံကိန်း ချ၍ ကျော င်းေ ပါင်း ၂၀,၀၀၀ ဖွင့်ရန်ရှိသည်ဟု မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ ခင်မျိုးမြင့်ကြူ က မဇ္ဈိမကို ပြောသည်။
အဆိုပါစီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ပြုလုပ်မည်ဖြစ်ပြီး ကျောင်းအခြေပြု မူကြိုကျောင်းများကို ၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်ကာ ပထမစီမံကိန်းအဖြစ် ကျောင်း ၃,၀၀၀ ကို လည်းကောင်း၊ ဒုတိယနှစ် တွင် ကျောင်း ၃,၀၀၀ ကို လည်းကောင်း၊ တတိယနှစ်တွင် ကျောင်း ၄,၀၀၀ ကို လည်းကောင်း၊ စတုတ္ထနှစ် တွင် ကျောင်း ၄,၀၀၀ နှင့် ပဉ္စမနှစ်တွင် ကျောင်း ၆,၀၀၀ ကို လည်းကောင်း တစ်နိုင်ငံလုံးရှိ နေရာအနှံ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပထမဦးစားပေးအဖြစ် မူကြိုကျောင်းမရှိသည့် မြို့နယ် ၃၃ မြို့နယ်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယင်းစီမံကိန်း အရ မူကြိုကျောင်းပညာရေး အပြည့်အ၀ မရသေးသည့် မြို့နယ်များတွင် ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မူကြိုကျောင်းများတွင် သင်ကြားမည့်ဆရာ၊ ဆရာမများကို ဦးစွာ သင်တန်းပေးအပ်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများနှင့် ဝေးသောနေရာများတွင် ဖွင့်လှစ်ပေးမည်ဖြစ်သည်။

မူကြိုတစ်ကျောင်းလျှင် ဆရာ၊ ဆရာမနှစ်ဦးစီ ထားရှိမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁၅ ဦးနှင့် လက်ခံသွားမည်ဖြစ်သည်။

ဒေါက်တာခင်မျိုးမြင့်ကြူက “စစ်တမ်းကောက်ချက်အရ မူကြိုတက်ပြီး ကျောင်းနေတဲ့ ကလေးနဲ့မတက် ဘဲ ကျောင်းနေ တဲ့ ကလေးစာသင်ကြားရတာ ကွာဟတဲ့အတွက် ကျောင်းနေနှုန်းလည်း ကွာခြားတာ တွေ့ရ ပါ တယ်။ ဒါကြောင့် ကလေးတိုင်း မူကြိုကျောင်းတတ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြော သည်။

၂၀၀၉-၁၀ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံ ပညာကျောင်း ၅၁ ကျောင်းကို ကောက်ယူခဲ့သည့် စစ်တမ်းအရ ကလေးပေါင်း ၁၆၇,၇၁၇ ဦးတွင် မူကြို တက်ရောက်ဖူးသည့် ကလေး ၃၃,၇၀၅ ဦးသာရှိသည့်အတွက် ၂၀ ဒသမ ၁ ရာခိုင် နှုန်းသာရှိကြောင်း ၎င်းက ဆိုသည်။

စစ်တမ်းတွင် ထိုကလေးများ၏ ပညာသင်ကြားပုံ ဆက်စပ်လေ့လာချက်အရ မူကြိုနေကလေးများမှာ စာသင်ကြားရာတွင် ပိုမိုလွယ်ကူကြောင်း၊ ကျောင်းနေပျော်သော လက္ခဏာများ တွေ့ရကြောင်း၊ မူကြို အတွေ့ အကြုံရှိသော ကလေးများ၏ မူလတန်းအဆင့်ကျောင်းနေနှုန်းသည် မူကြိုကျောင်းမနေသော ကလေး များ၏ မူလတန်းအဆင့်ကလေးများ၏ ကျောင်းနေနှုန်းထက် တစ်နှစ်လျှင်ပျမ်းမျှ ၆ ဒသမ ၈၂ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်ဟု ၎င်းက ဆိုသည်။

အမှတ်(၃) အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေလဲ့က “မူကြိုဦးရေ ရာခိုင်နှုန်းက တစ်နိုင်ငံလုံး မနှစ်ထိတော့ ၂၂ ဒသမ ၉ရာခိုင်နှုန်း ရှိပါတယ်။ ၂၅ ရာခိုင်နှုန်း တိုးပွားလာအောင် ဆောင် ရွက်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

မူကြိုတက်ရောက်သည့် ကလေးများ ကျောင်းနေနှုန်း၊ အတန်းတင်နှုန်း၊ စာတတ်မြောက်မှုနှုန်း၊ ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေစွာ နေတတ်ရေး၊ အသက်အရွယ်နှင့်အလိုက် လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း စသည့် အချက်များ အခြေခံ၍ စစ်တမ်းကောက်ချက်အရ မူကြိုကျောင်းတက်သည့် ကလေးနှင့် မတက်သည့် ကလေးကျောင်းနေနှုန်း များစွာ ကွာဟနေခြင်းမျိုး တွေ့ရှိရကြောင်း ငါးနှစ်စီမံကိန်းချမှတ်၍ ဆောင်ရွက် ရန်ဖြစ် သည်ဟု ၎င်းက ဆိုသည်။

မူကြို ဆရာ၊ ဆရာမများကို ခန့်ထားပေးရန် သက်ဆိုင်ရာမြို့နယ်ဒေသခံ ဆရာ၊ ဆရာမများ၊ ရပ်ကွက် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများပါဝင်ကာ ကလေးများနှင့် ပတ်သက်သော အသိပညာဆိုင်ရာ သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် မူကြိုကျောင်းများတွင် မူကြိုကလေးဦးရေ ၃၀ ဦးနှင့် ဆရာ၊ နှစ်ဦးမှ လေးဦးနှုန်းဖြင့် သင်ကြားပေးမည်ဟု ဒေါက်တာခင်မျိုးမြင့်ကြူက ဆိုသည်။

၂၀၀၉-၁၀ ခုနှစ် စစ်တမ်းအရ ၂၀၀၉-၁၀ ခုနှစ်တွင် ၄ ဒသမ ၁၄ ရာခိုင်နှုန်း၊ ၂၀၁၀-၁၁ ခုနှစ်တွင် ၉ ဒသ မ ၇၄ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ခုနှစ်တွင် ၇ ဒသမ ၃၇ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ၄ ဒသမ ၈၇ ရာ ခိုင်နှုန်း၊၂၀၁၃-၁၄ ခုနှစ်တွင် ၅ ဒသမ ၂၉ ရာခိုင်နှုန်း ပိုမိုကျောင်းနေကြောင်း ပညာရေးဝန်ကြီးဌာနနှင့် လူမှု ၀န်ထမ်းဦးစီးဌာနတို့ ကောက်ယူထားသည့် စစ်တမ်းများအရသိရသည်။

Mizzima - News in Burmese

No comments:

Post a Comment