Thursday 28 August 2014

လက်ရွေးစင် ဘောလုံးသမားဟောင်းများအား လစဉ် ကျပ် သိန်းနှစ်ရာ ထောက်ပံ့မည်

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအားမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယကနှင့် ဥက္ကဋ္ဌတို့က လစဉ် ကျပ်သိန်းနှစ်ရာ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း မြန်မာနေ ရှင်နယ်လိဂ်ဆုပေးပွဲအခမ်းအနား တွင် ကြေညာခဲ့သည်။
ရွှေခေတ် ဘောလုံးသမား ဟောင်းများအား ဂုဏ်ပြုသောအားဖြင့် လက်ရွေးစင်ဘောလုံး သမား ဟောင်း အသင်းရန်ပုံငွေနှင့် ၎င်းတို့၏ သာရေး၊ နာရေးတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇ အသင်းပိုင်ရှင်နှင့် အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်းတစ်ရာနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော် ဇော်က ကျပ်သိန်းတစ်ရာတို့ကို လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ရွှေခေတ်ဘောလုံးသမား ဟောင်းတွေ ဖွဲ့စည်းထားတဲ့ အသင်းရှိတယ်။ အသင်းရန်ပုံငွေ အဖြစ်သုံးမယ်။ အသက်ကြီးတဲ့ ကစားသမားဟောင်းတွေရှိနေပြီ ဆိုတော့ သူတို့တွေရဲ့ သာရေး၊ နာရေးမှာ အသုံးပြုနိုင်ေ အာင် ထောက်ပံ့တဲ့ အတွက် အားလုံးက ဝမ်းသာနေကြပါတယ်’’ ဟု မြန်မာ့လက်ရွေးစင် ဘောလုံး သမား ဟောင်း ဦးခင်မောင်ထွေးက ပြောကြားသည်။

မြန်မာ့ဘောလုံးသမိုင်းတွင် ရွှေထီးဆောင်းခဲ့သည့်ကာလများ အတွင်းက ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ ရသော်လည်း ယခုခေတ်လောက် ဆုကြေးများ ချီးမြှင့်ခြင်း  မခံရ ကြောင်း၊ ထို့ကြောင့် ရွှေခေတ် ဘောလုံး သမားဟောင်း များအားထောက်ပံ့ပေးခြင်းမှာ ဂုဏ်ယူ စရာကောင်းကြောင်း ၎င်းက ပြောကြားသည်။

‘‘ရွှေခေတ် ဘောလုံးသမား ဟောင်းတွေကို အခုလို အသိ အမှတ်ပြုပြီး ထောက်ပံ့ပေးတာကို ဝမ်းသာ ပါတယ်။ တကယ်ဆိုရင် ဘောလုံးသမားဟောင်းကြီးတွေ က အရင်ခေတ်ကာလတုန်းက အဆင့် အတန်းတစ်ခုထိရောက် အောင် လုပ်ပေးနိုင်ခဲ့ပေမယ့် ရခဲ့ တဲ့ ဆုကြေးက ထောင်ဂဏန်း၊ အများဆုံးသောင်းဂဏန်းလောက် ပဲရှိတယ်။ ဒီနှစ် ယူ-၁၉ ကိုကြည့် လိုက် အောင်မြင်တဲ့အတွက် ဆုကြေးဘယ်လောက်ရခဲ့လဲ။ အများကြီးကွာခြားသွားတယ်’’ ဟု ဦးခင်မောင်ထွေးက ဆိုသည်။

7Day DAILY

No comments:

Post a Comment