Thursday 28 August 2014

နေပြည်တော် မြို့မဈေး မြောက်ဘက်ရှိ ကျူးကျော်တဲအချို့ စည်ပင်က မီးရှို့ဖျက်ဆီးဟုဆို

Photo: နေပြည်တော် မြို့မဈေး မြောက်ဘက်ရှိ ကျူးကျော်တဲအချို့ စည်ပင်က မီးရှို့ဖျက်ဆီးဟုဆို
Thursday, August 28, 2014

နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေး မြောက်ဘက်ရှိ အစိုးရပိုင်မြေ တွင် ကျူးကျော်နေထိုင်သော မိသားစုဝင်များ၏ တဲအိမ်သုံးလုံးကို ယနေ့ (သြဂုတ် ၂၇) နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်း ၁၅ ဦးခန့်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျူးကျော်နေထိုင်သူများ၏ အဆိုအရသိရသည်။

အဆိုပါ ကျူးကျော်တဲအိမ်နေ မိသားစုဝင်များသည် ၂၀၀၈ ခုနှစ်အတွင်း လှိုင်သာယာ၊ ကြို့ပင်ကောက်၊ သုံးခွမြို့နယ်များမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး ပညာသင် ကျောင်းသား၊ ကျောင်းသူများ ရှိနေပြီ ဖြစ်ကြောင်း မီးရှို့ဖျက်ဆီးခံ မိသားစုဝင်များက ဆိုသည်။

“အသက်လိမ်ပြောတယ် ဆိုပြီး ဆံပင်ကိုဆွဲပြီး ဓားနဲ့ရွယ် ပြောတာ ခံလိုက်ရ တယ်”  ဟု ကျူးကျော်နေထိုင်သူ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးက ပြောကြားသည်။

ကျူးကျော်တဲအိမ်များကို ဖယ်ရှားပေးရန် ဇူလိုင်လ ၂၄ နေ့က နေပြည်တော် စည်ပင်မှ တရားဝင်စာ ထုတ်ထားသောကြောင့် အများစုသည် ညအချိန်တွင် သစ်ပင်သစ်တောများကြားတွင် တာလပတ်ခင်း၍ သွားရောက် အိပ်နေရသည်မှာ ကြာနေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့၏ စီးပွားရှာသော ပြောင်းဖူးပြုတ်အိုး၊ မြေပဲနှင့် လုပ်ကိုင်စားသောက်သည့် ပစ္စည်းများ အပါအဝင် စုဆောင်းထားသော ငွေကြေး အနည်းငယ်ကို တာဝန်ရှိသူများက သိမ်းဆည်းသွားကြောင်း ကျူးကျော်တဲ နေထိုင်သူများ၏ အဆိုအရ သိရသည်။

မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်သုံးလုံး မီးထဲ ပါရှိသွားပြီး ယင်းမိသားစု အပါအဝင် ကျန်ရှိ မိသားစုဝင်များ၏ ကျောင်းနေကလေးငယ် ၁၅ ဦးခန့်မှာ ပညာသင်ကြားရန် အခက်အခဲ ဖြစ်နေပြီ ဖြစ်ကြောင်း နေအိမ်မီးထဲ ပါသွားသူ မလှလှဝင်းက ဆိုသည်။

နေပြည်တော်စည်ပင်၏ ယင်းကဲ့သို့ လုပ်ဆောင်မှုသည် မြို့တော်အတွက် ရုပ်ပျက်စေသော အပြုအမူဖြစ်ပြီး အိမ်ရာမဲ့များကို ယာယီနေထိုင်နိုင်သည့် နေရာတစ်ခုကို စီစဉ်ပေးရန်လိုကြောင်း ယင်းနယ်မြေ ဖြစ်သော ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နေပြည်တော်ကောင်စီသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မသိရှိရသေးကြောင်းနှင့် ယင်းနယ်မြေအပိုင် အမှတ် (၅) ရဲစခန်းမှလည်း ၎င်းတို့နှင့် သက်ဆိုင်မှု မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မီးရှို့ဖျက်ဆီးခဲ့သော တောတွင်း ကျူးကျော်နေအိမ် နေရာများတွင် အစုလိုက်၊ အကွက်လိုက် နေထိုင်သည့် ကျူးကျော်တဲ အိမ် ၆၀ ခန့် ရှိကြောင်း ကျူးကျော်နေထိုင်သူများက ပြောကြားသည်။

The Voice Weekly
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေး မြောက်ဘက်ရှိ အစိုးရပိုင်မြေတွင် ကျူးကျော်နေထိုင်သော မိသားစုဝင်များ၏တဲအိမ်သုံးလုံးကို ယနေ့(သြဂုတ် ၂၇)နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာ ယာရေး ကော် မ တီ မှ ဝန်ထမ်း ၁၅ ဦးခန့်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျူးကျော်နေထိုင်သူများ၏ အဆိုအရ သိရသည်။
အဆိုပါ ကျူးကျော်တဲအိမ်နေ မိသားစုဝင်များသည် ၂၀၀၈ ခုနှစ်အတွင်း လှိုင်သာယာ၊ ကြို့ပင်ကောက်၊ သုံးခွမြို့နယ်များမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး ပညာသင် ကျောင်းသား၊ ကျောင်းသူများ ရှိနေပြီ ဖြစ်ကြောင်း မီးရှို့ဖျက်ဆီးခံ မိသားစုဝင်များက ဆိုသည်။

“အသက်လိမ်ပြောတယ် ဆိုပြီး ဆံပင်ကိုဆွဲပြီး ဓားနဲ့ရွယ် ပြောတာ ခံလိုက်ရတယ်” ဟု ကျူးကျော်နေထိုင်သူ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။

ကျူးကျော်တဲအိမ်များကို ဖယ်ရှားပေးရန် ဇူလိုင်လ ၂၄ နေ့က နေပြည်တော် စည်ပင်မှ တရားဝင်စာ ထုတ် ထားသောကြောင့် အများစုသည် ညအချိန်တွင် သစ်ပင်သစ်တောများကြားတွင် တာလပတ်ခင်း၍ သွားရော က် အိပ်နေ ရ သည်မှာ ကြာနေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့၏ စီးပွား ရှာသော ပြောင်းဖူးပြုတ် အိုး၊ မြေပဲနှင့် လုပ်ကိုင်စားသောက်သည့် ပစ္စည်းများ အပါအဝင် စုဆောင်းထားသော ငွေကြေး အနည်းငယ် ကို တာဝန်ရှိသူများက သိမ်းဆည်းသွားကြောင်း ကျူးကျော်တဲ နေထိုင်သူများ၏ အဆိုအရ သိရသည်။

မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်သုံးလုံး မီးထဲ ပါရှိသွားပြီး ယင်းမိသားစု အပါအဝင် ကျန်ရှိ မိသားစုဝင် များ၏ ကျောင်းနေကလေးငယ် ၁၅ ဦးခန့်မှာ ပညာသင်ကြားရန် အခက်အခဲ ဖြစ်နေပြီ ဖြစ်ကြောင်း နေအိမ် မီးထဲ ပါသွားသူ မလှလှဝင်းက ဆိုသည်။

နေပြည်တော်စည်ပင်၏ ယင်းကဲ့သို့ လုပ်ဆောင်မှုသည် မြို့တော်အတွက် ရုပ်ပျက်စေသော အပြုအမူဖြစ်ပြီး အိမ်ရာမဲ့များကို ယာယီနေထိုင်နိုင်သည့် နေရာတစ်ခုကို စီစဉ်ပေးရန်လိုကြောင်း ယင်းနယ်မြေ ဖြစ်သော ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နေပြည်တော်ကောင်စီသို့ ဆက်သွယ်မေးမြန်း ခဲ့သော် လည်း မသိရှိရသေးကြောင်းနှင့် ယင်းနယ်မြေအပိုင် အမှတ် (၅) ရဲစခန်းမှလည်း ၎င်းတို့နှင့် သက်ဆိုင် မှု မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မီးရှို့ဖျက်ဆီးခဲ့သော တောတွင်း ကျူးကျော်နေအိမ် နေရာများတွင် အစုလိုက်၊ အကွက်လိုက် နေထိုင်သည့် ကျူးကျော်တဲ အိမ် ၆၀ ခန့် ရှိကြောင်း ကျူးကျော်နေထိုင်သူများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment