Thursday 28 August 2014

တရုတ်နယ်စပ်မှ လိုင်စင်မဲ့စားသောက်ကုန် ကန်ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးမိ

Photo: တရုတ်နယ်စပ်မှ လိုင်စင်မဲ့စားသောက်ကုန် ကန်ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးမိ
Thursday, August 28, 2014

လပေါင်း၂၀ အတွင်း တရုတ်နယ်စပ်မှ လိုင်စင်မဲ့တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ အမေရိကန် ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးရမိပြီးဖြစ်ကြောင်း မန္တလေးတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူးက မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအထိ နယ်စပ်မှ လိုင်စင်မဲ့တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“တစ်ခါတလေ နယ်စပ်မှာ တစ်ရက်တည်းနဲ့ သိန်းလေးရာဖိုးလောက် လိုင်စင်မဲ့စားသောက်ကုန်တွေ ဖမ်းဆီးရမိတဲ့အခါလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်းဈေးကွက်သို့ တရုတ်နယ်စပ်မှ တင်သွင်းခွင့်လိုင်စင်မပါသည့် စားသောက်ကုန်များ၊ FDA ထောက်ခံချက်မရှိသည့် စားသောက်ကုန်များ နေ့စဉ်နှင့်အမျှ ၀င်ရောက်လျက်ရှိ၍ စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း၌ ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရသော အာမခံချက်မရှိသည့် အစားအစာများကို ရောင်းချခြင်း၊ စားသောက်ခြင်း မပြုရန် မန္တလေးမြို့ရှိ ဈေးကြီးများ၊ ကုန်တိုက်များနှင့် အခြေခံပညာကျောင်းများ၌ အသိပေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဦးဆွေတင့်ကြူးက ပြောသည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ နယ်စပ်မှ တင်သွင်းနေခြင်းကို ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူနိုင်ပြီး အဆိုပါဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ဆိုသည်။

ထို့ပြင် စားသုံးသူများကလည်း ကျန်းမာရေးကို အပြည့်အ၀အာမခံချက်မရှိသည့် ပြည်ပမှ ၀င်ရောက်သည့် စားသောက်ကုန်များကို သေချာစွာ ရွေးချယ်စားသုံးသင့်သည်ဟု ဆိုသည်။

ယခုအခါ နယ်စပ်၌ တရားမ၀င် စားသောက်ကုန်များကို စစ်ဆေးခြင်းသာမက ပြည်တွင်းရှိ ဆိုင်များကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြောကြားသည်။

Mizzima - News in Burmese 

မြန်မာ - မူဆယ်နယ်စပ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ -ကြယ်ပြာ
မြန်မာ - မူဆယ်နယ်စပ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ -ကြယ်ပြာ
လပေါင်း၂၀ အတွင်း တရုတ်နယ်စပ်မှ လိုင်စင်မဲ့တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ အမေရိ ကန် ဒေါ်လာသန်း ၆၀၀ ဖိုးခန့် ဖမ်းဆီးရမိပြီးဖြစ်ကြောင်း မန္တလေးတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူးက မဇ္ဈိမကို ပြောသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအထိ နယ်စပ်မှ လိုင်စင်မဲ့တင်သွင်းသည့် စားသောက် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“တစ်ခါတလေ နယ်စပ်မှာ တစ်ရက်တည်းနဲ့ သိန်းလေးရာဖိုးလောက် လိုင်စင်မဲ့စားသောက်ကုန်တွေ ဖမ်းဆီး ရမိတဲ့အခါလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်းဈေးကွက်သို့ တရုတ်နယ်စပ်မှ တင်သွင်းခွင့်လိုင်စင်မပါသည့် စားသောက်ကုန်များ၊ FDA ထောက် ခံချက် မရှိသည့် စားသောက်ကုန်များ နေ့စဉ်နှင့်အမျှ ၀င်ရောက်လျက်ရှိ၍ စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း၌ ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရသော အာမခံချက်မရှိသည့် အစား အစာများကို ရောင်းချခြင်း၊ စားသောက်ခြင်း မပြုရန် မန္တလေးမြို့ရှိ ဈေးကြီးများ၊ ကုန်တိုက်များနှင့် အခြေခံပညာကျောင်းများ၌ အသိပေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဦးဆွေတင့်ကြူး က ပြော သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ နယ်စပ်မှ တင်သွင်းနေခြင်းကို ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေး ယူနိုင်ပြီး အဆိုပါဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ဆိုသည်။

ထို့ပြင် စားသုံးသူများကလည်း ကျန်းမာရေးကို အပြည့်အ၀အာမခံချက်မရှိသည့် ပြည်ပမှ ၀င်ရောက်သည့် စားသောက်ကုန်များကို သေချာစွာ ရွေးချယ်စားသုံးသင့်သည်ဟု ဆိုသည်။

ယခုအခါ နယ်စပ်၌ တရားမ၀င် စားသောက်ကုန်များကို စစ်ဆေးခြင်းသာမက ပြည်တွင်းရှိ ဆိုင်များကိုပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြောကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment