Thursday 28 August 2014

ဂျပန်နှင့် အာဆီယံ လုပ်ငန်းရှင်များ ဂျပန်နိုင်ငံတွင် ဆွေးနွေးမည်

ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်အာဆီယံ လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍စီး ပွားရေး လုပ်ငန်း ဆိုင်ရာလေ့လာမှု Asean CEO အစီ အစဉ် ပြုလုပ်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
အဆိုပါ Asean CEO အစီအစဉ်ကို ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်အထိ တစ် ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှလုပ်ငန်းရှင်များကို ဖိတ်ထားခြင်းဖြစ်သည့်အတွက် မြန် မာနိုင်ငံမှ အ မှုဆောင်အရာရှိချုပ် တက်ရောက်နိုင်မည်ဖြစ်သည်။

ယင်းမှာ အာဆီယံနိုင်ငံများ မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဂျပန်နိုင်ငံမှ လုပ်ငန်း ရှင်များအ ကြား စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနှင့် ဆက်သွယ်မှု တိုးမြှင့်နိုင်အော င် လုပ်ဆော င်ခြ င်းဖြစ် ကြောင်း CEO Network Enhan-cing Project မှ သိရသည်။

အစီအစဉ်တွင် အာဆီယံနိုင်ငံများမှ လာရောက်သောလုပ်ငန်း ရှင်များနှင့် ဂျပန်လုပ်ငန်းရှင်များ အကြား Bussiness Matching များပြုလုပ်ခြင်း၊ သင်တန်းများ ပေးခြင်း၊ ဂျပန်နိုင်ငံရှိ လုပ်ငန်းများသို့ Site Visit သွားရောက်လေ့လာခြင်း အစီအစဉ်များ ပါဝင် မည်ဖြစ်သည်။

ထိုလုပ်ငန်းစဉ်များကို ဂျပန် နိုင်ငံတိုကျိုမြို့နှင့် အိုဆာကာမြို့ တို့တွင် ပြုလုပ် မည်ဖြစ်ပြီး ရွေး ချယ်မည့် လုပ် ငန်းရှင်များမှာ အ ခြေခံအဆောက်အအုံများ လုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး စက် ပစ္စည်းများ၊ ကုန်သွယ်မှုလုပ်ငန်း များ၊ မော်တော်ယာဉ်ပစ္စည်းထုတ် လုပ်မှုမှ လုပ်ငန်းရှင် များဖြစ်ပြီး စိတ်ဝင် စားသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

အစီအစဉ်သို့ တက်ရောက်လိုသော လုပ်ငန်းရှင်များ သည် သြဂုတ် ၂၉ရက် နောက် ဆုံး ထား၍ UMFCCI သို့ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများ ကို လေယာဉ်လက်မှတ်နှင့် နေထိုင်မှု စီစဉ်ပေးသွား မည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment