Thursday 28 August 2014

မူးယစ်တိုက်ဖျက်ရေး ထပ်တိုး ငါးနှစ်စီမံကိန်းတွင် ၅၁ မြို့နယ်ကို ပစ်မှတ်ထား

မူးယစ်ဆေးဝါးတိုက် ဖျက်ရေး နောက်ထပ်ငါးနှစ်စီမံ ကိန်းတွင် ဘိန်းစိုက်သည့် ၅၁ မြို့နယ်ကို ပစ်မှတ်ထား တိုးမြှင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မူးယစ်ဆေးဝါးသတင်းပေးသူအား ဆုကြေးပေး အပ်မည့် အစီအစဉ် စတင်မည်ဖြစ်ကြောင်း မူးယစ်တိုက်ဖျက်ရေး ဗဟိုမှသတင်းရရှိသည်။
အဓိကတားဆီးတိုက်ဖျက် စာရင်းဝင် ဘိန်းစိုက်နယ်မြေများ မှာ ရှမ်းပြည်တောင်ပိုင်းတွင် ၁၉ မြို့နယ်၊ ရှမ်းမြောက်တွင် ၁၂ မြို့ နယ်၊ ရှမ်းအရှေ့တွင် ၉ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၆ မြို့နယ်၊ ကယားပြည်နယ် တွင် ၃ မြို့နယ် နှင့် ချင်းပြည်နယ်တွင် ၂ မြို့နယ် တို့ဖြစ်ကြောင်း မူးယစ်ဗဟိုမှ ရဲမှူးကြီး မြင့်သိန်း က ပြောသည်။

ယင်း ၅၁ မြို့နယ်အပြင် တစ်ပြည်လုံးအနှံ့ ကာကွယ်တားဆီး ရေးတွင် သုံးစွဲမှုလျှော့ချရေး ပိုမိုအားစိုက် သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘မူးယစ်တားဆီးဖို့က ဖမ်းနေရုံ၊ ဘိန်းခင်းဖျက်နေရုံမပြီးဘူး။ သုံးစွဲမှုလျှော့ချရေးကိုလည်း အားစိုက်ရ မှာ။ နောက် ငါးနှစ်အတွက် ကို ဒီဟာကို အားစိုက်လုပ်တယ်။ ဆုပေး၊ ဒဏ်ပေးစနစ်ကိုလည်း စသုံးနေ တယ်။ မူးယစ်သတင်း ပေးတဲ့ သူကို ဆုပေးတယ်။ ဖမ်းမိတဲ့သူကို ဒဏ်ပေးတယ်’’ဟု ၎င်းကပြောသည်။

ဆုပေးသည့်နှုန်းကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ မူးယစ်တားဆီးရေးတွင် ဒေသခံများ ပါဝင် ပူးပေါင်း ရန် ပညာပေးလှုံ့ ဆော်နေကြောင်း ၎င်းကပြော သည်။ နိုင်ငံတွင်း မူးယစ်တိုက်ဖျက် မှုမှာ မအောင်မြင်သည့် အတွက် မူလ မူးယစ်တိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်း (၁၉၉၉-၂၀၁၅)ကို နောက်ထပ် ငါးနှစ်စီမံကိန်းထပ် တိုးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးဝါးထုတ်လုပ် ရာ ကြားခံနယ်မြေအဖြစ် နာမည် ကျော်လျက် ရှိကြောင်း နှစ်စဉ် UNDOC အစီရင်ခံစာများက ဖော်ပြနေသည်။

7Day DAILY

No comments:

Post a Comment