Thursday 28 August 2014

အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေးထူးချွန်ဆု ချီးမြှင့်မည်

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အာဆီ ယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်း အဝေးတွင် ဒေသတွင်း၌ ထူးချွန်သော လုပ်ငန်းများအား အာဆီယံစီးပွားရေးဆုပါ ချီး မြှင့်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အာဆီယံစီးပွားရေးဆု (ASEAN BusinessAward)ကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုထူးချွန်စွာ အထောက် အကူ ပြုပေးနိုင်သော စီးပွားရေးလုပ်ငန်း များအား ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဒေသတွင်း စီးပွားရေးဆက် နွှယ်မှုနဲ့ နိုင်ငံတကာပါဝင်မှုတို့ တိုးတက်ဖို့အတွက် ကြိုးစားနေတဲ့ အာဆီယံ စီးပွားရေးလုပ်ငန်း ပေါင်း ၁၂၀ ကျော်က ဒီဆုကို ရဖို့ ယှဉ်ပြိုင်နေကြပါတယ်။ အာဆီ ယံစီးပွားရေး ဖွံ့ဖြိုးဖို့ အတွက် ဒီ လုပ်ငန်းတွေကို အသိအမှတ်ပြု ရင် အခြားစီးပွားရေးတွေကိုပါ ဒေသအတွက် ပိုပြီး ကူညီပေးဖို့ လှုံ့ဆော် ရာ ရောက်ပါတယ်’’ဟု UMFCCI ဒုဥက္ကဋ္ဌနှင့် အာဆီယံ စီးပွားရေးဆု စီစဉ်သူ ဦးဝေဖြိုးက ပြော သည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံထိပ်သီးခေါင်းဆောင် များ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးများ၊ အဓိက စီးပွားရေး လုပ်ငန်းများမှ ခေါင်းဆောင်များက  အာဆီယံ၏ အနာဂတ်၊ စီးပွား ရေး တိုးတက် မှု၊ ပြောင်းလဲလာ သော စီးပွားရေးနှင့် လူမှုရေး ကဏ္ဍတွင် အမျိုးသမီးများ၏ ပါ ၀င်မှု၊ အာဆီယံစားသုံးသူ များနှင့် ၎င်းတို့၏ စီးပွားရေး တိုးတက်မှု အပေါ် အကျိုးသက်ရောက်မှုစသည်တို့ကို အဓိကဆွေးနွေး သွားမည် ဖြစ်သည်။ ‘‘နှစ်စဉ် စီးပွားရေးကဏ္ဍအတွက် အစိုးရအရာရှိ၊ ဒေသတွင်း ခေါင်းဆောင်နဲ့ စွန့်ဦးတီထွင်သူတို့ တွေ့ဆုံတဲ့ အဓိကပွဲတစ်ခု ဖြစ်ပြီး အသင်းဝင်နိုင်ငံတွေရဲ့ ကောင်းကျိုးအတွက် ပညာရှင် များကို စုစည်းပေးဖို့ အရေးကြီး တဲ့ စင်မြင့်တစ်ခု ဖြစ်ပါတယ်’’ ဟု UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် ကပြောသည်။

7Day DAILY

No comments:

Post a Comment