Monday 8 December 2014

သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဟက်တာ ၂,၀၀၀ ရှိ ဒုတိယ စီမံကိန်း လုပ်ငန်းများ စတင်ရန် မဖြစ်နိုင်သေး

Photo: သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဟက်တာ ၂,၀၀၀ ရှိ ဒုတိယ စီမံကိန်း လုပ်ငန်းများ စတင်ရန် မဖြစ်နိုင်သေး
Monday, December 8, 2014

သီလဝါ အထူးစီးပွားရေးဇုန်၏ ဒုတိယ စီမံကိန်းဖြစ်သော မြေဟက်တာ ၂,၀၀၀ ၏ တည်ဆောက်ရေးလုပ် ငန်းများကို စတင်နိုင်ဦးမည်မဟုတ်သေးဟု ၎င်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေး မှူး ဒေါက်တာသန်းသန်းသွယ်က မဇ္ဈိမကို ပြောသည်။

ဒုတိယ စီမံကိန်းတွင် ပါဝင်သည့် မြေဟက်တာ ၂,၀၀ဝ အနက် ၅၀ဝ ကို လုပ်ငန်းများ စတင်နိုင်ရန် ဂျပန်ဝန်ကြီးချုပ်နှင့် သဘောတူလက်မှတ် ရေးထိုးပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်းက ကျင်းပသည့် အာဆီယံနိုင်ငံများ အစည်းအဝေးသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက် ခဲ့စဉ်က ၎င်းဒုတိယစီမံကိန်း အနက်မြေဟက်တာ ၅၀၀ ကို တည် ဆောက်ရေးလုပ်ငန်းများ စတင်သွားနိုင်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းဒုတိယ စီမံကိန်းအတွက် တည်ဆောက်မှုလုပ်ငန်းများ စနိုင်မည်မဟုတ်သေးဟု ဆိုသည်။

“ပထမစီမံကိန်းကို သတ်မှတ်ချိန်အတွင်း ပြီးအောင်လုပ်ရမှာဆိုတော့ လတ်တလော ဟက်တာ ၂,၀၀၀ ဘက်ကို လုံးဝ မလှည့်နိုင် ဘူး ဖြစ်နေတယ်။ ပထမစီမံကိန်း ပြီးလောက်ချိန်ဆိုရင် အဲဒီဘက်ကို တဖြည်းဖြည်း လုပ်သွားရမှာပေါ့” ဟု ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီသည် လက်ရှိအချိန်တွင် ပထမ စီမံကိန်းဖြစ်သော မြေ ဟက်တာ ၄၀၀ အနက် ဒုတိယပိုင်းဖြစ်သည့် ဟက်တာ ၂၀၀ ကျော်၏ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၌ စက်ရုံ လုပ်ငန်းများ လည်ပတ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် နေရခြင်းဖြစ်သည်။

လက်ရှိတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအဖွဲ့ E Guard ၏ ဦးဆောင်မှုဖြင့် မြေဟက်တာ ၂,၀၀၀ ကို မဟာဗျူဟာ မြောက်ပတ် ဝန်းကျင် လေ့လာဆန်းစစ်မှု Strategic Environmental Assessment (SEA) များ လုပ်ကိုင်နေသည်မှာ သုံးပုံတစ်ပုံခန့် ပြီးစီးပြီးဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာ သန်းသန်းသွယ်က “ဟက်တာ ၂,၀၀၀ အနေနဲ့ အခုထိ ပတ်ဝန်းကျင် ဆန်းစစ်မှုကို လုပ်နေရတုန်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း တည်ဆောက်ရေးလုပ်ငန်း လုပ်သွားနိုင်ဖို့ စီစဉ်နေပေမယ့် တကယ် တမ်း တည်ဆောက်မှုတော့ မစနိုင်သေးပါဘူး” ဟု ထပ်မံဆိုသည်။

ပတ်ဝန်းကျင်ဆန်းစစ်မှု SEA လုပ်ငန်းအရ စီမံကိန်း မစတင်မီကာလ၊ စတင် အကောင်အထည်ဖော်ချိန် ကာလနှင့် လုပ်ငန်း လည်ပတ်ချိန်များ တွင် ဖြစ်ပေါ်လာနိုင်သော လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆန်းစစ်နေခြင်း ဖြစ်သည်။ ထို့အပြင် လူထုညစ်ညမ်းမှု၊ ရေဆိုးစွန့်ပစ် မှုများအတွက် လိုအပ်သော စံသတ်မှတ်ချက်များကိုလည်း ဆောင်ရွက်သွားမည်ဟု E Guard ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးအေးသီဟက မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese 

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မြေနေရာအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မြေနေရာအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)  
သီလဝါ အထူးစီးပွားရေးဇုန်၏ ဒုတိယ စီမံကိန်းဖြစ်သော မြေဟက်တာ ၂,၀၀၀ ၏ တည်ဆောက်ရေးလုပ် ငန်းများကို စတင်နိုင်ဦးမည်မဟုတ်သေးဟု ၎င်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေး မှူး ဒေါက်တာသန်းသန်းသွယ်က မဇ္ဈိမကို ပြောသည်။

ဒုတိယ စီမံကိန်းတွင် ပါဝင်သည့် မြေဟက်တာ ၂,၀၀ဝ အနက် ၅၀ဝ ကို လုပ်ငန်းများ စတင်နိုင်ရန် ဂျပန်ဝန်ကြီးချုပ်နှင့် သဘောတူလက်မှတ် ရေးထိုးပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်းက ကျင်းပသည့် အာဆီယံနိုင်ငံများ အစည်းအဝေးသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက် ခဲ့စဉ်က ၎င်းဒုတိယစီမံကိန်း အနက်မြေဟက်တာ ၅၀၀ ကို တည် ဆောက်ရေးလုပ်ငန်းများ စတင်သွားနိုင်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းဒုတိယ စီမံကိန်းအတွက် တည်ဆောက်မှုလုပ်ငန်းများ စနိုင်မည်မဟုတ်သေးဟု ဆိုသည်။

“ပထမစီမံကိန်းကို သတ်မှတ်ချိန်အတွင်း ပြီးအောင်လုပ်ရမှာဆိုတော့ လတ်တလော ဟက်တာ ၂,၀၀၀ ဘက်ကို လုံးဝမလှည့်နိုင်ဘူး ဖြစ်နေတယ်။ ပထမစီမံကိန်း ပြီးလောက်ချိန်ဆိုရင် အဲဒီဘက်ကို တဖြည်းဖြည်း လုပ်သွားရမှာပေါ့” ဟု ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီသည် လက်ရှိအချိန်တွင် ပထမ စီမံကိန်းဖြစ်သော မြေ ဟက်တာ ၄၀၀ အနက် ဒုတိယပိုင်းဖြစ်သည့် ဟက်တာ ၂၀၀ ကျော်၏ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၌ စက်ရုံ လုပ်ငန်းများ လည်ပတ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် နေရခြင်းဖြစ်သည်။

လက်ရှိတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအဖွဲ့ E Guard ၏ ဦးဆောင်မှုဖြင့် မြေဟက်တာ ၂,၀၀၀ ကို မဟာဗျူဟာ မြောက်ပတ် ဝန်းကျင် လေ့လာဆန်းစစ်မှု Strategic Environmental Assessment (SEA) များ လုပ်ကိုင်နေသည်မှာ သုံးပုံတစ်ပုံခန့် ပြီးစီးပြီးဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာ သန်းသန်းသွယ်က “ဟက်တာ ၂,၀၀၀ အနေနဲ့ အခုထိ ပတ်ဝန်းကျင် ဆန်းစစ်မှုကို လုပ်နေရ တုန်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း တည်ဆောက်ရေးလုပ်ငန်း လုပ်သွားနိုင်ဖို့ စီစဉ်နေပေမယ့် တကယ် တမ်း တည်ဆောက်မှုတော့ မစနိုင်သေးပါဘူး” ဟု ထပ်မံဆိုသည်။

ပတ်ဝန်းကျင်ဆန်းစစ်မှု SEA လုပ်ငန်းအရ စီမံကိန်း မစတင်မီကာလ၊ စတင် အကောင်အထည်ဖော်ချိန် ကာလနှင့် လုပ်ငန်း လည်ပတ်ချိန်များ တွင် ဖြစ်ပေါ်လာနိုင်သော လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆန်းစစ်နေခြင်း ဖြစ်သည်။ ထို့အပြင် လူထုညစ်ညမ်းမှု၊ ရေဆိုးစွန့်ပစ် မှုများအတွက် လိုအပ်သော စံသတ်မှတ်ချက်များကိုလည်း ဆောင်ရွက်သွားမည်ဟု E Guard ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးအေးသီဟက မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment