Monday 8 December 2014

ကုန်တိုက်များရှိ ဆိုင်ခန်းများ ငှားရမ်းခအပေါ် အခွန် ၅ရာခိုင်နှုန်း ထပ်ကောက်မည်

ယုဇနပလာဇာရှေ့မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ကုန်တိုက်ကြီးများတွင် ဖွင့်လှစ်ရောင်းချနေသော ဆိုင်ခန်းများအား ငှားရမ်းမှုအပေါ် ၅ ရာခိုင်နှုန်း ထပ်မံဖြည့်စွက်ကောက်ခံတော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပြည်တွင်းအခွန်များဦးစီးဌာနက ဒီဇင်ဘာ ၆ရက်ထုတ် ကြေးမုံသတင်းစာတွင် အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်ဖော်ပြပါရှိသည်။ အချို့သော ကုန်တိုက်ပိုင်ရှင်များအနေဖြင့် ဆိုင်ခန်း ငှားရမ်းမှု အပေါ် ကောက်ခံမည့် ၅ ရာခိုင်နှုန်းကို ဆိုင်ခန်းငှားရမ်းအသုံးပြုသူများအား ကျခံခိုင်းကြောင်း သိရသည်။

‘‘မနက်ဖြန် ရန်ကုန်တိုင်းအ စိုးရနဲ့ရော ပြည်တွင်းအခွန်ဦးစီး နဲ့ပါ တွေ့ပြီး အဲဒီကိစ္စဆွေးနွေးဖို့ ရှိပါမယ်’’ဟု ယုဇနပလာဇာတွင် ဆိုင်ခန်းဖွင့်လှစ်ထားသူဦးသီဟ ကပြောသည်။

7Day DAILY

No comments:

Post a Comment