Monday 8 December 2014

မော်လဒိုက်နိုင်ငံ ရေပြတ်လပ်၍ တရုတ်နှင့်အိန္ဒိယတို့က ရေများပေးပို့

Photo: မော်လဒိုက်နိုင်ငံ ရေပြတ်လပ်၍ တရုတ်နှင့်အိန္ဒိယတို့က ရေများပေးပို့
Monday, December 8, 2014

အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံ မော်လဒိုက်၌ သောက်ရေများ ပြတ် လပ်သွားသဖြင့် တရုတ်ရေတပ်သင်္ဘော တစ်စင်းက သောက်ရေများပေးပို့ခဲ့ ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းက တနင်္ဂနွေနေ့တွင် ဖော်ပြ ခဲ့သည်။

မြို့တော်မော်လ်၏သောက်ရေလှောင်ကန်၌ လက်ကျန်ရေမှာ လူ ပေါင်း ၁ဝဝ,ဝဝဝ အတွက် မလုံလောက် တော့ကြောင်း ရိုက်တာသတင်းက ဆိုသည်။ တရုတ်ရေတပ်သင်္ဘောသည် သောက်ရေတန် ၉၆ဝကို တင် ဆောင် သွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တနင်္ဂနွေ နေ့၌လည်း အရပ်ဘက်လေယာဉ်နှစ်စင်းက သောက်ရေ သန့်ဘူး တန် ၂ဝ ကို ပေးပို့ဦးမည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံကလည်း ရေစက်ရုံအတွက် အပိုပစ္စည်းများနှင့်ရေများ ကို လေယာဉ်ငါးစင်းနှင့်သင်္ဘောနှစ်စင်းတို့ဖြင့် ပေးပို့ခဲ့ကြောင်း စော စောပိုင်းက ကြေညာခဲ့ကြောင်းသိရသည်။

Ref: Reuters
Yangon Media Group
အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံ မော်လဒိုက်၌ သောက်ရေများ ပြတ် လပ်သွားသဖြင့် တရုတ်ရေတပ်သင်္ဘော တစ်စင်းက သောက်ရေများပေးပို့ခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက တနင်္ဂနွေနေ့တွင် ဖော်ပြ ခဲ့သည်။

မြို့တော်မော်လ်၏သောက်ရေလှောင်ကန်၌ လက်ကျန်ရေမှာ လူ ပေါင်း ၁ဝဝ,ဝဝဝ အတွက် မလုံလောက် တော့ကြောင်း ရိုက်တာသတင်းက ဆိုသည်။ တရုတ်ရေတပ်သင်္ဘောသည် သောက်ရေတန် ၉၆ဝကို တင် ဆောင် သွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တနင်္ဂနွေ နေ့၌လည်း အရပ်ဘက် လေယာဉ်နှစ်စင်းက သောက်ရေ သန့်ဘူး တန် ၂ဝ ကို ပေးပို့ဦးမည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံကလည်း ရေစက်ရုံအတွက် အပိုပစ္စည်းများနှင့်ရေများကို လေယာဉ်ငါးစင်းနှင့် သင်္ဘောနှစ်စင်း တို့ဖြင့် ပေးပို့ခဲ့ကြောင်း စော စောပိုင်းက ကြေညာခဲ့ကြောင်းသိရသည်။

Ref: Reuters
Yangon Media Group 

No comments:

Post a Comment