Monday 8 December 2014

ပေါက်နေသော ဓာတ်ကြိုးကိုင်မိ၍ ဆဋ္ဌမတန်းကျောင်းသား သေဆုံး

လမ်းမီးတိုင်မှ အိမ်သို့ သွယ်တန်းထားပြီး ပေါက်နေသည့် ဓာတ်ကြိုးကိုကိုင်မိ၍ ဆဋ္ဌမတန်း ကျောင်းသား တစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပမြို့နယ် တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်၊ သုတ(၆)လမ်းတွင် ဒီဇင်ဘာ ၅ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုတ(၆)လမ်း၌နေထိုင်သည့် ဦးအောင်ဇံ၏ သား ဖြစ်သူ သေဆုံးသွားခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် ရဲစခန်းမှူး ရဲမှူးမျိုးအောင်က ပြောသည်။

မြို့နယ် လျှပ်စစ်ဌာနက သွယ်တန်းပေးထားသည့် ဓာတ်ကြိုးပေါက်၍ အိမ်ခြံစပ်ရှိ သံဆန်ခါသို့ လျှပ်စစ် စီးဝင်နေခြင်းဖြစ်ကာ အဆိုပါသံဆန်ခါကို ကိုင်မိရာမှ ကလေးငယ် သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ ၏ နာရေးကိစ္စ ကူညီ လုပ်ဆောင် ပေးနေသော ကိုရဲခေါင်က ပြောသည်။

‘‘ကလေးက ရေမြောင်းထဲ ဘောလုံးဆင်းကောက်တာ။ သံဆန်ခါနဲ့ မြောင်းနဲ့က ကပ်နေတာ။ အဲဒီ သံဆန်ခါ ကိုကိုင်မိပြီး ဓာတ်လိုက်တာ။ မြို့နယ် လျှပ်စစ် အင်ဂျင် နီယာက သူတို့နဲ့မဆိုင်ဘူး ပြောတယ်။ လျှပ်စီးဝင် နေတာ ဒီတစ်အိမ်တည်း မဟုတ်ဘူး။ ဘေး လေး၊ ငါးအိမ်မှာပါဖြစ်နေတာ’’ ဟု ကိုရဲခေါင်ကပြောသည်။

ဒီဇင်ဘာ ၆ ရက် နေ့လယ်တွင် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက သုတ(၆)လမ်း အတွင်း ဓာတ် လိုက်၍ လူသေဆုံးမှုဖြစ်ခဲ့သော နေအိမ်အနီးမှ အိမ်အချို့သို့ သွယ်တန်းထားသည့် ဓာတ်ကြိုးများကို ကြွေသီး များ လာရောက် တပ်ဆင်ပေး သွားကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ပြန် လည်ဖြေကြားခြင်းမပြုပေ။

အဆိုပါအမှုကိုတောင်ဥက္ကလာပမြို့နယ်ရဲစခန်းကသေမှုသေခင်းဖွင့်၍စစ်ဆေးနေကြောင်းသတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment