Monday 8 December 2014

ဦးနေ၀င်း၏မြေး လက်နက်ကိုင်အင်အားစုများကို ပြင်းပြင်းထန်ထန် ဝေဖန်

ဒီဇင်ဘာ ၇ ရက်ပြုလုပ်သည့်ကျဆုံးသွားသော အညတရအာဇာနည်များ ဂုဏ်ပြုခြင်း အခမ်းအနားသို့ တက် ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ကတိမတည်ခြင်းနှင့် သိက္ခာမရှိသော အလုပ်များလုပ် နေခြင်း ကြောင့် ငြိမ်းချမ်း ရေး မရနိုင်ဖြစ်နေကြောင်း ဦးနေ ၀င်း၏မြေး ဦးအေးနေ၀င်းက ပြောကြားလိုက်သည်။

‘‘တပ်မတော်သားတွေဘက် က ငြိမ်းချမ်းရေးကို လိုလားပါ တယ်။ တစ်ဖက် အဖွဲ့အစည်း တွေဘက်က တကယ်ကတိမ တည်တာတွေမျိုး သိက္ခာမရှိတဲ့လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေး မရနိုင်ဘဲနဲ့ ဆက်ပြီးတော့ အဓွန့်ရှည် နေတာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ နှစ်ပတ်၊ သုံးပတ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ ရှက်တတ်ရင် အင်မ တန်ရှက်ဖို့ ကောင်းပါတယ်’’ ဟု သူရဲကောင်းဗိမာန်တွင် ဒီဇင်ဘာ ၇ ရက်က ပထမဆုံးအကြိမ်ပြုလုပ် သည့်  ကျဆုံးသွားခဲ့သော အည တရအာဇာနည်များ ဂုဏ်ပြုခြင်း အခမ်းအနားအပြီး သတင်း ထောက်များက မေးမြန်းရာ၌ ဦးအေးနေ၀င်းက ပြောကြားခြင်း ဖြစ် သည်။

အဆိုပါ အခမ်းအနားသို့ ဦး အေးနေ၀င်းနှင့်အတူ ဦးဇွဲနေ၀င်းပါ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ညီအစ်ကို နှစ်ဦးကို အခမ်းအ နားတစ်လျှောက် ရှေ့ဆုံးတန်း တွင် နေရာပေးခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုခြင်းနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင် က ‘‘ဒီသမိုင်းကို သူတို့ဘယ်လောက် နားလည်လို့လဲ။ သူ့အဘိုး ဖျက်ဆီးခဲ့လို့ တိုင်းပြည် ပျက်ခဲ့တာ။ သူတို့က ဒီနိုင်ငံရေး မှာ ဘယ်လောက်ပါခဲ့လို့လဲ။ ဒီ စကားက သူတို့ပြောရမယ့် စကား မဟုတ်ဘူး’’ ဟု ဆိုသည်။

ကချင်ဗိုလ်လောင်းများ သေ ဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ လှုပ် ရှားတောင်းဆို မှုများ ရှိနေချိန်တွင် ယခု အခမ်းအနားကို ကျင်းပခဲ့ ခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နှစ်ဖက်စလုံးအနေဖြင့် သဘာဝကျသော တောင်းဆိုချက်များ၊ ဆွေးနွေး ချက်များနှင့် ညှိနှိုင်းချက်များပြုလုပ်ရန် သူရဲကောင်းဗိမာန်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ကျဆုံးသွား ခဲ့သောအညတရ အာဇာနည်များ ဂုဏ်ပြုခြင်းအခမ်းအနားကို ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။

‘‘သဘာဝ မကျတာတွေကို တောင်းဆိုနေရင် ငြိမ်းချမ်းရေးက ကြာနေမှာပဲ။ UNFC (ညီညွတ် သော တိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ)က ကြေညာ ပါတယ်။ အလှည့်ကျတပ်ချုပ် လုပ်ဖို့တို့ ဘာတို့။ ဒါ သဘာဝမ ကျဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ။ ဒါမျိုးတွေ တောင်းဆိုနေရင် ငြိမ်းချမ်းရေးက ကြာ နေဦးမှာပဲ’’ ဟု အခမ်းအနားအား ဦးဆောင်သူတစ်ဦးဖြစ်သူ တပ်မတော်အရာရှိဟောင်း ဦးရဲမိုးက ပြောသည်။

 ယင်းအခမ်းအနားသို့ ဗိုလ်ချုပ်ထွန်းကြည်နှင့် တပ်မတော် ထိပ်ပိုင်း  ခေါင်းဆောင်များ၏ သားသမီးများ  တက်ရောက်ခဲ့ကြပြီး စုစုပေါင်း တက်ရောက်သူ ထောင်ဂဏန်းရှိကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ကေအိုင်အိုဌာနချုပ် အနီးရှိ ဗိုလ်သင်တန်းကျောင်းမှ ဗိုလ် လောင်းများ ကျဆုံးခြင်းနှင့် ပတ် သက်၍ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ၀မ်းနည်းကြောင်း ကြေ ညာချက် ထုတ်ခဲ့သဖြင့် ယခုပွဲ ပြုလုပ်ရန် စိတ်ကူးရသွားခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

‘‘သူတို့ (NLD) ကြေညာချက်ကို အပြစ်မပြောဘူး။ ကျွန်တော်တို့ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့တဲ့ တပ်မတော်သား အညတရ စစ်သည်တွေ သိန်းနဲ့သောင်းနဲ့ချီရှိတယ်။ အဲဒီစစ်သည်တွေအ တွက် ငါတို့ကလည်း အမှတ်တရ ပွဲလေးတစ်ပွဲ လုပ်သင့်တယ်ဆို တဲ့ စိတ်ကူးက ရလာတယ်။ ဟို ဘက်က ထုတ်ပြန်ချက်နဲ့ ဆက်စပ်တယ်လည်း ပြောလို့ရတယ်။ မဆက်စပ်ဘူးလည်း ပြောလို့ရ တယ်။ အဲဒါထုတ်လို့ လုပ်တာ တော့ မဟုတ်ဘူး’’ ဟု တပ်မတော် အရာရှိဟောင်း ဦးရဲမိုးက ပြော သည်။

 အပစ်အခတ်  ရပ်စဲရေး ပျက် ပြယ်သွားပြီးနောက် တပ်မတော်နှင့် ကေအိုင်အိုကြား ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများ တွင် အစိုးရဘက်မှ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ကျဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သော်လည်း သတင်းမထုတ်ပြန်ခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ထို့အပြင် အရပ်သားများအ နေဖြင့် တပ်မတော်သားများနှင့် တပ်မတော်မှ အငြိမ်းစားယူထား သူများအား စစ်ခွေးနှင့် အာဏာ ရှင်ဘောမဟု ပြောဆိုခဲ့သည့်အ ပေါ် အငြိမ်းစားတပ်မတော်သား များအနေဖြင့် စိတ် မကောင်း ဖြစ်ရကြောင်း ပွဲစီစဉ်သူ တစ်ဦး ဖြစ်သူ ကိုကျော်ဇင်ထွန်းက ပြောကြားသည်။

ယခင်က တပ်မတော်သားများအား စစ်ခွေးဟုခေါ်ဆိုခြင်းကို လက်နက်ကိုင်အင်အားစုများ ထံမှ ကြားခဲ့ရ သော်လည်း ယခုနောက်ပိုင်း ပြည်သူများထံကပါ ယင်းကဲ့သို့ အသုံးအနှုန်းများ သုံးနှုန်းလာသည်ကို ကြားလာရကြောင်း ကိုကျော်ဇင်ထွန်းက ပြောကြားသည်။

ယခုပြုလုပ်သော အခမ်းအနားကို ခွင့်ပြုချက်ရရှိရန် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရပြီး နှစ်စဉ် ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးမောင်မောင်အောင် က ပြောသည်။

ယင်းအခမ်းအနားကိုရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့နှင့် အခြားခံစား ချက်ချင်းတူညီသော စစ်မှု ထမ်းဟောင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment