Monday 8 December 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တာမွေမြို့နယ်အတွင်း ပြည်သူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တာမွေမြို့နယ်အတွင်း ပြည်သူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
Monday, December 8, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အတွက် တာမွေမြို့နယ်နေ ပြည်သူများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်းကာ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တာမွေမြို့နယ် အတွင်း လူဦးရေ ၁၀၀ ကျော် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒပြပွဲကို တာမွေမြို့နယ် ကျောက်မြောင်းမီးပွိုင့်အနီးမှ စတင်လမ်းလျှောက်ကာ ဒဂုံသီရိလမ်း၊ ဗညားဒလလမ်း၊ စက်ရုံလမ်း၊ ၁၃၄ လမ်း၊ အရိုးကုန်းလမ်း၊ ၁၄၅ လမ်း၊ သီတာလမ်း၊ ကျောက်ရေတွင်း၊ ကျားကွက်သစ်လမ်းနှင့် သတိပဋ္ဌာန်လမ်းများတွင် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) (စ) အလိုမရှိ၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အသစ်ပြန်လည် ဖွဲ့ပေးရေး....တို့အရေး စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ ဒီစစ်အုပ်စု အာဏာတည်မြဲနေသမျှ ကာလပတ်လုံး စစ်အုပ်စုရဲ့ နောက်မီးစွဲတွေဖြစ်တဲ့ ခရိုနီတွေ၊ လက်ဝေခံတွေက ပြည်သူတွေကို စိုးမိုးထားတယ်။ အဲဒီ အခြေအနေတွေကို ပြင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မှရမယ်။ လူတစ်စုကောင်းစားဖို့၊ သမ္မတဖြစ်ဖို့အတွက် ပြင်ချင်တာမဟုတ်ဘူး။ ဒီစစ်ကျွန်ဘ၀က တကယ်လွတ်ချင်၊ ရပ်ချင်တယ်ဆိုရင် ဒီလောင်းရိပ်တွေကို အကာအကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှဖြစ်မယ်” ဟု ဆန္ဒပြပွဲ ပြုလုပ်ရာ၌ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးအောင်မျိုးလင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် ၎င်းတို့၏သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (က) တွင် ပြဋ္ဌာန်းထားသည်မှာ-ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိပြီး ပုဒ်မ ၄၃၆ (ခ) ၌ ပုဒ်မ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြပါရှိသည်။

ထိုသို့ ဆန္ဒပြရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာမွေမြို့နယ်ရှိ ဟစ်တိုင်နေရာတွင်သာ ပြုလုပ်ရန် ခွင့်ပြုခဲ့သော်လည်း ဆန္ဒပြသူများက မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း တာမွေမြို့နယ်အတွင်း လှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲတွင် ပါဝင်သည့် ပြည်သူတစ်ဦးက ပြောကြားသည်။

Eleven Media Group 

တာမွေမြို့နယ်တွင် ဒီဇင်ဘာ ၇ ရက် နေ့လည်ပိုင်း၌ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
တာမွေမြို့နယ်တွင် ဒီဇင်ဘာ ၇ ရက် နေ့လည်ပိုင်း၌ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တာမွေမြို့ နယ်နေ ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တာမွေမြို့နယ်အတွင်း လူဦးရေ ၁၀၀ ကျော် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒပြပွဲကို တာမွေမြို့နယ် ကျောက်မြောင်းမီးပွိုင့်အနီးမှ စတင်လမ်းလျှောက်ကာ ဒဂုံသီရိလမ်း၊ ဗညားဒလလမ်း၊ စက်ရုံလမ်း၊ ၁၃၄ လမ်း၊ အရိုးကုန်းလမ်း၊ ၁၄၅ လမ်း၊ သီတာလမ်း၊ ကျောက်ရေတွင်း၊ ကျားကွက်သစ်လမ်းနှင့် သတိပဋ္ဌာန်လမ်းများတွင် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) (စ) အလိုမရှိ၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အသစ်ပြန်လည် ဖွဲ့ပေးရေး....တို့အရေး စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ ဒီစစ်အုပ်စု အာဏာတည်မြဲနေသမျှ ကာလပတ်လုံး စစ်အုပ်စုရဲ့ နောက်မီးစွဲ တွေဖြစ် တဲ့ ခရိုနီတွေ၊ လက်ဝေခံတွေက ပြည်သူတွေကို စိုးမိုးထားတယ်။ အဲဒီ အခြေအနေတွေကို ပြင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မှရမယ်။ လူတစ်စုကောင်းစားဖို့၊ သမ္မတဖြစ်ဖို့အတွက် ပြင်ချင်တာ မဟုတ်ဘူး။ ဒီစစ်ကျွန်ဘ၀က တကယ်လွတ်ချင်၊ ရပ်ချင်တယ်ဆိုရင် ဒီလောင်းရိပ်တွေကို အကာအကွယ် ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှဖြစ်မယ်” ဟု ဆန္ဒပြပွဲ ပြုလုပ်ရာ၌ ဦးဆောင်သူတစ်ဦးဖြစ်  သည့် ဦးအောင်မျိုးလင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် ၎င်းတို့၏သဘောထားကို ထုတ်ဖော် ပြောကြား ခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (က) တွင် ပြဋ္ဌာန်း ထားသည်မှာ-ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိပြီး ပုဒ်မ ၄၃၆ (ခ) ၌ ပုဒ်မ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြပါရှိသည်။

ထိုသို့ ဆန္ဒပြရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာမွေမြို့နယ်ရှိ ဟစ်တိုင်နေရာတွင်သာ ပြုလုပ်ရန် ခွင့်ပြုခဲ့သော်လည်း ဆန္ဒပြသူများက မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း တာမွေမြို့နယ်အတွင်း လှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲတွင် ပါဝင်သည့် ပြည်သူတစ်ဦးက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment