Monday 8 December 2014

အမေရိကန်လူမည်း ၂ ဦးအသတ်ခံရမှု လူမျိုးရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား

Photo: အမေရိကန်လူမည်း ၂ ဦးအသတ်ခံရမှု လူမျိုးရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား
Monday, December 8, 2014

အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ အမေရိကန်လူမည်း ၂ ဦး ရဲတွေရဲ့ အသတ်ခံရမှုကို အကြောင်းပြုပြီး လူမျိုးရေးဆန္ဒပြပွဲတွေ အမေရိကန်မြို့ကြီးတွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတ်ဖြတ်ခဲ့တဲ့ လူဖြူရဲအရာရှိတွေကို သက်ဆိုင်ရာပြည်နယ်ခုံ သမာဓိ အဖွဲ့တွေက ရဲတွေမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ သေဆုံးသူပုံစံ လဲလျောင်းဆန္ဒပြပွဲတွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ဖီလာဒယ်ဖီးယားမြို့ အားကစားကွင်းအပြင်ဖက်မှာ မြို့ခံပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး အသတ်ခံခဲ့ကြရတဲ့ မိုက်ကယ်ဘရောင်းနဲ့ အဲရစ်ဂါနာတို့နဲ့ သွေးစည်းညီညွတ်ကြောင်း ပြသခဲ့ကြပါတယ်။

ချီကာဂိုမြို့၊ ၀ါရှင်တန်ဒီစီမြို့တွေမှာလည်း ကားလမ်းဆုံ ပိတ်ဆို့ဆန္ဒပြပွဲတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။ မိုင်ယာမီမြို့မှာတော့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မီယာမီရဲတွေက မြို့ခံတဦး ပစ်သတ်လို့ သေဆုံးခဲ့တဲ့အမှုအတွက်ရော အောက်မေ့ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လူမည်း ၂ ဦးကို သတ်ခဲ့တဲ့ ရဲတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တောင်းဆိုနေကြတာပါ။

ဒီဗွီဘီ
အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ အမေရိကန်လူမည်း ၂ ဦး ရဲတွေရဲ့ အသတ်ခံရမှု ကို အကြောင်းပြုပြီး လူမျိုးရေးဆန္ဒပြပွဲတွေ အမေရိကန်မြို့ကြီးတွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတ်ဖြတ်ခဲ့တဲ့ လူဖြူရဲအရာရှိတွေကို သက်ဆိုင်ရာပြည်နယ်ခုံ သမာဓိအဖွဲ့တွေက ရဲတွေမှာ အပြစ်မရှိဘူး လို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ သေဆုံးသူပုံစံ လဲလျောင်းဆန္ဒပြပွဲတွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ဖီလာဒယ်ဖီးယားမြို့ အားကစားကွင်းအပြင်ဖက်မှာ မြို့ခံပြည်သူတွေ ဆန္ဒပြခဲ့ ကြပြီး အသတ်ခံခဲ့ကြရတဲ့ မိုက်ကယ်ဘရောင်းနဲ့ အဲရစ်ဂါနာတို့နဲ့ သွေးစည်းညီညွတ်ကြောင်း ပြသခဲ့ကြ ပါတယ်။

ချီကာဂိုမြို့၊ ၀ါရှင်တန်ဒီစီမြို့တွေမှာလည်း ကားလမ်းဆုံ ပိတ်ဆို့ဆန္ဒပြပွဲတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။ မိုင်ယာမီမြို့မှာတော့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မီယာမီရဲတွေက မြို့ခံတဦး ပစ်သတ်လို့ သေဆုံးခဲ့တဲ့အမှု အတွက်ရော အောက်မေ့ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လူမည်း ၂ ဦးကို သတ်ခဲ့တဲ့ ရဲတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တောင်းဆိုနေကြ တာပါ။

ဒီဗွီဘီ

No comments:

Post a Comment