Monday 8 December 2014

ATM စက်များ ဖောက်ထွင်းခံရမှုရှိသော်လည်း အသုံးပြုသူများ ထိခိုက်နစ်နာမှု မရှိနိုင်ဟုဆို

ပြည်တွင်းရှိ ATM စက်များကို နိုင်ငံတကာ Credit Card အတုများဖြင့် ဖောက်ထွင်းခံရမှု ဖြစ်စဉ်ကြောင့် ပြည်တွင်းရှိ ATM ကတ် အသုံးပြုသူများအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ရှိမည် မဟုတ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အ တွင်း ပြည်တွင်းဘဏ်အချို့ရှိ ATM စက် များအတွင်းမှ စုစုပေါင်း ငွေ သိန်း ၂ဝဝ ခန့်ကို နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံတကာ သုံး Credit Card အတုဖြင့် ဖောက်ထွင်း ခိုးယူမှုဖြစ်ပွား ခဲ့သည်။

သို့သော်ယင်း ဖြစ်စဉ်မှာ ပြည်တွင်းရှိ ATM သုံးစွဲသူများအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း ပြည်ပနိုင်ငံများ တွင်လည်း မကြာခဏဖြစ်ပွားလေ့ရှိသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း ကျွမ်းကျင် သူများထံမှသိရသည်။

ပြည်တွင်းတွင် သုံးစွဲနေသော MPU နှင့် ATM ကတ်များမှာ နိုင်ငံတကာ တွင်သုံးစွဲနေသော Chip Card အမျိုးအစားဖြစ်ပြီး အတုပြုလုပ်ရန် ခက်ခဲကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

''ဒါက နိုင်ငံတကာမှာ ဖြစ်လဲဖြစ် နေကြပါပဲ။ ထူးထူးဆန်းဆန်းတော့ မဟုတ် ပါဘူး။ နိုင်ငံတကာမှာ သုံးစွဲနေသေးတဲ့ ဖလင်ပြားကိုဖတ်ပြီး ငွေထုတ်တဲ့ ကတ်ကို အတုလုပ်ပြီး အကောင့်အတုနဲ့ ဖောက်ထွင်း သွားတာပါ။ ဒါက ဘယ်သူ့မှာတာဝန်ရှိလဲဆိုတော့ ပြောရခက်တယ်။ ATM စက်ကို အာမခံပေးတဲ့ကုမ္ပဏီက ဘယ်သူ့မှာ တာ ဝန်ရှိလဲဆိုတာ စစ်ဆေးမယ်။ ပြည်တွင်းမှာ ATM ကတ် ကိုင်သူတွေအနေနဲ့ ဆုံးရှုံးမှု တော့ မဖြစ်နိုင်ပါဘူး။ အဓိက,က ဘဏ်တွေက ခိုးထုတ်သွားတဲ့သူကို ကင်မရာက နေ ဖော်ထုတ်မယ်၊ ဖမ်းဆီးမယ်။ ပြီးရင် တ ရားစွဲရမယ်။ ဒီလုပ်ငန်းစဉ်တွေတော့ ရှိပါ တယ်''ဟု CB ဘဏ်၏ IT မန်နေဂျာဖြစ် သူ ကိုဇေယျာအောင်က ရှင်းပြသည်။

ATM ကတ်ထုတ်လုပ်ရာတွင် နည်းပညာနှစ်မျိုးရှိပြီး Magstripe Card (ဖလင်ပြားပေါ်တွင် သံလိုက်ဖြင့် ဖတ်သည့် ကတ်)နှင့်Chip Card (Chip)ပြားကိုသာ ဖတ်သည့် စနစ်ဖြစ်ပြီး နောက်ပိုင်းတွင် လုံ ခြုံ မှုကောင်းမွန်ပြီး အတုပြုလုပ်ရန်ခက်ခဲ သည့် Chip Card ကိုသာ အသုံးပြုလာကြ ကြောင်း သိရသည်။

''Chip နဲ့ ဖတ်တဲ့စနစ်ကိုပဲ နိုင်ငံ တကာက အသုံးပြုလာပါပြီ။ မြန်မာနိုင်ငံမှာ လဲ ဒီနည်းကိုပဲ သုံးတာပါ။ ဒါပေမဲ့ အနောက် နိုင်ငံမှာ ဘဏ်တွေက ကတ်ကို သန်းလေး ဆယ်၊ ငါးဆယ်လောက် ထုတ်နေရတော့ အရင်ကတ်စနစ်ကို အသုံးပြုတဲ့ စနစ်တွေ ကတော့ ရှိနေတုန်းပဲ။ အတုတွေ ကတော့ လောလောဆယ် ရှိနေဦးမှာပဲ။ ဒီတော့ ကျွန်တော်တို့က ကာကွယ်လို့ပဲရမယ်။ ကတ်အ မှန်က ထုတ်ပေးနိုင်ရမယ်။ ပင်နံပါတ် ကိုပဲ ဖတ်ရမယ်။ နိုင်ငံတကာမှာလဲ ဒီလိုပဲလုပ် ဆောင်နေကြတာပါ။ အခု ကျွန်တော်တို့လဲ နောက်နှစ်ထဲမှာ Chip ကိုပဲ ဖတ်တဲ့ ATM စနစ်ကိုပဲ အသုံးပြုသွားဖို့ စီစဉ်နေပါတယ်'' ဟု ကိုဇေယျာအောင်က ဖလားဝါး နယူးစ် သို့ ပြောသည်။

ယခုကဲ့သို့ ATM စက်များကို နိုင်ငံတကာ ကတ်အသုံးပြုသူ နိုင်ငံခြားသား များ ဖောက်ထွင်းမှုရှိလာသည့် အတွက် စက်များတွင် တပ်ဆင်ထားသည့် လုံခြုံရေးစနစ် များကို တိုးမြှင့်ဆောင်ရွက်သင့်နေပြီ ဖြစ်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး အရာရှိ ဦးသန်းလွင် က ပြောသည်။

ဘဏ်များအနေဖြင့် ATM စက် များ လုံခြုံမှုရှိစေရန် စက်များကို နေ့စဉ်စစ်ဆေးခြင်း၊ စောင့်ကြည့် ကင်မရာ များဖြစ်သော စီစီတီဗွီကင်မရာများကို လက်လှမ်းမမီနိုင်သောနေရာများတွင်ထားရှိခြင်း၊ ဘဏ်လုံခြုံ ရေး ပုဂ္ဂိုလ်များကို စနစ်တကျ စောင့်ကြည့်စေခြင်းတို့ကို ပြုလုပ်ရမည်ဖြစ် ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူ များက ပြောသည်။

Yangon Media Group 

No comments:

Post a Comment