Monday 8 December 2014

ဘိန်းစိုက်ပျိုးမှုအများဆုံး ရှမ်းနှင့် ကချင်ဒေသများရှိ ပဋိပက္ခများက ဘိန်း အထွက်နှုန်း လျှော့ချရေး လုပ်ဆောင်ရာတွင် အခက်အခဲ ရှိနေ

Photo: ဘိန်းစိုက်ပျိုးမှုအများဆုံး ရှမ်းနှင့် ကချင်ဒေသများရှိ ပဋိပက္ခများက ဘိန်း အထွက်နှုန်း လျှော့ချရေး လုပ်ဆောင်ရာတွင် အခက်အခဲ ရှိနေ
Monday, December 8, 2014

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်သည့် ရှမ်းနှင့် ကချင်ပြည်နယ် များတွင် ဖြစ်ပေါ်နေသည့် ကာလရှည် ပဋိပက္ခများကလည်း ဘိန်းထွက်မှု လျှော့ချ ရေး လုပ်ငန်းများအပေါ် များစွာသက်ရောက်မှုရှိနေပြီး ပဋိပက္ခများပြား သော အခြေအနေများတွင် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ခက်ခဲနေကြောင်း မူးယစ်ဆေးသုံးစွဲသူများနှင့် ပတ်သက်၍ WHO၊ UN-AIDS နှင့် Save the Children တို့ ပူးပေါင်းလုပ်ဆောင်ထားသည့် ကျန်းမာရေး ဆိုင်ရာ အချက်အလက်များတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု၏ (၉ဝ) ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ် အတွင်း တည်ရှိကြောင်း၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးထိုးသူ အရေအတွက် မှာ တစ်နိုင်ငံလုံး ပျှမ်းမျှအရေအတွက် သိသိသာသာ များပြားနေပြီး အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်းမှာလည်း မြင့်မားနေကြောင်းနှင့် ယင်းပြဿနာများအား ပိုမိုဆိုးရွားစေသော အရာများမှာ အချိန်ပိုင်းလုပ်သားများ၊ ဆင်းရဲမှုဒဏ် ခံစားနေရသော ရွှေ့ပြောင်းလုပ်သားများကို ဆွဲဆောင်နေသော နယ်စပ်ဒေသတစ်လျှောက်ရှိ အကြီးစား သတ္တုတူးဖော်သည့် စီမံကိန်းများပင်ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ၁၉၉၉-၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် ဘိန်းစိုက်ရာသီတွင် စိုက်ပျိုးမှု ဟတ်တာ ၅၁၁ဝဝ ဟက်တာနှင့် ထုတ်လုပ်မှု တန် ၆၉ဝ ရှိနေသေးကြောင်း ဇွန်လ ၂၆ ရက်ကပြုလုပ်ခဲ့သည့် ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့’ တွင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးကို ဆက်လက်ဆောင်ရွက်ရန်အတွက် နောက်ထပ်ငါးနှစ် သက်တမ်းတိုးအဖြစ် ၂ဝ၁၉ ခုနှစ်အထိ စီမံကိန်းကာလကို တိုးမြှင့်လုပ်ဆောင်ရန် သတ်မှတ်ထားကြောင်းနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပြီး ဖမ်းဆီးရမိမှုများအနက် အများဆုံးမှာ ရှမ်းပြည်နယ်အတွင်းမှဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဦးစီးဌာန အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေး စီမံချက်၏ စဉ်ဆက်မပြတ် အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်း စောင့်ကြည့်လေ့လာခြင်း စစ်တမ်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မူးယစ်ဆေး ထိုးသူများအကြား အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်းမှာ ၂၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ စိုးရိမ်ဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူ အရေအတွက်မှာ တိုးပွားလာပြီး ယင်းတို့အနက် လူအများအပြားမှာ မူးယစ်ဆေးရှူ ရှိုက်ရာမှ အကြောတွင်းထိုးသွင်းခြင်းသို့ ကူးပြောင်းလုပ်ဆောင်လာကြပြီး ယင်းသည် နိုင်ငံအတွင်း အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုကို ကပ်ရောဂါအသွင် တစ်ဟုန်ထိုးဖြစ်သွားစေနိုင်ပြီး ဆေးသုံးစွဲသူများအကြား ရောဂါဖြစ်ပွားနှုန်းမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တင်းကျပ်လွန်းသော မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ထားခြင်းသည် မူးယစ်ဆေးထိုးသူများ အများအားဖြင့် ကြုံတွေ့နေရသော အန္တရာယ်များကို လျှော့ချရာတွင် အခက်အခဲ ဖြစ်စေကြောင်းနှင့် ဆေးသုံးစွဲသူများမှာ ထောင်ဒဏ်သုံးနှစ်မှ ငါးနှစ်အထိ ကျခံရနိုင်ပြီး ရောင်းဝယ်သူများ (ဘိန်းဖြူ  ၃ဂ ရမ်နှင့်အထက် လက်ဝယ်ပိုင်ဆိုင်သူများ) မှာ အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်ကြောင်း သိရသည်။

မြန်မာပြည် အနှံ့အပြားတွင် ယနေ့အထိ အဓိကမူးယစ်ဆေးစွဲ ရောဂါကုဌာနကြီး ၂၆ ခု၊ ဆေးကုဌာနငယ် ၄၇ ခု၊ စုစုပေါင်း မူးယစ်ဆေးစွဲ ရောဂါကုဌာန ၇၃ ခု ဖွင့်လှစ်ထားကြောင်းနှင့် မက်သာဒုန်းအစားထိုးဆေးရည် တိုက်ကျွေးရေးဌာန များကို ရှမ်းပြည်နယ်တွင် ၁၁ ခု၊ ကချင်ပြည်နယ်တွင် ၁၁ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ရန်ကုန်တိုင်းဒေသကြီး တွင် နှစ်ခု စုစုပေါင်း ဌာန ၃၅ ခုအား ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) 
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်သည့် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် ဖြစ်ပေါ်နေသည့် ကာလရှည် ပဋိပက္ခများကလည်း ဘိန်းထွက်မှု လျှော့ချရေးလုပ်ငန်းများအပေါ် များစွာသက်ရောက်မှု ရှိနေ ပြီး ပဋိပက္ခများပြား သော အခြေအနေများတွင် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလွန် ခက်ခဲနေကြောင်း မူးယစ်ဆေးသုံးစွဲသူများနှင့် ပတ်သက်၍ WHO၊ UN-AIDS နှင့် Save the Children တို့ ပူးပေါင်းလုပ်ဆောင်ထားသည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များတွင် ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု၏ (၉ဝ) ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ် အတွင်း တည်ရှိကြောင်း၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးထိုးသူ အရေအတွက်မှာ တစ်နိုင်ငံလုံး ပျှမ်းမျှအရေအတွက် သိသိ သာသာ များပြားနေပြီး အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်းမှာလည်း မြင့်မားနေကြောင်းနှင့် ယင်းပြဿနာများအား ပိုမိုဆိုးရွားစေသော အရာများမှာ အချိန်ပိုင်းလုပ်သားများ၊ ဆင်းရဲမှုဒဏ် ခံစားနေရသော ရွှေ့ပြောင်း လုပ်သားများကို ဆွဲဆောင်နေသော နယ်စပ်ဒေသတစ်လျှောက်ရှိ အကြီးစားသတ္တုတူးဖော်သည့် စီမံကိန်း များပင်ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ၁၉၉၉-၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် ဘိန်းစိုက်ရာသီတွင် စိုက်ပျိုးမှု ဟတ်တာ ၅၁၁ဝဝ ဟက်တာနှင့် ထုတ်လုပ်မှု တန် ၆၉ဝ ရှိနေသေးကြောင်း ဇွန်လ ၂၆ ရက်ကပြုလုပ်ခဲ့သည့် ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့’ တွင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးကို ဆက်လက်ဆောင်ရွက်ရန်အတွက် နောက်ထပ်ငါးနှစ် သက်တမ်း တိုးအဖြစ် ၂ဝ၁၉ ခုနှစ်အထိ စီမံကိန်းကာလကို တိုးမြှင့်လုပ်ဆောင်ရန် သတ်မှတ်ထားကြောင်းနှင့် မူးယစ် ဆေးဝါး ဖမ်းဆီးရမိမှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပြီး ဖမ်းဆီးရမိမှုများအနက် အများဆုံး မှာ ရှမ်းပြည်နယ်အတွင်းမှဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဦးစီးဌာန အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေး စီမံချက်၏ စဉ်ဆက်မပြတ် အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်း စောင့်ကြည့်လေ့လာခြင်း စစ်တမ်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မူးယစ်ဆေး ထိုးသူများအကြား အိပ်ခ်ျအိုင်ဗွီဖြစ်ပွားနှုန်းမှာ ၂၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ စိုးရိမ် ဖွယ် ကောင်းသည်မှာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူ အရေအတွက်မှာ တိုးပွားလာပြီး ယင်းတို့အနက် လူအများအပြားမှာ မူးယစ်ဆေးရှူ ရှိုက်ရာမှ အကြောတွင်းထိုးသွင်းခြင်းသို့ ကူးပြောင်းလုပ်ဆောင်လာကြပြီး ယင်းသည် နိုင်ငံအတွင်း အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုကို ကပ်ရောဂါအသွင် တစ်ဟုန်ထိုးဖြစ်သွား စေနိုင်ပြီး ဆေးသုံးစွဲသူများအကြား ရောဂါဖြစ်ပွားနှုန်းမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တင်းကျပ်လွန်းသော မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ထားခြင်းသည် မူးယစ် ဆေးထိုးသူများ အများအားဖြင့် ကြုံတွေ့နေရသော အန္တရာယ်များကို လျှော့ချရာတွင် အခက်အခဲ ဖြစ်စေ ကြောင်းနှင့် ဆေးသုံးစွဲသူများမှာ ထောင်ဒဏ်သုံးနှစ်မှ ငါးနှစ်အထိ ကျခံရနိုင်ပြီး ရောင်းဝယ်သူများ (ဘိန်းဖြူ  ၃ဂ ရမ်နှင့်အထက် လက်ဝယ်ပိုင်ဆိုင်သူများ) မှာ အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ တစ်သက်တစ်ကျွန်း အထိ ကျခံနိုင်ကြောင်း သိရသည်။

မြန်မာပြည် အနှံ့အပြားတွင် ယနေ့အထိ အဓိကမူးယစ်ဆေးစွဲ ရောဂါကုဌာနကြီး ၂၆ ခု၊ ဆေးကုဌာနငယ် ၄၇ ခု၊ စုစုပေါင်း မူးယစ်ဆေးစွဲ ရောဂါကုဌာန ၇၃ ခု ဖွင့်လှစ်ထားကြောင်းနှင့် မက်သာဒုန်းအစားထိုး ဆေးရည် တိုက်ကျွေးရေးဌာန များကို ရှမ်းပြည်နယ်တွင် ၁၁ ခု၊ ကချင်ပြည်နယ်တွင် ၁၁ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင်ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ရန်ကုန်တိုင်းဒေသကြီး တွင် နှစ်ခု စုစုပေါင်း ဌာန ၃၅ ခုအား ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment