Monday 8 December 2014

တက်တူး ဆိုင်များဖွင့်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းချမှုများ ရှိနေ

Photo: တက်တူး ဆိုင်များဖွင့်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းချမှုများ ရှိနေ
Monday, December 8, 2014

လူငယ်အများစု စိတ်ဝင်စားသည့် တက်တူးနှင့် ကားအလှဆင် စတစ်ကာဆိုင်တို့ ဖွင့်လှစ်ပြီး နောင်ကွယ်တွင် မူးယစ်ဆေး ဝါးရောင်းချမှုများ ရှိနေကြောင်း ချမ်းအေး သာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက တိုင်းလွှတ်တော် ပဉ္စမနေ့တွင် ပြောသည်။

“မူးယစ်ဆေးဝါး ရောင်းစားသူတွေဟာ လူငယ်တွေ စိတ်<င်စားတတ်တဲ့ တက်တူးဆိုင်၊ ကားအလှ စတစ်ကာ ဆိုင်တွေကို ဗန်းပြပြီး ရောင်းဝယ်နေကြတာကို လေ့လာတွေ့ရှိရတယ် ”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်တွင် ရတနာပုံ စစ်ဆင်ရေးတို့ဖြင့် အရှိန်ဟုန် မြှင့် ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် လူငယ်များကို အခြေပြုကာ လူငယ်အများစု သွားလာစုစည်းတတ်သည့် နေရာများတွင် မူးယစ်ဆေးဝါးရောင်းချခြင်း ရှိ/မရှိ အတည် ပြုစုံစမ်းခြင်းရှိပါက ဖမ်းဆီးအရေးယူခြင်း တို့ ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - News in Burmese
လူငယ်အများစု စိတ်ဝင်စားသည့် တက်တူးနှင့် ကားအလှဆင် စတစ်ကာဆိုင်တို့ ဖွင့်လှစ်ပြီး နောင်ကွယ် တွင် မူးယစ်ဆေး ဝါးရောင်းချမှုများ ရှိနေကြောင်း ချမ်းအေး သာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက တိုင်းလွှတ်တော် ပဉ္စမနေ့တွင် ပြောသည်။

“မူးယစ်ဆေးဝါး ရောင်းစားသူတွေဟာ လူငယ်တွေ စိတ်<င်စားတတ်တဲ့ တက်တူးဆိုင်၊ ကားအလှ စတစ်ကာ ဆိုင်တွေကို ဗန်းပြပြီး ရောင်းဝယ်နေကြတာကို လေ့လာတွေ့ရှိရတယ် ”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်တွင် ရတနာပုံ စစ်ဆင်ရေးတို့ဖြင့် အရှိန် ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် လူငယ်များကို အခြေပြုကာ လူငယ်အများစု သွားလာ စုစည်း တတ်သည့် နေရာများတွင် မူးယစ်ဆေးဝါးရောင်းချခြင်း ရှိ/မရှိ အတည် ပြုစုံစမ်းခြင်းရှိပါက ဖမ်းဆီး အရေးယူခြင်း တို့ ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment