Monday 8 December 2014

လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော

Photo: လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော
Monday, December 8, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုခုနှစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးကို ဒီကနေ့ မနက်ပိုင်းက ကော့စမွေ တရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ် တရားသူကြီးက အခုလို ပြောဆိုလိုက်တာပါ။

အစိုးရရှေ့နေဘက်က စွဲဆိုထားတဲ့ ပြစ်မှုတွေကို တရားသူကြီးက မြန်မာနှစ်ဦးကို အသိပေး ဖတ်ပြခဲ့ပြီး အမှုကို ကျူးလွန်ကြောင်း ဝန်ခံမလား၊ ဆက်လက် ရင်ဆိုင်မလားဆိုပြီး မေးမြန်းခဲ့တာလို့ ဦးမင်းဦးက ပြန်လည် ပြောပါတယ်။

တရားသူကြီးက မြန်မာနှစ်ဦးကို အမှုနဲ့ ပတ်သက်ပြီး ဝန်ခံမလား ဝန်ခံရင် အမှုသက်သာမယ် ဒါမှ မဟုတ်ရင် ဘယ်လို သဘောရှိသလဲဆိုပြီး မေးမြန်းခဲ့တာလို့ သူက ဆိုပါတယ်။

“အမှုတွဲကို ဖတ်ပြပြီး (တရားသူကြီးက) ဘယ်လိုအမှုတွေ ကျူးလွန်တယ်ဆိုတာကို သိစေတယ်။ ကလေးတွေက သူတို့ မကျူးလွန်ကြောင်း တုန့်ပြန်တယ်”လို့ ဦးမင်းဦးက ရှင်းပြပါတယ်။

မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွဲဆိုထားတာနဲ့ ပတ်သက်လို့ ဒီကနေ့မှာ ဆက်လက် စစ်ဆေးနေပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို ရုံးချိန်းထားတယ်လို့ သူက ပြောဆိုပါတယ်။

မြန်မာနှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု အပါအဝင် အမှုခုနှစ်ခုနဲ့ ထိုင်းအစိုးရ ရှေ့နေက ဒီဇင်ဘာလ ၄ ရက်နေ့က ကော့စမွေ တရားရုံးမှာ စွဲချက်တင်တာကို တရားရုံးက လက်ခံခဲ့ပါတယ်။

The Voice Weekly
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုခုနှစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးကို ဒီကနေ့ မနက်ပိုင်းက ကော့စမွေ တရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ် တရားသူကြီးက အခုလို ပြောဆို လိုက် တာပါ။

အစိုးရရှေ့နေဘက်က စွဲဆိုထားတဲ့ ပြစ်မှုတွေကို တရားသူကြီးက မြန်မာနှစ်ဦးကို အသိပေး ဖတ်ပြခဲ့ပြီး အမှုကို ကျူးလွန်ကြောင်းဝန်ခံမလား၊ ဆက်လက်ရင်ဆိုင်မလားဆိုပြီး မေးမြန်းခဲ့တာလို့ ဦးမင်းဦးက ပြန် လည် ပြောပါတယ်။

တရားသူကြီးက မြန်မာနှစ်ဦးကို အမှုနဲ့ ပတ်သက်ပြီး ဝန်ခံမလား ဝန်ခံရင် အမှုသက်သာမယ် ဒါမှ မဟုတ် ရင် ဘယ်လို သဘောရှိသလဲဆိုပြီး မေးမြန်းခဲ့တာလို့ သူက ဆိုပါတယ်။

“အမှုတွဲကို ဖတ်ပြပြီး (တရားသူကြီးက) ဘယ်လိုအမှုတွေ ကျူးလွန်တယ်ဆိုတာကို သိစေတယ်။ ကလေး တွေ က သူတို့ မကျူးလွန်ကြောင်း တုန့်ပြန်တယ်”လို့ ဦးမင်းဦးက ရှင်းပြပါတယ်။

မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွဲဆိုထားတာနဲ့ ပတ်သက်လို့ ဒီကနေ့မှာ ဆက်လက် စစ်ဆေးနေပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို ရုံးချိန်းထားတယ်လို့ သူက ပြောဆိုပါတယ်။

မြန်မာနှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု အပါအဝင် အမှုခုနှစ်ခုနဲ့ ထိုင်းအစိုးရ ရှေ့နေက ဒီဇင်ဘာလ ၄ ရက်နေ့က ကော့စမွေတရားရုံးမှာ စွဲချက်တင်တာကို တရားရုံးကလက်ခံခဲ့ ပါတယ်။

The Voice Weekly 

No comments:

Post a Comment