Monday 8 December 2014

အမေရိကန် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ တိုင်းအစိုးရ နှစ်စဉ်မြေငှားရမ်းခ ကျပ်သန်း ၁၀၀ ခန့်ရမည်

အမေရိကန် ACO ကုမ္ပဏီက တည်ဆောက်မည့် နေ ရောင်ခြည်သုံး ဓာတ်အား ပေး စက် ရုံနှစ်ခုအတွက် မန္တလေးတိုင်းဒေ သကြီးအစိုးရက မြေငှားခနှစ်စဉ် ကန်ဒေါ်လာတစ်သိန်း(ကျပ်သန်း ၁၀၀ ခန့်) ရရှိမည်ဖြစ် ကြောင်းသတင်းရရှိသည်။

ACO ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နှင့် နဘူးအိုင်ကျေးရွာ တို့တွင် ယင်းဓာတ်အားပေးစက်ရုံ တည်ဆောက်မည် ဖြစ် သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ က စက်ရုံတစ်ခုလျှင်မြေဧကတစ် ထောင်စီဖြင့် မြေဧက နှစ်ထောင်ကို ငှားရမ်း မည်ဖြစ်သည်။ မြေငှားရမ်းမှုအနေဖြင့် တစ်ဧကအတွက် တစ်နှစ်လျှင် ဒေါ်လာ ၅၀ကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ရရှိမည် ဖြစ်သည်ဟု မန္တလေးတိုင်းဒေသ ကြီးလျှပ်စစ်နှင့် စက်မှုဝန်ကြီးဦး ကျော်မြင့်က ပြောသည်။ ထိုစက် ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်ထောင်စုအစိုးရက တစ်ယူနစ်လျှင် ၁၃ဆင့်(၁၃၀ ကျပ်ခန့်) ဖြင့် ပြန်လည်ဝယ်ယူ မည်ဖြစ်သည်။

စက်ရုံ တည်ဆောက်ရန်  ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရ ပြီဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေငှားစာချုပ်လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီး အစိုးရနှင့် လက်မှတ် ရေးထိုး ပြီးပါက ယင်းမဂ္ဂါဝပ် ၁၅၀ဓာတ်အားပေးစက်ရုံနှစ်ခုကို ၂၀၁၅ ဧပြီတွင် စတင်ဆောက်လုပ်မည်ဖြစ်ကာ အမေရိကန်နိုင် ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ၌ အကြီးမားဆုံးဖြစ် သည်။

‘‘နေရောင်ခြည် စွမ်းအင်နဲ့ လျှပ်စစ်ထုတ်ပြီးတော့ နိုင်ငံတော် မဟာဓာတ်အား လိုင်းကို ပြန် ရောင်းဖို့ သဘောတူထားတယ်’’ ဟု မန္တလေးတိုင်းဒေသကြီးလျှပ် စစ်နှင့် စက်မှုဝန်ကြီးဦးကျော်မြင့် ကပြောသည်။

ယင်းစက်ရုံနှစ်ခုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ဖြစ်ပြီး  ၂၀၁၆တွင် စီမံကိန်းပြီးစီး ပါက ထွက်ရှိ လာမည့် လျှပ်စစ် ဓာတ်အားသည်  မြန်မာနိုင်ငံ ဓာတ်အားထုတ်လုပ်မှု၏ ၁၀ရာ ခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်း ရှိလာနိုင် သည်ဟု ACOဘက်က ခန့်မှန်း ထားသည်။

လုပ်ငန်းစတင်ပြီး ရှစ်လမှ ဆယ်လအတွင်း လျှပ်စစ်မဂ္ဂါဝပ် ၁၀၀ထုတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ACO ဘက်က သဘောတူထားသည်။

မြေငှားရမ်းမှုစာချုပ်ကို တိုင်းဒေသကြီး ဥပဒေချုပ်မှတစ်ဆင့် ပြည်ထောင်စုရှေ့နေချုပ်ထံတင် ပြထား ကြောင်း နှင့် မြေငှားစာချုပ် ချုပ်ဆိုပြီးပါက တိုင်းဒေသကြီးအ စိုးရပိုင်မြေများကို မြေယာဥပဒေအတိုင်း လုပ်ဆောင်ပြီး ၂၀၀၅ ဧပြီတွင် လုပ်ငန်းစတင်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးကျော်မြင့်က ပြော သည်။

ACO က ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုကြောင့် မန္တလေးတိုင်းရှိဆောက်လုပ်ရေးလုပ်ငန်း တွင် လုပ်သားလေးရာနှင့် စက်ရုံ၌ အမြဲတမ်းဝန်ထမ်း တစ်ရာခန့် အလုပ်ရ နိုင်ကြောင်း ပြောသည်။

ACO သည် နယူးယောက် အခြေစိုက် စီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်ပြီး စွမ်းအင်၊ လေကြောင်း ပို့ဆောင် ရေးနှင့်  Tele-com လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment