Thursday 11 September 2014

သမ္မတခရီးစဉ်တွင် ကဏ္ဍအများစုအတွက် ဥရောပသုံးနိုင်ငံမှ အကူအညီများရခဲ့

 မြန်မာနိုင်ငံ၏ သယံဇာတနှင့် အရင်းအမြစ်များ စီမံခန့်ခွဲ ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပြည်ထောင်စုစနစ်ကျင့်သုံးရေး နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး တို့တွင် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရန် ကတိက၀တ်များ ကို သမ္မတခရီးစဉ် အတွင်း ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁ မှ ၉ ရက်အထိ သမ္မတ ဦးသိန်းစိန်၏ ဆယ်ရက် ကြာ ဥရောပသုံးနိုင်ငံခရီးစဉ်အ တွင်း ငွေကြေး အကူအညီသာမက နည်းပညာနှင့် အတတ်ပညာပူး ပေါင်းဖလှယ်ခြင်းဆိုင်ရာ အကူအ ညီများကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့် အတူလိုက်ပါသွားသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အီးမေးလ်မှ တစ်ဆင့် ဖြေကြား သည်။ သုံးနိုင်ငံခရီးစဉ်များတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲများ၌ မြန်မာနိုင်ငံ တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍ ဥရော ပခေါင်းဆောင်များက တိုက်တွန်း ပြောကြားမှုများရှိခဲ့သည်။ ထို့ပြင် မြန်မာ့နိုင်ငံရေးအတွက် အရေး ကြီးသည့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိရန်ကိုလည်း အထူးဦးစားပေးပြောကြားခဲ့ကြောင်း နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။

‘‘တွေ့ဆုံမှုတွေမှာ မြန်မာက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်တဲ့အတွက် ဝေဖန်ပြစ် တင်တာထက် ပူးပေါင်းကူညီဖြေ ရှင်းတဲ့ချဉ်းကပ်နည်းနဲ့ ဆွေးနွေး နိုင်ခဲ့တယ်။ တချို့က နိုင်ငံတ ကာအကူအညီဆိုရင် ငွေကြေးလို့ ပဲ ထင်နေကြတယ်။ အခု ခရီးစဉ် မှာ ဒီသုံးနိုင်ငံဆီကရတဲ့ ပူးပေါင်း ဆောင်ရွက်မှု အကူအညီ ဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို သက်ဆိုင်ရာနိုင်ငံများက ထိ တွေ့ဆက်ဆံပြီး နည်းပညာ၊ အတတ် ပညာတွေ လွှဲပြောင်းပေး မှာ။ ဘဏ္ဍာရေးဆိုင်ရာအကူအညီတွေပေးမယ့် ဘက်စုံပူးပေါင်းကူညီမှုရခဲ့တာပါ’’ဟု ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွစ်ဇာလန်နိုင်ငံက ငါးနှစ်စီမံကိန်းဖြင့် အမေရိကန် ဒေါ်လာ ၁၆၄ သန်းထောက်ပံ့ကူ ညီရန် သဘောတူညီမှုရခဲ့ပြီး နယ်သာလန်နိုင်ငံကလည်း ရေအရင်း အမြစ်စီမံခန့်ခွဲမှုနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ငွေကြေး ထောက်ပံ့ကူညီမှုရခဲ့ကြောင်း ၎င်း ကဆိုသည်။

‘‘လောလောဆယ် နယ်သာ လန်ကတော့ ငွေကြေးမပါသေး ပေမယ့် နယ်သာလန်ဝန်ကြီးချုပ် နဲ့ သမ္မတကြီး တို့ နှစ်ဦးချင်းတွေ့ ဆုံမှုမှာတော့ ဘာတွေသဘောတူ ညီခဲ့လည်း မသိရသေးဘူး။ ဒါပေ မဲ့ ရေအရင်း အမြစ်ဖွံ့ဖြိုး တိုး တက်ရေးအတွက်လည်း နှစ်နိုင်ငံ စာချွန်လွှာလက်မှတ်ထိုးပြီးပြီဆို တော့ ငွေတော့ပါနိုင်ပါ တယ်’’ဟု ၎င်းက ပြောသည်။

ယခုရရှိသော ကတိက၀တ် များအရ မြန်မာအစိုးရ၀န်ထမ်း များသာမက သာမန်အရပ်သား ပြည်သူများထဲမှ တက္ကသိုလ် ကျောင်းသားနှင့် ဘွဲ့ရ၊ ဘွဲ့ကြို ကျောင်းသားများပါ ပညာတော် သင်စေလွှတ်မည့် အစီအစဉ်များ ကို ယင်းသုံးနိုင်ငံနှင့် ပညာရေးဝန် ကြီးဋ္ဌာနတို့ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားထားသည်။

7Day DAILY 

No comments:

Post a Comment