Thursday 11 September 2014

ကမ္ဘာကျော် ဝေါ့ဒစ္စနေးဇာတ်ကောင်များ ကိုယ်တိုင် တင်ဆက်မည့် ဖျော်ဖြေပွဲ ပထမအကြိမ်ကျင်းပ

ကမ္ဘာကျော်ကာတွန်း ဇာတ်ကောင်များဖြစ်သည့် မစ်ကီ၊ မင်နီအပါအ၀င် ဝေါ့ဒစ္စနေး(Wilt Disney) ဇာတ်ကောင် များ ကိုယ်တိုင်ကပြမည့်တင်ဆက်မှုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သွားရန် အစီ အစဉ် ရှိကြောင်း သတင်းရရှိသည်။
ယင်းတင်ဆက်မှုအစီအစဉ်တွင် ဝေါ့ဒစ္စနေ၏နာမည်ကျော် ဇာတ်လမ်းသုံးခုဖြစ်သည့် စနိုးဝှိုက်နှင့် လူပုလေး ခုနစ်ယောက်၊ စင်ဒရဲလား၊ Beauty & The Best တို့ကို ကပြတင်ဆက်သွားမည်ဖြစ်ပြီး Disney မှ ဇာတ်ကောင် ၂၅ ဦး ပါဝင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို အောက်တိုဘာ ၈ ရက်မှ ၁၂ ရက် အထိ Myanmar Event Park ၌ ပြုလုပ် သွားမည်ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ကျပ်တစ်သောင်းမှ တစ်သိန်းအထိ အမျိုးအစားငါးမျိုးသတ်မှတ် ကာရောင်း ချပေးသွားမည်ဖြစ်သည်။

ဝေါ့ဒစ္စနေး၏ Three Class  Fairly Tales အစီအစဉ်ကို Forever BEC-Teroမှ ဦးဆောင်တင် ဆက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ အာ မခံကုမ္ပဏီတစ်ခုက အဓိကကူညီပံ့ပိုးပေးထားသည်။

7Day DAILY

No comments:

Post a Comment