Thursday 11 September 2014

အိမ်ရှင်ဗီယက်နမ် ပရိသတ်များ ပိုမိုအားပေးနိုင်ရန် ယူ ၁၉ မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲ အချိန်ပြောင်း ကျင်းပမည်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ ချန်ပီယံရှစ် ယူ ၁၉ ဘောလုံးပြိုင်ပွဲ၏ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ တွေ့ဆုံမည့် အကြိုဗိုလ်လုပွဲစဉ်ကို ဗီယက်နမ် ပရိသတ်များ ပိုမိုလာရောက် ကြည့်ရှုနိုင်စေရန် အချိန်ပြောင်းလဲ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
အကြိုဗိုလ်လုပွဲများကို စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ ယူ ၁၉ အသင်းနှင့် ဗီယက်နမ် အသင်းတို၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီအစား ညနေ ၆ နာရီ ၄၅ မိနစ် သို့ ပြောင်းလဲခဲ့ပြီး ဂျပန်အသင်းနှင့် ထိုင်းအသင်းတို့ ပထမပွဲစဉ်အဖြစ် ယင်းနေ့ ညနေ ၄ နာရီတွင် ယှဉ်ပြိုင် ရမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပွဲချိန် ပြောင်းလဲရခြင်းမှာ အိမ်ရှင်ပရိသတ်များ ပိုမိုအားပေး ကြည့်ရှုနိုင်ရန် ရည်ရွယ်ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် အသင်းမန်နေဂျာများ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ခြင်း ဖြစ် သည်။

တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကိုမူ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ အာဆီယံ ချန်ပီယံရှစ် ယူ၁၉ ပြိုင်ပွဲတစ်လျှောက် အောင်မြင်မှု အရှိဆုံး အသင်းများမှာ ထိုင်းနှင့် သြစတြေးလျတို့ ဖြစ်ပြီး သုံးကြိမ်စီ ဗိုလ်စွဲထားသည်။

The Voice Weekly

No comments:

Post a Comment