Thursday 11 September 2014

ဩစတြေးလျတွင် အီဘိုလာ ကူးစက်သည်ဟု သံသယရှိသူ တစ်ဦးကို သီးသန့်ခွဲခြား ကုသပေးနေ

Photo: ဩစတြေးလျတွင် အီဘိုလာ ကူးစက်သည်ဟု သံသယရှိသူ တစ်ဦးကို သီးသန့်ခွဲခြား ကုသပေးနေ
Thursday, September 11, 2014

အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော အခြေအနေကြောင့် မိမိတို့ နိုင်ငံသားတစ်ဦးကို သီးသန့် ခွဲခြား စောင့်ကြည့်ကုသပေးနေကြောင်း ဩစတြေးလျ ဆေးရုံတစ်ခုက ကြေညာခဲ့သည်။

အာဖရိက နိုင်ငံတစ်ခုသို့ သွားရောက်ခဲ့ဖူးသည့် အဆိုပါ ဩစတြေးလျ နိုင်ငံသားတွင် အီဘိုလာရောဂါနှင့် ဆင်တူသည့် လက္ခဏာများ ပြသလာခဲ့သဖြင့် ယခုကဲ့သို့ ခွဲခြားဖယ်ရှားထားခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးဌာန တာဝန်ရှိသူများက အနောက်အာဖရိကကို ခြိမ်းခြောက်နေသည့် ကြောက်မက်ဖွယ် ရောဂါဆိုး ဩစတြေးလျသို့ ရောက်ရှိလာခြင်းဟု ယူဆရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဆိုသည်။

အသက်(၂၀)ကျော်မျှရှိသည့် အမျိုးသားကို ကွင်းစ်လန် ပြည်နယ်ရှိ ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံသို့ တင်ပို့ထားသည်။ ၎င်းကို ပြုစုကုသနေသည့် ကျန်းမာရေး ဝန်ထမ်းအားလုံးသည် လိုအပ်သော အကာအကွယ် ပစ္စည်းများကို အသုံးပြုနေကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် (၂)ရက်က အနောက်အာဖရိကမှ ပြန်ရောက်လာသည့် အမျိုးသားသည် ထိုစဉ်ကတည်းက အပြင်းအထန် ဖျားနာလာခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြားထားသည်။

ဂိုးလ်ကို့စ် ကျန်းမာရေး တာဝန်ရှိသူများက အဖျားတက်ခြင်း အပါအဝင် အီဘိုလာ ရောဂါ၏ လက္ခဏာများ ပြသနေသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူနာကို ခွဲခြားထားရှိသော်လည်း ကနဦး စစ်ဆေးမှုများအရ ယင်းရောဂါ လက်တွေ့ ဖြစ်ပွားနေသည်ဟု ယူဆနိုင်လောက်စရာ မတွေ့ရကြောင်း ဆိုသည်။

“နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေကြောင့် လူနာကို သီးခြားခွဲထားတာ ဖြစ်ပါတယ်”ဟု ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံ ၏ ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေးဌာနမှ ဒေါက်တာ ဂျွန်ဂါရတ်က ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ ပြောနိုင်တာက ဒီလူနာက အီဘိုလာ ကူးစက်လာတာ ဖြစ်နိုင်ဖို့ အခြေအနေ အင်မတန် နည်းပါးတယ် ဆိုတာပါပဲ”ဟုလည်း ၎င်းက ပြောကြားသွားသည်။

လူနာအတွက် တိကျသော ဆေးစစ်မှတ်တမ်းများသည် အစောဆုံးအဖြစ် စက်တင်ဘာ (၁၁)ရက် ညနေပိုင်းတွင် ရရှိလာမည်ဟု မျှော်လင့်ရသည်။ ယခုနှစ်အတွင်း အနောက်အာဖရိက နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါပိုးကြောင့် လူပေါင်း(၂၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY
အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော အခြေအနေကြောင့် မိမိတို့ နိုင်ငံသားတစ်ဦးကို သီးသန့် ခွဲခြား စောင့်ကြည့်ကုသပေးနေကြောင်း ဩစတြေးလျ ဆေးရုံတစ်ခုက ကြေညာခဲ့သည်။
အာဖရိက နိုင်ငံတစ်ခုသို့ သွားရောက်ခဲ့ဖူးသည့် အဆိုပါ ဩစတြေးလျ နိုင်ငံသားတွင် အီဘိုလာရောဂါနှင့် ဆင်တူသည့် လက္ခဏာများ ပြသလာခဲ့သဖြင့် ယခုကဲ့သို့ ခွဲခြားဖယ်ရှားထားခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးဌာန တာဝန်ရှိသူများက အနောက်အာဖရိကကို ခြိမ်းခြောက်နေသည့် ကြောက် မက် ဖွယ် ရောဂါ ဆိုး ဩစတြေးလျသို့ ရောက်ရှိလာခြင်းဟု ယူဆရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဆိုသည်။

အသက်(၂၀)ကျော်မျှရှိသည့် အမျိုးသားကို ကွင်းစ်လန် ပြည်နယ်ရှိ ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံသို့ တင်ပို့ ထားသည်။ ၎င်းကို ပြုစုကုသနေသည့် ကျန်းမာရေး ဝန်ထမ်းအားလုံးသည် လိုအပ်သော အကာအကွယ် ပစ္စည်းများကို အသုံးပြုနေကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် (၂)ရက်က အနောက်အာဖရိက မှ ပြန်ရောက်လာသည့် အမျိုးသားသည် ထိုစဉ်ကတည်းက အပြင်းအထန် ဖျားနာလာခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြားထားသည်။

ဂိုးလ်ကို့စ် ကျန်းမာရေး တာဝန်ရှိသူများက အဖျားတက်ခြင်း အပါအဝင် အီဘိုလာ ရောဂါ၏ လက္ခဏာ များ ပြသနေသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူနာကို ခွဲခြားထားရှိသော်လည်း ကနဦး စစ်ဆေး မှုများ အရ ယင်းရောဂါ လက်တွေ့ ဖြစ်ပွားနေသည်ဟု ယူဆနိုင်လောက်စရာ မတွေ့ရကြောင်း ဆိုသည်။

“နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေကြောင့် လူနာကို သီးခြားခွဲထား တာ ဖြစ်ပါတယ်”ဟု ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံ ၏ ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေးဌာနမှ ဒေါက်တာ ဂျွန်ဂါရတ်က ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ ပြောနိုင်တာက ဒီလူနာက အီဘိုလာ ကူးစက်လာတာ ဖြစ်နိုင်ဖို့ အခြေအနေ အင်မတန် နည်းပါးတယ် ဆိုတာပါပဲ”ဟုလည်း ၎င်းက ပြောကြားသွားသည်။

လူနာအတွက် တိကျသော ဆေးစစ်မှတ်တမ်းများသည် အစောဆုံးအဖြစ် စက်တင်ဘာ (၁၁)ရက် ညနေပိုင်းတွင် ရရှိလာမည်ဟု မျှော်လင့်ရသည်။ ယခုနှစ်အတွင်း အနောက်အာဖရိက နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါပိုးကြောင့် လူပေါင်း(၂၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment