Thursday 11 September 2014

အစွန်းရောက် အစ္စလာမ္မစ်များကို လွှတ်တော်၏ ခွင့်ပြုချက်မယူဘဲ စစ်ရေးဖြင့် နှိမ်နင်းနိုင်သည့် အာဏာရှိဟု အိုဘားမားပြော၊ ဂျွန်ကယ်ရီ၏ IS အုပ်စု ချေမှုန်းရေး ခရီးစဉ် စတင်

Photo: အစွန်းရောက် အစ္စလာမ္မစ်များကို လွှတ်တော်၏ ခွင့်ပြုချက်မယူဘဲ စစ်ရေးဖြင့် နှိမ်နင်းနိုင်သည့် အာဏာရှိဟု အိုဘားမားပြော၊ ဂျွန်ကယ်ရီ၏ IS အုပ်စု ချေမှုန်းရေး ခရီးစဉ် စတင်
Thursday, September 11, 2014

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ၎င်းသည် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် ရယူစရာ မလိုဘဲ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများကို စစ်ရေးဖြင့် တိုက်ခိုက်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ရှိထားသည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင် နယ်မြေများ သိမ်းယူရုံသာမက ဘာသာခြားများကို အန္တရာယ်ပေး တိုက်ခိုက်လျက်ရှိသည့် IS အုပ်စုအား ကြီးမားကျယ်ပြန့်သည့် စစ်အင်အား အသုံးပြုကာ တိုက်ခိုက်ခွင့်ရှိသည့် အာဏာ မိမိတွင်ရှိကြောင်း ဘားရက်အိုဘားမားက ပြောဆိုခြင်း ဖြစ်သည်။
သမ္မတအိုဘားမားသည် အီရတ်နှင့် ဆီးရီးယား အရေးကိစ္စနှင့် ပတ်သက်၍ ကွန်ဂရက်၌ မိန့်ခွန်းပြောဆိုမှု မပြုမီ အထက်ပါအတိုင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

အိုဘားမားက ယင်းသို့ ထုတ်ဖော် ပြောဆိုသည့် နေ့မှာပင် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ သွားရောက်ပြီး အီရတ်အစိုးရ အဖွဲ့သစ် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ IS စစ်သွေးကြွ အုပ်စုများအပေါ် နှိမ်နင်းဖြိုခွင်းမည့်ကိစ္စကို ဆွေးနွေးသည်။
“မကောင်းဆိုးဝါး အုပ်စုဖြစ်တဲ့ ISIS ရဲ့ ခြိမ်းခြောက်မှုကို ကမ္ဘာ့နိုင်ငံတိုင်းက ရှင်းလင်း သုတ်သင်ကြရမှာ ဖြစ်ပါတယ်” ဟု ဂျွန်ကယ်ရီက အီရတ်နိုင်ငံသို့ မထွက်ခွာမီ ပြောကြားသည်။

IS အုပ်စုသည် အီရတ်၌ သတင်းရယူလျက် ရှိသော အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး အမေရိကန် အကျိုးစီးပွားများကို ဆက်လက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ပြောဆိုထားသည်။
အဆိုပါ IS အုပ်စုကို နှိမ်နင်းရာတွင် ဒေသတွင်းနိုင်ငံများ၊ အင်အားစုများနှင့် ညွန့်ပေါင်းဖွဲ့နိုင်ရန် ဂျွန်ကယ်ရီက အီရတ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။
အိုဘားမားသည် IS အုပ်စုကို ချေမှုန်းမည့် မဟာဗျူဟာ အသေးစိတ်ကို အမေရိကန်ပြည်သူများအား ထုတ်ဖော်ပြောဆိုမှု မပြုမီ ဒီမိုကရက်နှင့် ရီပတ်ဘလီကန်ပါတီတို့မှ ခေါင်းဆောင်များနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးသည်။

ဤအတောအတွင်းမှာပင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် IS အုပ်စုများကို အမေရိကန်စစ်ဘက်က စစ်လေယာဉ်များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။
အိုဘားမား၏ လက်ထောက်ဖြစ်သူများ၏ အဆိုအရ အမေရိကန်သမ္မတသည် IS အုပ်စုများကို စစ်ရေးဖြင့် တိုက်ခိုက်ချေမှုန်းရာတွင် ကွန်ဂရက်လွှတ်တော်၏ သဘောတူညီချက် ရယူလိမ့်မည် မဟုတ်ကြောင်း သိရသည်။
Foreign Policy မဂ္ဂဇင်း၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံသားများသည် IS အုပ်စုအပေါ် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ထောက်ခံကြကြောင်း သိရသည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု သမ္မတဘားရက်အိုဘားမားက ၎င်းသည် ကွန်ဂရက်လွှတ်တော်၏ အတည်ပြု ချက် ရယူစရာ မလိုဘဲ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများကို စစ်ရေးဖြင့် တိုက်ခိုက်နိုင်သည့် လုပ်ပိုင်ခွင့် အာဏာ ရှိထားသည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြ သည်။
အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင် နယ်မြေများ သိမ်းယူရုံသာမက ဘာသာခြားများကို အန္တရာယ်ပေး တိုက် ခိုက်လျက်ရှိသည့် IS အုပ်စုအား ကြီးမားကျယ်ပြန့်သည့် စစ်အင်အား အသုံးပြုကာ တိုက်ခိုက်ခွင့်ရှိသည့် အာဏာ မိမိတွင်ရှိကြောင်း ဘားရက်အိုဘားမားက ပြောဆိုခြင်း ဖြစ်သည်။ သမ္မတအိုဘားမားသည် အီရတ်နှင့် ဆီးရီးယား အရေးကိစ္စနှင့် ပတ်သက်၍ ကွန်ဂရက်၌ မိန့်ခွန်းပြောဆိုမှု မပြုမီ အထက်ပါအတိုင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

အိုဘားမားက ယင်းသို့ ထုတ်ဖော် ပြောဆိုသည့် နေ့မှာပင် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ သွားရောက်ပြီး အီရတ်အစိုးရ အဖွဲ့သစ် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ IS စစ်သွေးကြွ အုပ်စုများအပေါ် နှိမ်နင်းဖြိုခွင်းမည့်ကိစ္စကို ဆွေးနွေးသည်။ “မကောင်းဆိုးဝါး အုပ်စုဖြစ်တဲ့ ISIS ရဲ့ ခြိမ်းခြောက်မှုကို ကမ္ဘာ့နိုင်ငံတိုင်းက ရှင်းလင်း သုတ်သင်ကြရမှာ ဖြစ်ပါတယ်” ဟု ဂျွန်ကယ်ရီက အီရတ်နိုင်ငံသို့ မထွက်ခွာမီ ပြောကြားသည်။

IS အုပ်စုသည် အီရတ်၌ သတင်းရယူလျက် ရှိသော အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦး ကို ခေါင်းဖြတ် သတ်ခဲ့ပြီး အမေရိကန် အကျိုးစီးပွားများကို ဆက်လက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ပြောဆိုထားသည်။ အဆိုပါ IS အုပ်စုကို နှိမ်နင်းရာတွင် ဒေသတွင်းနိုင်ငံများ၊ အင်အားစုများနှင့် ညွန့်ပေါင်းဖွဲ့နိုင်ရန် ဂျွန်ကယ်ရီက အီရတ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။ အိုဘားမားသည် IS အုပ်စုကို ချေမှုန်းမည့် မဟာဗျူဟာ အသေးစိတ်ကို အမေရိကန်ပြည်သူများအား ထုတ်ဖော်ပြောဆိုမှု မပြုမီ ဒီမိုကရက်နှင့် ရီပတ်ဘလီကန်ပါတီတို့မှ ခေါင်းဆောင်များနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးသည်။

ဤအတောအတွင်းမှာပင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် IS အုပ်စုများကို အမေရိကန်စစ်ဘက်က စစ်လေယာဉ်များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။ အိုဘားမား၏ လက်ထောက်ဖြစ်သူများ၏ အဆိုအရ အမေရိကန်သမ္မတသည် IS အုပ်စုများကို စစ်ရေးဖြင့် တိုက်ခိုက်ချေမှုန်းရာတွင် ကွန်ဂရက်လွှတ်တော်၏ သဘောတူညီချက် ရယူလိမ့်မည် မဟုတ်ကြောင်း သိရသည်။ Foreign Policy မဂ္ဂဇင်း၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံသားများသည် IS အုပ်စုအပေါ် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှု များကို ထောက် ခံကြကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment