Thursday 11 September 2014

ရမ်ဆေး ဒဏ်ရာရသော်လည်း မန်စီးတီးနှင့်ပွဲ၌ ကစားနိုင်ရန် မျှော်လင့်

Photo: ရမ်ဆေး ဒဏ်ရာရသော်လည်း မန်စီးတီးနှင့်ပွဲ၌ ကစားနိုင်ရန် မျှော်လင့်
Thursday, September 11, 2014

 ဝေးလ်စ်အသင်းက အန်ဒိုရာကိုနိုင်ခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဒဏ်ရာရခဲ့သည့် အာဆင်နယ် ကွင်းလယ်လူ အာရွန်ရမ်ဆေးသည် လာမည့်စနေနေ့မန်စီးတီးနှင့်  ကစားရမည့်ပွဲ၌ ပါဝင်နိုင်ရန် မျှော်လင့်ချက်ရှိနေ သည်။

ရမ်ဆေးသည် ဝေးလ်စ်လက်ရွေးစင်နှင့် ကစားရာတွင် အန်ဒိုရာအိမ်ကွင်း အက်စတာဒီယိုနေစီယွန်နယ်ကွင်းမှာ မြက်ခင်းတုကွင်းဖြစ်ပြီး ကွင်းအခြေအနေဆိုးရွားလွန်း၍ ခက်ခဲစွာကစားခဲ့ရကာ ခြေချော်လဲ၍ ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

‘‘သူ ဘောလုံးကို တစ်ချက်အကန်မှာ ဒူးဆုံလည်သွားခဲ့တာဖြစ် ပါတယ်။ ပွဲပြီးခါနီးဖြစ်တာပါ။ ဒါပေမဲ့ သူ့မှာ ဒဏ်ရာအန္တရာယ်ဖြစ်လောက်တဲ့ပုံမျိုးတော့ မရှိပါဘူး။ ဒီတစ်ပတ် စနေနေ့မှာ အာဆင် နယ်နဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ရတာပါပဲ’’ဟု ဝေးလ်စ်နည်းပြက ပြောသည်။

ရမ်ဆေးကိုယ်တိုင်ကလည်း ဒဏ်ရာမှာ မည်သို့မှ ထိခိုက်နိုင်မည်မဟုတ်ဟု မျှော်လင့်ကြောင်းဆိုခဲ့ပြီး စနေနေ့တွင် ကစားနိုင်မည်ဟုထင်ကြောင်း ဆိုသည်။ ရမ်ဆေးသည် အာဆင်နယ်အတွက် ပြီးခဲ့သည့် ရာသီက စုစုပေါင်း ၁၆ ဂိုးသွင်းပေးထားပြီး ကွင်းလယ်တွင် အားထားရသည့် ကစားသမား တစ်ဦးဖြစ်သည်။

Ref: ESPN
7Day DAILY
 ဝေးလ်စ်အသင်းက အန်ဒိုရာကိုနိုင်ခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဒဏ်ရာရခဲ့သည့် အာဆင်နယ် ကွင်း လယ်လူ အာရွန်ရမ်ဆေးသည် လာမည့်စနေနေ့မန်စီးတီးနှင့်  ကစားရမည့်ပွဲ၌ ပါဝင်နိုင်ရန် မျှော်လင့်ချက် ရှိနေ သည်။
ရမ်ဆေးသည် ဝေးလ်စ်လက်ရွေးစင်နှင့် ကစားရာတွင် အန်ဒိုရာအိမ်ကွင်း အက်စတာဒီယိုနေစီယွန် နယ်ကွင်း မှာ မြက်ခင်းတုကွင်းဖြစ်ပြီး ကွင်းအခြေအနေဆိုးရွားလွန်း၍ ခက်ခဲစွာကစားခဲ့ရကာ ခြေချော်လဲ၍ ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

‘‘သူ ဘောလုံးကို တစ်ချက်အကန်မှာ ဒူးဆုံလည်သွားခဲ့တာဖြစ် ပါတယ်။ ပွဲပြီးခါနီးဖြစ်တာပါ။ ဒါပေမဲ့ သူ့မှာ ဒဏ်ရာအန္တရာယ်ဖြစ်လောက်တဲ့ပုံမျိုးတော့ မရှိပါဘူး။ ဒီတစ်ပတ် စနေနေ့မှာ အာဆင် နယ်နဲ့ အဆင်ပြေ မယ်လို့ မျှော်လင့်ရတာပါပဲ’’ဟု ဝေးလ်စ်နည်းပြက ပြောသည်။

ရမ်ဆေးကိုယ်တိုင်ကလည်း ဒဏ်ရာမှာ မည်သို့မှ ထိခိုက်နိုင်မည်မဟုတ်ဟု မျှော်လင့်ကြောင်းဆိုခဲ့ပြီး စနေနေ့တွင် ကစားနိုင်မည်ဟုထင်ကြောင်း ဆိုသည်။ ရမ်ဆေးသည် အာဆင်နယ်အတွက် ပြီးခဲ့သည့် ရာသီက စုစုပေါင်း ၁၆ ဂိုးသွင်းပေးထားပြီး ကွင်းလယ်တွင် အားထားရသည့် ကစားသမား တစ်ဦးဖြစ်သည်။

Ref: ESPN
7Day DAILY

No comments:

Post a Comment