Thursday 11 September 2014

မန္တလေးတက္ကသိုလ်များအနီး ဂိမ်းဆိုင်ဖွင့်ခွင့် ပိတ်ပင်

Photo: မန္တလေးတက္ကသိုလ်များအနီး ဂိမ်းဆိုင်ဖွင့်ခွင့် ပိတ်ပင်
Thursday, September 11, 2014

မန္တလေးမြို့ရှိ တက္က သိုလ်များ၏ ပတ်ဝန်းကျင်တွင် ပါမောက္ခချုပ်များ၏ တောင်းဆို မှုအရ နက်ဂိမ်း၊ အင်တာနက်ဂိမ်း၊ တီဗီဂိမ်းအစရှိသည့် ဂိမ်းဆိုင်များ ဖွင့်လှစ်ခွင့် ပြုတော့မည်မဟုတ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီမှ သ တင်းရရှိသည်။

ဆိုင်တစ်ဆိုင်ဖွင့်မည်ဆို လျှင် ပတ်ဝန်းကျင်၏ထောက်ခံ ချက်ပါရှိရ၍    တက္ကသိုလ်ပတ် ၀န်းကျင်တွင်  ဂိမ်းဆိုင်များအား ဆက်လက်ဖွင့်လှစ်ခွင့်   မပြုရန် တက္ကသိုလ်ပါမောက္ခချုပ်များ တောင်းဆိုထားသဖြင့်    ဖွင့်ခွင့် ပြုတော့မည်   မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

‘‘ပါမောက္ခတွေက request လုပ်လို့ပါ။ လုပ်ငန်းတစ်ခုလုပ် မယ်ဆို ပတ်ဝန်းကျင်က ကန့် ကွက်ရင် လုပ်လို့မရပါဘူး။ ဒါ ကြောင့် ပိတ်ခိုင်းရတာပါ’’ ဟု ဌာနခွဲမှူးက ပြောသည်။

ကျောင်းသားများ ကျောင်း မတက်ဘဲ ဂိမ်းဆိုင်များသို့ ရောက် ရှိနေခြင်းကြောင့် စာမေးပွဲများ ကျရှုံးမှုများလာ၍  ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ပါမောက္ခများက တောင်းဆိုလာခြင်းဖြစ်သည်ဟု ဌာနခွဲမှူးကဆိုသည်။

မန္တလေးတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်၊ ဆေးတက္က သိုလ်၊ ရတနာပုံတက္ကသိုလ် ပတ် ၀န်းကျင်ရှိ ဂိမ်းဆိုင်၊ နက်ဂိမ်းဆိုင် ပေါင်း ၂၇ ဆိုင်ပိတ်သိမ်းရန် တက္ကသိုလ်ပတ်ဝန်းကျင်၌သာ ဖွင့်လှစ်ခွင့်မပြုခြင်းဖြစ်ပြီး လက် ရှိပိတ်သိမ်းရသည့် ဂိမ်းဆိုင်များ သည်   တက္ကသိုလ်ဝန်းကျင်နှင့် လွတ်ကင်းသည့် အခြားနေရာ များတွင် ဖွင့်လှစ်မည်ဆိုပါက ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း ဌာနခွဲမှူးက ပြောသည်။

တက္ကသိုလ်များအနီးမှ ဂိမ်း ဆိုင်များ ပိတ်သိမ်းရန် ကြိုတင်အ သိမပေးဘဲ ရုတ်တရက်ထုတ်ပြန် လိုက်သည့်အတွက် များစွာ ထိ ခိုက်နစ်နာရကြောင်း ဂိမ်းဆိုင်ရှင် များက ပြောသည်။

‘‘ကျွန်တော့်ဆိုင်ဆို သိန်း ၃၀၀ လောက် ရင်းထားရတယ်။ ပြန်ရောင်းရင် သိန်း ၅၀ တောင် ရဖို့ မလွယ်တော့ဘူး။ ကျွန်တော် တို့ဂိမ်းဆိုင်ကို ကျောင်းသားတွေ ပဲ လာတာမဟုတ်ဘူး။ အပြင်က အရပ်သားတွေလည်း လာတယ်။ လောင်းကစားလုပ်တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီနက်ဂိမ်း တွေက အဖွဲ့အစည်းနဲ့ဆော့ရ တာ။ Team Work စိတ်နဲ့ ဆော့ ကြတာ။ ခုလို အာဏာရှင်ဆန် ဆန် လုပ်သွားတာ သဘောမကျ ဘူး’’ ဟု မန္တလေးတက္ကသိုလ်အ နီး ၇၃ လမ်းတွင် နက်ဂိမ်းဆိုင် ဖွင့်လှစ်ထားသူ ကိုစည်သူအောင် က ပြောသည်။

တက္ကသိုလ်အနီးပတ်ဝန်း ကျင်မှ ဆိုင်များကို ပိတ်သိမ်းခိုင်း သည်ဟု ဆိုသော်လည်း ထိုအကွာအဝေးထက် ပို သောဆိုင်များလည်းပိတ်သိမ်းရကြောင်း ဂိမ်းဆိုင်ရှင် အချို့က ပြောသည်။

ထို့အပြင် ကလေးကစား ကွင်းအမည်ခံကာ လောင်းကစား ၀ိုင်းများပြုလုပ်နေသော ဆိုင်များ အား တရားဝင်ဖွင့်လှစ်ခွင့် ပြုထား သည်မှာ မဖြစ်သင့်ကြောင်း  ဂိမ်း ဆိုင်ရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံ    ဆရာများ သမဂ္ဂအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌဖြစ် သူ ရတနာပုံတက္ကသိုလ် အင်္ဂလိပ် စာဌာန ကထိက ဆရာဦးသုတက ‘‘တက္ကသိုလ်ပတ်ဝန်းကျင်က ဂိမ်း ဆိုင်တွေ ပိတ်ခိုင်းတာလောက်နဲ့ ကလေးတွေ ပညာရေးအတွက် သင့်လျော်ပြီလို့ ယူဆလို့မရဘူး။ ပြီးတော့ ပါမောက္ခချုပ်က ပိတ် ခိုင်းတိုင်း ပိတ်ရတယ်ဆိုတာ ထက် စည်ပင်က သူ့ဥပဒေအ တိုင်း သူလုပ်တာမျိုးဖြစ်ရမယ်’’ ဟု ၎င်း၏ ထင်မြင်ချက်ကို ပြော ကြားသည်။

တက္ကသိုလ်ဝန်းကျင်မှ ဂိမ်း ဆိုင်များ    ပိတ်သိမ်းရ၍ အဆိုပါ ဂိမ်းဆိုင်ရှင်များက  စက်တင်ဘာ ၁၁ရက်တွင်  သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

7Day DAILY

အင်တာနက်ဂိမ်းကစားနေသူတစ်ဦး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အင်တာနက်ဂိမ်းကစားနေသူတစ်ဦး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့ရှိ တက္က သိုလ်များ၏ ပတ်ဝန်းကျင်တွင် ပါမောက္ခချုပ်များ၏ တောင်းဆို မှုအရ နက်ဂိမ်း၊ အင်တာ နက်ဂိမ်း၊ တီဗီဂိမ်းအစရှိသည့် ဂိမ်းဆိုင်များ ဖွင့်လှစ်ခွင့် ပြုတော့မည်မဟုတ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီမှ သ တင်းရရှိသည်။

ဆိုင်တစ်ဆိုင်ဖွင့်မည်ဆို လျှင် ပတ်ဝန်းကျင်၏ထောက်ခံ ချက်ပါရှိရ၍    တက္ကသိုလ်ပတ် ၀န်းကျင်တွင် ဂိမ်း ဆိုင်များအား ဆက်လက်ဖွင့်လှစ်ခွင့်   မပြုရန် တက္ကသိုလ်ပါမောက္ခချုပ်များ တောင်းဆို ထားသဖြင့်  ဖွင့်ခွင့် ပြုတော့မည်   မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

‘‘ပါမောက္ခတွေက request လုပ်လို့ပါ။ လုပ်ငန်းတစ်ခုလုပ် မယ်ဆို ပတ်ဝန်းကျင်က ကန့် ကွက်ရင် လုပ်လို့ မရပါဘူး။ ဒါ ကြောင့် ပိတ်ခိုင်းရတာပါ’’ ဟု ဌာနခွဲမှူးက ပြောသည်။

ကျောင်းသားများ ကျောင်း မတက်ဘဲ ဂိမ်းဆိုင်များသို့ ရောက် ရှိနေခြင်းကြောင့် စာမေးပွဲများ ကျရှုံးမှုများ လာ၍  ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ပါမောက္ခများက တောင်းဆိုလာခြင်းဖြစ်သည်ဟု ဌာနခွဲမှူးကဆိုသည်။

မန္တလေးတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်၊ ဆေးတက္က သိုလ်၊ ရတနာပုံတက္ကသိုလ် ပတ် ၀န်းကျင်ရှိ ဂိမ်းဆိုင်၊ နက်ဂိမ်းဆိုင် ပေါင်း ၂၇ ဆိုင်ပိတ်သိမ်းရန် တက္ကသိုလ်ပတ်ဝန်းကျင်၌သာ ဖွင့်လှစ်ခွင့် မပြုခြင်းဖြစ် ပြီး လက် ရှိပိတ်သိမ်းရသည့် ဂိမ်းဆိုင်များ သည်   တက္ကသိုလ်ဝန်းကျင်နှင့် လွတ်ကင်းသည့် အခြားနေရာ များတွင် ဖွင့်လှစ်မည်ဆိုပါက ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း ဌာနခွဲမှူးက ပြောသည်။

တက္ကသိုလ်များအနီးမှ ဂိမ်း ဆိုင်များ ပိတ်သိမ်းရန် ကြိုတင်အ သိမပေးဘဲ ရုတ်တရက်ထုတ်ပြန် လိုက်သည့်အတွက် များစွာ ထိ ခိုက်နစ်နာရကြောင်း ဂိမ်းဆိုင်ရှင် များက ပြောသည်။

‘‘ကျွန်တော့်ဆိုင်ဆို သိန်း ၃၀၀ လောက် ရင်းထားရတယ်။ ပြန်ရောင်းရင် သိန်း ၅၀ တောင် ရဖို့ မလွယ်တော့ဘူး။ ကျွန်တော် တို့ဂိမ်းဆိုင်ကို ကျောင်းသားတွေ ပဲ လာတာမဟုတ်ဘူး။ အပြင်က အရပ်သားတွေလည်း လာတယ်။ လောင်းကစားလုပ်တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီနက်ဂိမ်း တွေက အဖွဲ့အစည်းနဲ့ဆော့ရ တာ။ Team Work စိတ်နဲ့ ဆော့ ကြတာ။ ခုလို အာဏာရှင်ဆန် ဆန် လုပ်သွားတာ သဘောမကျ ဘူး’’ ဟု မန္တလေးတက္ကသိုလ်အ နီး ၇၃ လမ်းတွင် နက်ဂိမ်းဆိုင် ဖွင့်လှစ်ထားသူ ကိုစည်သူအောင် က ပြောသည်။

တက္ကသိုလ်အနီးပတ်ဝန်း ကျင်မှ ဆိုင်များကို ပိတ်သိမ်းခိုင်း သည်ဟု ဆိုသော်လည်း ထိုအကွာအဝေးထက် ပို သောဆိုင်များလည်းပိတ်သိမ်းရကြောင်း ဂိမ်းဆိုင်ရှင် အချို့က ပြောသည်။

ထို့အပြင် ကလေးကစား ကွင်းအမည်ခံကာ လောင်းကစား ၀ိုင်းများပြုလုပ်နေသော ဆိုင်များ အား တရားဝင်ဖွင့်လှစ်ခွင့် ပြုထား သည်မှာ မဖြစ်သင့်ကြောင်း  ဂိမ်း ဆိုင်ရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံဆရာများ သမဂ္ဂအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌဖြစ် သူ ရတနာပုံတက္ကသိုလ် အင်္ဂလိပ် စာဌာန ကထိက ဆရာဦးသုတက ‘‘တက္ကသိုလ်ပတ်ဝန်းကျင်က ဂိမ်း ဆိုင်တွေ ပိတ်ခိုင်းတာလောက်နဲ့ ကလေးတွေ ပညာရေးအတွက် သင့်လျော်ပြီလို့ ယူဆလို့မရဘူး။ ပြီးတော့ပါမောက္ခချုပ်က ပိတ်ခိုင်းတိုင်း ပိတ်ရတယ် ဆိုတာ ထက် စည်ပင်က သူ့ဥပဒေအ တိုင်း သူလုပ်တာမျိုးဖြစ်ရမယ်’’ ဟု ၎င်း၏ ထင်မြင်ချက်ကို ပြော ကြားသည်။

တက္ကသိုလ်ဝန်းကျင်မှ ဂိမ်း ဆိုင်များ    ပိတ်သိမ်းရ၍ အဆိုပါ ဂိမ်းဆိုင်ရှင်များက  စက်တင်ဘာ ၁၁ရက်တွင်  သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိ
သည်။

7Day DAILY

No comments:

Post a Comment