Thursday 11 September 2014

ဧရာဝတီလင်းပိုင်နှင့်ဆက်စပ်သည့် သဘာဝခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် လေ့လာဆန်းစစ်မည်

ဧရာဝတီလင်းပိုင်နှင့် ဆက်စပ်သည့် သဘာဝခရီးသွား လုပ်ငန်းဖြစ်မြောက်ရေးအတွက် သားငှက် ထိန်း သိမ်းရေးအဖွဲ့(WCS)နှင့် ငါးလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍ လေ့လာဆန်းစစ်မှု တစ်ခု ပြုလုပ်မည်ဖြ စ်ကြော င်း သတင်း ရရှိသည်။

လင်းပိုင်များ၏ အကူအညီ ဖြင့် ငါးလုပ်ငန်းများလုပ်ကိုင်လေ့ ရှိသည့် ရေလုပ်သားအများစုနေ ထိုင်ရာ မန္တလေး မြို့မှ ကျောက် မြောင်းမြို့အကြားရှိ ကျေးရွာ ခြောက်ရွာ၌  သဘာဝခရီးသွားလုပ်ငန်း အကောင် အထည်ဖော်ရာတွင်   လိုအပ်မည့်  အချက်အလက်များ၊ ဒေသခံများ၏အ သံများ စသည် တို့ကို ကောက်ယူ သည့် ဆန်းစစ်ချက်တစ်ခုကို ယခုလ ၁၂ရက်မှ ၁၇ ရက်အထိ ကွင်းဆင်းလေ့လာမှုပြုလုပ်သွား မည် ဖြ စ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့  ဒုတိယစီမံကိန်း မန်နေဂျာ   ဦးကျော်လှသိန်းက  ပြောသည်။

‘‘ရွာသားတွေ၊ ရေလုပ်သား တွေနဲ့တွေ့ပြီး ဆွေးနွေးမယ်။ အင်တာဗျူးလုပ်မယ်။ အောင်မြင် မယ်၊ မအောင်မြင်ဘူး၊ ဘယ် တော့လုပ်ဖြစ်မလဲဆိုတာတွေ သိဖို့ပေါ့။ လုပ်ဖြစ်မှာကတော့ သေချာတယ်’’ဟု ၎င်းကပြောသည်။

လေ့လာဆန်းစစ်ချက်ပြု လုပ်ရာတွင် WCS မှ သဘာဝ ပတ်ဝန်းကျင်ခရီးသွားလာရေးနှင့် ပတ်သက် သည့် နိုင်ငံခြားသား ပညာရှင်တစ်ဦးပါဝင်မည်ဖြစ်ပြီး ယင်းလေ့လာမှုများပြီးစီးမှသာ မည်သည့်အချိန် တွင်လုပ်ငန်း စတင်အကောင်အထည်ဖော်မည် ကို အတိအကျသိရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။

လင်းပိုင်  အခြေခံသော သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ပါက ယင်းလုပ်ငန်းမှရရှိလာ မည့် အကျိုး အမြတ်များကို ယင်းဒေသ တစ်ဝိုက်ရှိ ကျေးရွာများ၊ ရေလုပ် သားများအား အချိုးကျခွဲဝေကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြန်လည်ပြုလုပ်ပေးသွားမည်ဟု ဦးကျော်လှသိန်းကဆိုသည်။

ယခုနှစ်  ဇန်နဝါရီအတွင်း  ပြုလုပ်ခဲ့သော လေ့လာမှုများအရ မန္တလေးမြို့မှ ဗန်းမော်မြို့အကြား တွင် ဧရာဝတီ လင်းပိုင် ၆၃ ကောင် ကျက်စားနေပြီး လင်းပိုင် ထိန်းသိမ်းရေးနယ်မြေဖြစ်သော မန္တလေးမြို့ မှ ကျောက်မြောင်းမြို့ အကြားတွင်မူ ၂၂ ကောင်ရှိနေ သေးကြောင်း သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (WCS)မှ  သတင်း ရရှိ သည်။

7Day DAILY 

No comments:

Post a Comment