Thursday 11 September 2014

ရွှေဈေးအကျကြမ်းပြီး ၀ယ်ယူစုဆောင်းသူနည်း

 ရွှေဈေးနှုန်းများ မှန်းထားသည်ထက် ပိုမိုကျဆင်းနေ၍၀ယ် ယူစုဆောင်းသူ နည်းပြီး ရွှေသမားများသာ အဓိကရောင်းဝယ်နေကြောင်း သတင်းရရှိသည်။
အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၆၀,၀၀၀ ကျပ်အောက်ထိ မကျဆင်းနိုင်ဟု ရွှေလုပ်ငန်းရှင်များ ခန့်မှန်း ခဲ့ကြသော်လည်း စက်တင်ဘာ ၁၀ ရက်တွင် ၆၅၉,၅၀၀ ကျပ်ထိ ကျဆင်းသွားသည်။

‘‘အခုက အပြင်ကရွှေဝယ်စုတာတွေ၊ ဈေးကွက်မှာဝင်ကစားတာတွေ မရှိသလောက် နည်းသွားပြီ။ ဈေးက ခန့်မှန်းရ ခက်ပြီး အကျများနေတဲ့အတွက် အပြင်က၀င်မကစားတော့ဘဲ ရွှေသမားတွေပဲ သီးသန့် လုပ်တဲ့ ဈေးကွက်လို ဖြစ်နေပြီ’’ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။  ပြင်ပမှ လုပ်ငန်းရှင်များ ရွှေဝယ် ယူရောင်း ၀ယ်ခြင်းနှင့် အပိုင်းများဝယ်စုခြင်းမရှိသလောက် နည်းနေသည့်အတွက် အပိုင်းဈေးကွက်၏ ၀ယ်လိုအားနည်းနေကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးများမှာလည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်အောင်စလျှင် ဒေါ်လာ ၁၂၇၀ ကျော်မှ စက်တင်ဘာ ၁၀ ရက်တွင် ဒေါ်လာ ၁၂၅၆ ထိ ဈေးနှုန်းကျဆင်းခဲ့သည်။

လက်ရှိပြည်တွင်းရွှေဈေးနှုန်းများမှာ နယ်စပ်ရွှေပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ကျပ်သားလျှင် ကျပ် တစ်သောင်း နီးပါး မြင့်နေသေး၍ နယ်စပ်ရွှေများ ၀င်ရောက်မှုများနေသည်။

သို့သော် ပြင်ပဈေးကွက်မှ ရွှေဝယ်စုသော ဈေးကွက်မှာ ယခုနှစ်တွင် တစ်နှစ်လုံးနီးပါး ကျဈေး သာဖြ စ်နေသေး သည့် အတွက် ပြင်ပမှ ၀ယ်စုသူများ ၀င်ရောက်ဝယ်ယူမှုမှာ များစွာကျ ဆင်းနေကြော င်း ရွှေလုပ် ငန်းရှင် များက ပြောသည်။ ရှေ့တွင် ရွှေဈေးနှုန်း များ ပြန်လည်မြင့်တက် လာနိုင် သည်ဟု ရွှေ လုပ်ငန်း ရှင်များ ခန့်မှန်းထားကြသည်။

7Day DAILY

No comments:

Post a Comment