Thursday 11 September 2014

လေးတန်းနှင့် ရှစ်တန်း သုံးလပတ်စာမေးပွဲတွင် မြို့နယ်၊ ခရိုင်များမှ မေးခွန်း ထုတ်မည်

Photo: လေးတန်းနှင့် ရှစ်တန်း သုံးလပတ်စာမေးပွဲတွင် မြို့နယ်၊ ခရိုင်များမှ မေးခွန်း ထုတ်မည်
Thursday, September 11, 2014

လာမည့် သုံးလပတ်စာမေးပွဲ(ပထမအစမ်း)တွင် မြို့နယ်၊ ခရိုင်တို့မှ ထုတ်သော လျှို့ဝှက်မေးခွန်းများဖြင့်လေးတန်း၊ ရှစ်တန်းကို စတင်စစ်ဆေးတော့ မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလဆန်းတွင် ကျင်းပမည့် သုံးလပတ်စာမေးပွဲများ တွင် လေးတန်းနှင့် ရှစ်တန်းကို ပညာရေးမိသားစုများထုတ်ဝေ သည့် လျှို့ဝှက်မေးခွန်း ပုံစံများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးရခြင်းမှာ စာမေး ပွဲကြီးတွင် လေးတန်း နှင့်ရှစ်တန်းကို တိုင်းခရိုင်စစ်များဖြင့် စစ်ဆေးတော့ မည်ဖြစ်သည့်အတွက် အစမ်းစာမေး ပွဲများတွင် အလေ့အကျင့်ရရှိစေရန် ယင်းကဲ့သို့စစ်ဆေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးများမှ သိရ သည်။

''ကျောင်းစဖွင့်ပြီးတဲ့ သုံးလ ကျော်အတွင်းမှာ အခန်းဆုံးစစ်ဆေး မှု သုံးကြိမ်ပြုလုပ်ပြီးပါပြီ။ အဲဒီစစ် ဆေးမှုတွေက စာသင်ချိန် တစ်ချိန် လောက်ယူပြီးတော့ ကျောင်းအစီအစဉ် နဲ့ထုတ်တဲ့မေးခွန်းတွေနဲ့မေးခဲ့တယ်။ သုံးလပတ် စာမေးပွဲမှာတော့ ပညာ ရေးမိသားစုတွေက ထုတ်ဝေတဲ့ မေးခွန်း တွေနဲ့တစ်နာရီဖြေရတော့ မှာပါ''ဟု ဗဟန်းမြို့နယ် ပညာရေး မှူးရုံးမှ လက်ထောက်ပညာရေးမှူး ဖြစ်သူက ပြောသည်။

ဒုတိယအကြိမ်စစ်ဆေးမည့် ခြောက်လပတ်စာပေးပွဲ (ဒုတိယအ စမ်း)ကိုလည်း ယင်းနည်းအတိုင်း သာ စစ်ဆေးမည်ဖြစ်ပြီး၊ မေးခွန်း များကိုလည်း လုံခြုံမှုရှိစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် မြို့နယ် အသီးသီးမှ ထုတ်ဝေသော မေးခွန်း များထဲမှ မေးခွန်းတစ်ခုတည်းကို သာ ရွေးချယ်၍ ဖြေမည့်နေ့တစ်ရက် အလိုတွင်မှ ကျောင်းများသို့ထုတ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့ဆီမှာတော့ ဒီလို အခြေအနေတွေကို ကျောင်း သားတွေဖြတ်ကျော်နိုင်ဖို့အတွက် ကျောင်းဆင်းပြီးချိန်တွေမှာအခကြေး ငွေမယူဘဲ အချိန်ပိုခေါ်ခိုင်းထား တယ်။ သူတို့ဖြေရမယ့်မေးခွန်းတွေ ကို အဲ့ဒီအချိန်ပိုမှာလေ့ကျင့်ပေးတယ်။မေးခွန်းဆိုတာက မြန်မာနိုင်ငံစာစစ်က ထုတ်တဲ့ မေးခွန်းပုံစံကိုနမူနာယူပြီး ကျောင်း အလိုက်ပြန်လေ့ကျင့်ကြတာ ပါ။ ဇူလိုင်ကတည်းက အဲဒီအစီအစဉ် ကို စခဲ့ပါတယ်။ ကျောင်းသားတွေက အရင်တုန်းက မအောင်မရှိပုံစံနဲ့ဖြတ် ကျော်လာခဲ့ရတာတွေကြောင့် အခုလို ပုံစံနဲ့ဆိုရင် အကျအရှုံးများလာမယ် လို့ထင်တယ်''ဟုတာချီလိတ်မြို့နယ် ပညာရေးမှူးဦးစိန်ထွန်းလှကပြောသည်။

အခြားအတန်းများတွင် ကျောင်း သားများ၏ အရည်အချင်းကို နောက် ဆုံးစာမေးပွဲကြီးအထိ ဆရာဆရာမ များမှ အကဲဖြတ်၍ အရည်အချင်း ပြည့်မီခြင်း မရှိဟု ယူဆလျှင် မိဘများ နှင့်တိုင်ပင်ကာ အတန်းချသည့် ပုံစံမျိုးအတိုင်းသာပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။

''အစမ်းစာမေးပွဲတွေကနေ နောက်ဆုံးစာမေးပွဲအထိကျောင်း သားတစ်ယောက်က အရည်အချင်း မပြည့်ဘူးလို့ ဆရာတွေကယူဆရင် မိဘနဲ့တိုင်ပင်ပြီး အတန်းတင်ပေး ရင် ကလေးပဲနစ်နာမှာကို ပြောဆို ဆွေးနွေးပြီး အတန်းချတဲ့ ပုံစံမျိုးတွေ လုပ်မယ်။ အခုလဲဒီအတိုင်းသွားနေ တယ်။ ပြန်ဖြေခိုင်းတာမျိုးတွေလဲ ရှိမှာမဟုတ်ဘူး။ ဒီလိုလုပ်တယ် ဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ အရည်အသွေးတွေပြည့်မီလာဖို့အ တွက်ပါ''ဟု ဗဟန်းပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးကပြော သည်။

ယမန်နှစ်ကရှစ်တန်း အောင် ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်၉ဝရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရသည်။

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Medai Group
လာမည့် သုံးလပတ်စာမေးပွဲ(ပထမအစမ်း)တွင် မြို့နယ်၊ ခရိုင်တို့မှ ထုတ်သော လျှို့ဝှက်မေးခွန်း များဖြင့်လေးတန်း၊ ရှစ်တန်းကို စတင်စစ်ဆေးတော့ မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလဆန်းတွင် ကျင်းပမည့် သုံးလပတ်စာမေးပွဲများ တွင် လေးတန်းနှင့် ရှစ်တန်းကို ပညာရေး မိသားစုများထုတ်ဝေ သည့် လျှို့ဝှက်မေးခွန်း ပုံစံများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးရခြင်းမှာ စာမေး ပွဲကြီးတွင် လေးတန်း နှင့်ရှစ်တန်းကို တိုင်းခရိုင်စစ်များဖြင့် စစ်ဆေးတော့ မည်ဖြစ်သည့်အတွက် အစမ်းစာမေး ပွဲများတွင် အလေ့အကျင့်ရရှိစေရန် ယင်းကဲ့သို့စစ်ဆေး ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးများမှ သိရ သည်။

''ကျောင်းစဖွင့်ပြီးတဲ့ သုံးလ ကျော်အတွင်းမှာ အခန်းဆုံးစစ်ဆေး မှု သုံးကြိမ်ပြုလုပ်ပြီးပါပြီ။ အဲဒီစစ် ဆေး မှုတွေက စာသင်ချိန် တစ်ချိန် လောက်ယူပြီးတော့ ကျောင်းအစီအစဉ် နဲ့ထုတ်တဲ့မေး ခွန်းတွေနဲ့မေးခဲ့တယ်။ သုံးလပတ် စာမေးပွဲမှာတော့ ပညာ ရေးမိသားစုတွေက ထုတ်ဝေတဲ့ မေးခွန်း တွေနဲ့တစ်နာရီဖြေရတော့ မှာပါ''ဟု ဗဟန်းမြို့နယ် ပညာရေး မှူးရုံးမှ လက်ထောက်ပညာရေးမှူး ဖြစ်သူက ပြောသည်။

ဒုတိယအကြိမ်စစ်ဆေးမည့် ခြောက်လပတ်စာပေးပွဲ (ဒုတိယအ စမ်း)ကိုလည်း ယင်းနည်းအတိုင်း သာ စစ်ဆေးမည်ဖြစ်ပြီး၊ မေးခွန်း များကိုလည်း လုံခြုံမှုရှိစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် မြို့နယ် အသီးသီးမှ ထုတ်ဝေသော မေးခွန်း များထဲမှ မေးခွန်းတစ်ခုတည်းကို သာ ရွေးချယ်၍ ဖြေမည့်နေ့တစ်ရက် အလိုတွင်မှ ကျောင်းများသို့ထုတ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့ဆီမှာတော့ ဒီလို အခြေအနေတွေကို ကျောင်း သားတွေဖြတ်ကျော်နိုင်ဖို့အတွက် ကျောင်း ဆင်းပြီးချိန်တွေမှာအခကြေး ငွေမယူဘဲ အချိန်ပိုခေါ်ခိုင်းထား တယ်။ သူတို့ဖြေရမယ့်မေးခွန်းတွေ ကို အဲ့ဒီအချိန်ပိုမှာလေ့ကျင့်ပေးတယ်။မေးခွန်းဆိုတာက မြန်မာနိုင်ငံစာစစ်က ထုတ်တဲ့ မေးခွန်းပုံစံကိုနမူနာ ယူပြီး ကျောင်း အလိုက်ပြန်လေ့ကျင့်ကြတာ ပါ။ ဇူလိုင်ကတည်းက အဲဒီအစီအစဉ် ကို စခဲ့ပါတယ်။ ကျောင်း သားတွေက အရင်တုန်းက မအောင်မရှိပုံစံနဲ့ဖြတ် ကျော်လာခဲ့ရတာတွေကြောင့် အခုလို ပုံစံနဲ့ဆိုရင် အကျအရှုံးများလာမယ် လို့ထင်တယ်''ဟုတာချီလိတ်မြို့နယ် ပညာရေးမှူးဦးစိန်ထွန်းလှကပြောသည်။

အခြားအတန်းများတွင် ကျောင်း သားများ၏ အရည်အချင်းကို နောက် ဆုံးစာမေးပွဲကြီးအထိ ဆရာဆရာမ များမှ အကဲဖြတ်၍ အရည်အချင်း ပြည့်မီခြင်း မရှိဟု ယူဆလျှင် မိဘများ နှင့်တိုင်ပင်ကာ အတန်းချသည့် ပုံစံမျိုးအတိုင်းသာပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။

''အစမ်းစာမေးပွဲတွေကနေ နောက်ဆုံးစာမေးပွဲအထိကျောင်း သားတစ်ယောက်က အရည်အချင်း မပြည့်ဘူးလို့ ဆရာတွေကယူဆရင် မိဘနဲ့တိုင်ပင်ပြီး အတန်းတင်ပေး ရင် ကလေးပဲနစ်နာမှာကို ပြော ဆို ဆွေးနွေးပြီး အတန်းချတဲ့ ပုံစံမျိုးတွေလုပ်မယ်။ အခုလဲဒီအတိုင်းသွားနေ တယ်။ ပြန်ဖြေခိုင်း တာမျိုးတွေ လဲ ရှိမှာမဟုတ်ဘူး။ ဒီလိုလုပ်တယ် ဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ အရည် အသွေးတွေပြည့်မီ လာဖို့အ တွက်ပါ''ဟု ဗဟန်းပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးကပြော သည်။

ယမန်နှစ်ကရှစ်တန်း အောင် ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်၉ဝရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Medai Group

No comments:

Post a Comment