Thursday 11 September 2014

အက်ပ်ပဲလ်ထုတ်ကုန်သစ်ပြပွဲတွင် U2 အဖွဲ့ အယ်လ်ဘမ်ကို iTunes ၌အခမဲ့ နားဆင်နိုင်

Photo: အက်ပ်ပဲလ်ထုတ်ကုန်သစ်ပြပွဲတွင် U2 အဖွဲ့ အယ်လ်ဘမ်ကို iTunes ၌အခမဲ့ နားဆင်နိုင်
Thursday, September 11, 2014

 iTune သုံး စွဲသူသန်း ၅၀၀ အတွက် အက်ပ် ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာလန်ရော့ခ်အ ဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံး ထွက်ရှိထားသော တေး အယ်လ်ဘမ်ကို လွှင့်တင် လိုက်ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော  အက်ပ်ပဲလ် ကုမ္ပဏီ၏   ထုတ်ကုန်သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်း ဝက်ဘ်ဆိုက်တွင် အခမဲ့နားဆင်နိုင်မည်ဟု ထုတ်ပြန်သည်။

 အက်ပ်ပဲလ်ကုမ္ပဏီက iPhone သစ်နှစ်မျိုး၊ စမတ်နာရီ တစ်မျိုးနှင့် မိုဘိုင်း ဖုန်းငွေပေးချေ မှု စနစ်တစ်ခုတို့ကို ထုတ်ဖော်ပြသ ခဲ့သည့် ကယ်လီဖိုးနီး ယားပြည် နယ် ကူပါတီနိုမြို့တွင်   ကျင်းပ သော အခမ်းအနား၌ ဂရမ်မီဆုရ U2 အဖွဲ့က နောက်ဆုံးထွက်ရှိထားသောသီချင်း 'The Miracle'ဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့သည်။

U2 အဖွဲ့နောက်ဆုံးထွက်ရှိ ထားသည့် သီချင်း ၁၁ ပုဒ်ပါဝင် သောတေး အယ်လ်ဘမ် သစ်ကို iTunes အသုံးပြုသူများချက်ချင်း နားဆင်နေကြပြီဖြစ်သည်။ သို့ သော် iTunes မှနားဆင်သူအရေအတွက်ကို ယင်းအယ်လ်ဘမ် အား အခမဲ့နားဆင်ခွင့်ပြုခြင်းဖြစ် သောကြောင့် တေးသီချင်းရောင်းချမှုအရေအတွက် မှတ်တမ်း တွင် ထည့်သွင်းသွားမည်မဟုတ်ပေ။

U2 အဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် Songs of Innoce nce ဟု အမည်ပေး ထားသည့် သီချင်းသစ်လေးပုဒ်စတင်ဖြန့်ချိ သွားမည်ဖြစ်သည်။

Ref: Reuters
7Day DAILY
iTune သုံးစွဲသူသန်း ၅၀၀ အတွက် အက်ပ်ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာလန်ရော့ခ် အဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံး ထွက်ရှိထားသော တေးအယ်လ်ဘမ်ကို လွှင့်တင်လိုက် ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော  အက်ပ်ပဲလ်ကုမ္ပဏီ၏ ထုတ်ကုန်သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်းဝက်ဘ်ဆိုက်တွင် အခမဲ့နားဆင်နိုင်မည်ဟု ထုတ်ပြန်သည်။
 အက်ပ်ပဲလ်ကုမ္ပဏီက iPhone သစ်နှစ်မျိုး၊ စမတ်နာရီ တစ်မျိုးနှင့် မိုဘိုင်း ဖုန်းငွေပေးချေ မှု စနစ်တစ်ခု တို့ကို ထုတ်ဖော်ပြသ ခဲ့သည့် ကယ်လီဖိုးနီး ယားပြည် နယ် ကူပါတီနိုမြို့တွင် ကျင်းပ သော အခမ်းအနား၌ ဂရမ်မီဆုရ U2 အဖွဲ့က နောက်ဆုံးထွက်ရှိထားသောသီချင်း 'The Miracle'ဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့သည်။

U2 အဖွဲ့နောက်ဆုံးထွက်ရှိ ထားသည့် သီချင်း ၁၁ ပုဒ်ပါဝင် သောတေး အယ်လ်ဘမ် သစ်ကို iTunes အသုံးပြုသူ များချက်ချင်း နားဆင်နေကြပြီဖြစ်သည်။ သို့ သော် iTunes မှနားဆင်သူအရေအတွက်ကို ယင်းအယ်လ်ဘမ် အား အခမဲ့နားဆင်ခွင့်ပြုခြင်းဖြစ် သောကြောင့် တေးသီချင်းရောင်းချမှုအရေအတွက် မှတ်တမ်း တွင် ထည့်သွင်းသွားမည်မဟုတ်ပေ။

U2 အဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် Songs of Innoce nce ဟု အမည်ပေး ထားသည့် သီချင်းသစ်လေးပုဒ်စတင်ဖြန့်ချိ သွားမည်ဖြစ်သည်။

Ref: Reuters
7Day DAILY

No comments:

Post a Comment