Thursday 11 September 2014

Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဘယ်လိုပုဒ်မနဲ့ စွဲချက်တင်လိုက်ပြီလဲ

Bi မွန်းတည့်နေဂျာနယ် သတင်းသမားငါးဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့သာ စွဲချက်တင်ဖို့ ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီနေ့ (စက်တင်ဘာလ ၁၁) မှာ အမိန့်ချလိုက်ပါတယ်။

သတင်းမီဒီယာ ဥပဒေအရ ပြောင်းလဲစွဲဆိုနိုင်ဖို့ ပြန်လှန်မေးခွန်းတွေ မေးခဲ့ပေမယ့်လည်း သတင်းပါ အကြောင်းအရာတွေဟာ ပုဒ်မ ၅၀၅ (ခ) နဲ့ပဲ ငြိနေတာကြောင့် အဲဒီပုဒ်မနဲ့ပဲ စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။

သတ္တမအကြိမ်မြောက် ရုံးချိန်း စက်တင်ဘာလ ၁၁ ရက်နေ့မှာ တရားလိုပြ သက်သေတွေ ဖြစ်တဲ့ ရဲအုပ်တင်ထွန်း၊ ရဲအုပ်ညီညီသန့်နဲ့ Bi မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်တို့ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဆရာတို့ဘက်ကတော့ စွပ်စွဲခံရသူတွေ အပြစ်မရှိဘူးပေါ့။ အပြစ်မရှိဘူးဆိုတာ ဆရာတို့ဘက်က သက်သေပြ ရမှာပေါ့။ ဘာကြောင့် အပြစ်မရှိဘူးလဲ၊ တရားခံဘက်က သက်သေပြရမှာပါ။ ဒါပေမဲ့ သူတို့ ဘက်က သက်သေ မကုန်သေးတော့ ဆက်စစ်မှာပါ။” လို့ တရာခံများဘက်က ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးကျော်ဝင်း က ဆိုပါတယ်။ 

ထိုင်းနိုင်ငံ မဲဆောက်မှာ ထုတ်ဝေသူ ဦးကျော်မင်းခိုင်၊ ဦးယဉ်မင်းထွန်းနဲ့ ဒေါ်အိအိစံတို့ကို ဖမ်းဆီးစဉ်မှာ ပါခဲ့တဲ့ အမှတ် ၅၅၂ တပ်ဖွဲ့စု သတင်းတပ်ဖွဲ့က ဒုရဲမှူး ကျော်စိန်ဝင်းနဲ့ အရပ်သားသက်သေ ဖြစ်တဲ့ မြဝတီမြို့ခံ ဦးအောင်သန်းတို့ကို စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်တဲ့ ဆဌမအကြိမ်မြောက် ရုံးချိန်းမှာ စစ်ခဲ့တာဖြစ်ပြီး တရားလိုပြသက်သေ ၃၇ ဦးထဲမှ ဆယ်ဦးအထိ စစ်ဆေးခဲ့ပြီးပြီ ဖြစ်ပါတယ်။

The Voice Weekly 

No comments:

Post a Comment