Thursday 11 September 2014

ရေစင်နှင့် ဖုန်းရွှေပညာသုံးပြီး အနှောင့်အယှက် အစီအရင်တွေကို ဖယ်ရှင်းမယ့် ထိုင်းဝန်ကြီးချုပ်

Photo: ရေစင်နှင့် ဖုန်းရွှေပညာသုံးပြီး အနှောင့်အယှက် အစီအရင်တွေကို ဖယ်ရှင်းမယ့် ထိုင်းဝန်ကြီးချုပ်
Thursday, September 11, 2014

ဘန်ကောက်မြို့က  အ စိုးရ  အိမ်တော်ကို ပြောင်းရန် ပြင်ဆင်နေသည့်အချိန်မှာ ထိုင်းဝန်ကြီးချုပ်သစ် ပရာယွတ်ချန်အိုချာက သူ့ ကို အနှောင့်အယှက်ပေးသည့် ဂြိုဟ်စီးဂြိုဟ်နင်းအစီအရင်တွေ ကို ဖယ်ရှားသုတ်သင်ရန်အတွက် ကြိုးပမ်း အားထုတ်နေပါသည်။

အသက်(၆၀)နှစ်ရှိပြီဖြစ် သည်။ ပရာယွတ်သည် မေလ ၂၂ ရက်က ထိုင်းစစ်တပ် အာဏာ သိမ်းမှုကနေဒီမိုကရေစီနည်းကျ စွာ ရွေးချယ်ခံရသည့်ဝန်ကြီးချုပ် အဖြစ် စည်းစနစ်ကျစွာအချိတ် အဆက်မိမိဆောင်ရွက်ခဲ့သူဖြစ် သည်။ အာဏာကို အကွက်ကျကျ သိမ်းပိုက်ပြီးသည့်   နောက်မှာ မကျေနပ်မှုများကို   စနစ်တကျ အဆုံးသတ်စေခဲ့ပါသည်။

ထိုကဲ့သို့ ဂရုတစိုက်ကိုင် တွယ်အကွက်ချမှုများကို အစိုးရ အဖွဲ့ထိသို့ပင် သူကသယ်ဆောင် သွားပါသည်။ ပရာယွတ်မတိုင်မီ က နိုင်ငံရေးသမားများ၊ စစ်ဗိုလ် ချုပ်များလိုပင်    သူကလည်း ဝိညာဉ်လောကတန်ခိုးအဆောင် အယောင်တွေကို ယုံကြည်သည်။ တနင်္လာနေ့က အစိုးရအိမ်တော် သို့ ပြောင်းရွှေ့ရာတွင် ကံကောင်း ခြင်းတွေသယ်ဆောင်လာသည့် အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များ နှင့် ဘာသာရေး အဆောင်အယောင် များကို သယ်လာကြတာကို မြင် တွေ့ရသည်။

သို့ရာတွင် သူ၏ယုံကြည်မှု က သာမန်ဘာသာရေးကိုင်းရှိုင်း မှုထက်ပိုပါသည်။ ပြီးခဲ့သည့် အပတ်က ပရာယွတ်ကခေါင်းက နေ ခြေဖျား အထိမြင့်မြတ်သော ရေ စင် များကို သွန်းလောင်းခဲ့ပြီး ရန်သူတွေက သူ့ကိုကျိန်ဆိုဖို့ ကြိုးစားနေသည် အတွက် လုပ်ရ ခြင်းဖြစ်သည်ဟု ပရိသတ်များ အား ပြောကြားခဲ့သည်။

သို့သော် သူ၏ဝိညာဉ်လော ကအပေါ် အမြင်နှင့်မကောင်း ဆိုးရွားများ အပေါ် အခမ်းအနား များဖြင့် တိုက်ထုတ်နေမှုများသည် ထိုင်းအစိုးရ၏ မူဝါဒများကို လွှမ်း မိုးစရာမရှိပါဟု   ထိုင်းစစ်တပ် အရာရှိများက ပြောကြားသည်။

‘‘ထိုးအများစုလိုပဲ ဗိုလ်ချုပ် ကြီးပရာယွတ်က ဝိညာဉ်လောက ကို ထဲထဲဝင်ဝင်လေးစားယုံကြည် မှုရှိတယ်။ ဒါပေမဲ့ သူရဲ့မူဝါဒတွေ ကိုတော့ အရေးကြီးတာ၊ လက် တွေ့ကျတာနဲ့ လူတွေရဲ့လိုအပ် တာတွေနဲ့ပဲ ဆုံးဖြတ်မှာပါ’’ဟု ထိုင်းစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗီရာချွန်ဆုခွန်တပတီ ပတ်က ပြောကြားသည်။

တိုးတက်ခေတ်မီနေသည့် အသွင်အပြင်ရှိနေသော်လည်း ထိုင်းနိုင်ငံလူများ၏ နေ့စဉ်ဘဝ တွင် ဗုဒ္ဓဘာသာမပေါ်ပေါက်ခင် က ရိုးရာကိုးကွယ်ယုံကြည်မှုများ က လွှမ်းမိုးနေဆဲဖြစ်သည်။

တနင်္လာနေ့က ထိုင်းဝန်ကြီး ချုပ်၏ အစိုးရအိမ်တော်သို့ ပြောင်း ရွှေ့မှုသည် မိနစ်နှင့်အတိအကျ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ် သည်။ ပရာယွတ်၏ အစိုးရအဖွဲ့ သည် စက်တင်ဘာ ၉ ရက် (အင်္ဂါနေ့)၉နာရီတွင် စအလုပ်လုပ်ကြ သည်။ ထိုင်းနိုင်ငံမှာကကိန်းဂဏန်း များက အရေးပါအဓိပ္ပာယ်ရှိလှ သည်။ ထိုင်းဘာသာဖြင့် ကိုး ဂဏန်းကိုကောင့်အိုလိုခေါ်ပြီး ကံကောင်းသည့် နံပါတ်ဟုယူဆ ကြသည်။ သူက ထိုင်းလိုရှေ့သို့ တိုးတက်မှုဟု အဓိပ္ပာယ်ရသည့် ကောင့်နားဆိုသည့် အသံထွက် နှင့်လည်း ဆင်ပါသည်။

ထို့အပြင် ဝန်ကြီးချုပ်ပရာ ယွတ်၏ ရုံးခန်းရှိ ပရိဘောဂ အဆောင်အယောင်များမှာလည်း တရုတ်ရိုးရာယုံကြည်မှုဖြစ်သည့် ဖုန်းရွှေနည်းအရ စီစဉ်နေရာချ ထားခြင်းဖြစ်သည်။ တရုတ်ရိုးရာ အရ စကြဝဠာကြီးသည် မြေ၊ ရေ၊ မီး၊ သစ်သား၊ သတ္တု စသည့် ဒြပ်စင်ငါးမျိုးဖြင့် ဖွဲ့စည်းထား သည်ဟု ယုံကြည်ကြသည်။

‘‘ပြဿနာတွေကို လျင်လျင် မြန်မြန် ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး ပရာယွတ်ရဲ့စားပွဲကို အရှေ့ အရပ်မှာထားတယ်’’ဟု ဝန်ကြီး ချုပ်၏ လက်ထောက်တစ်ဦးက ပြောကြားသည်။ သူက စစ်တပ် အကြီးအကဲဖြစ်သည့်အတွက် အစိုးရအိမ်တော်အဆောက်အအုံ က အရောင်အများစုကိုလည်း သူ နှင့်တည့်သည့် အစိမ်းရောင်ကို သာသုံးထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင် လတ်ကိုဆန့်ကျင်သည့်အုပ်စုများ က  ဝန်ကြီးချုပ်ယင်လပ်အစိုးရ အဖွဲ့ပြုလုပ်ထားသည့် အောက် လမ်းအစီအရင်များကို တန်ပြန် ဆန့်ကျင်သည့်အခမ်းအနားတစ် ခုကို အဆိုပါအစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့ကြပါသည်။

ထိုအုပ်စုအဖွဲ့ဝင်များက အစိုးရအိမ်တော်၏ အဓိကဝင် ပေါက်တွင် ဗုဒ္ဓရုပ်ပွားတော်သုံးခု ကိုထားရှိပြီး အောက်လမ်းနည်း များကိုဖျက်ပစ်ပြီဟု အုပ်စုခေါင်း ဆောင်ပြောကြားခဲ့သည်။

ဝေဖန်အကဲခတ်သူများက တော့ ထိုကဲ့သို့သော ယုံကြည်မှု များသည် ဒီမိုကရေစီစနစ်နှင့် နိုင်ငံရေးခေါင်းဆောင်၏ အယူ အဆယုံကြည်မှုကို နိုင်ငံရေးတွင် ရည်စူးမှုအား ထိခိုက်စေသည်ဟု ဆိုပါသည်။

‘‘ဥပမာ ဗေဒင်ဆရာတွေကို ဘယ်နေ့ ဘယ်အချိန်စစ်အာဏာ သိမ်းရမလဲလို့ ဆုံးဖြတ်ခိုင်းတာ မျိုးပေါ့’’ဟု လူမှုရေးအဖွဲ့အစည်း တစ်ခုမှ ကျွမ်းကျင်သူကန်ယုယွန် က ပြောသည်။

‘‘ဒါပရာယွတ်တစ်ယောက် တည်းတင်မဟုတ်ဘူး။ ထိုင်း ခေါင်းဆောင်တွေအားလုံးပဲ ဒီလို လုပ်တာ အန္တရာယ်ရှိပါတယ်’’

တကယ်ဖြစ်ရပ်နှင့်အောက် ခြေက နိုင်ငံရေးအခြေအနေကို သုံးသပ်ရမယ့်အစား ဗေဒင်ကို ယုံကြည်ကိုးစားနေခြင်းက အခြေ အနေပိုဆိုးလာစေသည်ဟု သူက ဆိုသည်။

၂၀၀၆ ခုနှစ် စစ်အာဏာ သိမ်းမှုမတိုင်မီကလည်း ထိုင်း နိုင်ငံက နာမည်ကျော်ဗေဒင်ဆရာ ဝါရင်ဘူဝီရလတ်က ထိုင်းစစ်တပ် အာဏာသိမ်းမှုဖြစ်ပြီး ဗိုလ်ချုပ် ကြီးဆွန်သီက ဦးဆောင်ရမည်ဟု အခါပေးပြောဆိုခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ဆွန်သီက ထိုင်းဝန်ကြီးချုပ်သက် ဆင်ကို ဖြုတ်ချကာ အာဏာသိမ်း ခဲ့သည်။ ဗေဒင်ဆရာဝါရင်က ထို အကြောင်းကို သူ၏စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။

ယခုလည်း ရိုးရိုးဖြောင့် ဖြောင့် ပြတ်ပြတ်ပြောတတ်သူ ဗိုလ်ချုပ်ပရာယွတ်က ထိုင်းဝန် ကြီးချုပ် ယင်လပ်ဆီက အာဏာ သိမ်းခဲ့သည်။ သို့သော်လည်း သူက ပြီးခဲ့သည့်အပတ်က အစည်း အဝေးမှာ အောက်လမ်းနည်းအစီ အရင်များကို ရည်ညွှန်းပြောဆို လိုက်သည့်အခါ လူတွေအံ့အား သင့်ခဲ့ရသည်။

‘‘ကျွန်တော်လည်ချောင်း တွေရောင်ပြီး လည်ပင်းနာနေ တယ်။ တစ်ယောက်ကပြောတယ် ဒါလူတွေက ကျွန်တော်ကို ကျိန် စာတိုက်ထားတာတဲ့။ ဒါကြောင့် ရေစင်တွေကို     ခေါင်းကနေ လောင်းပြီး တစ်ကိုယ်လုံးဖျန်းပစ် လိုက်တာပါ’’

(ထိုင်းအခြေစိုက်ရိုက်တာသတင်း ဌာနကရေးသားသော New Thai PM uses holy water, fengshui to ward off occult သတင်း ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7Day DAILY

စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးအဖြစ်မှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွတ်ချန်အိုချာ
စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးအဖြစ်မှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွတ်ချန်အိုချာ
ဘန်ကောက်မြို့က  အ စိုးရ  အိမ်တော်ကို ပြောင်းရန် ပြင်ဆင်နေသည့်အချိန်မှာ ထိုင်းဝန်ကြီးချုပ်သစ် ပရာ ယွတ်ချန် အိုချာက သူ့ကို အနှောင့်အယှက်ပေးသည့် ဂြိုဟ်စီးဂြိုဟ်နင်းအစီအရင်တွေကို ဖယ်ရှား သုတ်သင် ရန် အတွက် ကြိုးပမ်းအားထုတ်နေပါသည်။
အသက်(၆၀)နှစ်ရှိပြီဖြစ်သည်။ ပရာယွတ်သည် မေလ ၂၂ ရက်က ထိုင်းစစ်တပ်အာဏာ သိမ်းမှုကနေ ဒီမိုကရေစီနည်းကျစွာ ရွေးချယ်ခံရသည့်ဝန်ကြီးချုပ်အဖြစ် စည်းစနစ်ကျစွာအချိတ် အဆက်မိမိဆောင်ရွက် ခဲ့သူဖြစ် သည်။ အာဏာကိုအကွက်ကျကျ သိမ်းပိုက်ပြီးသည့်   နောက်မှာ မကျေနပ်မှုများကို   စနစ်တကျ အဆုံး သတ်စေခဲ့ပါသည်။

ထိုကဲ့သို့ ဂရုတစိုက်ကိုင် တွယ်အကွက်ချမှုများကို အစိုးရ အဖွဲ့ထိသို့ပင် သူကသယ်ဆောင် သွားပါသည်။ ပရာယွတ်မတိုင်မီက နိုင်ငံရေးသမားများ၊ စစ်ဗိုလ်ချုပ်များလိုပင် သူကလည်း ဝိညာဉ်လောက တန်ခိုး အဆောင် အယောင်တွေကို ယုံကြည်သည်။ တနင်္လာနေ့က အစိုးရအိမ်တော် သို့ ပြောင်းရွှေ့ရာတွင် ကံကောင်း ခြင်းတွေသယ်ဆောင်လာသည့် အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များ နှင့် ဘာသာရေး အဆောင် အယောင်များကို သယ်လာကြတာကို မြင် တွေ့ရသည်။

သို့ရာတွင် သူ၏ယုံကြည်မှုက သာမန်ဘာသာရေးကိုင်းရှိုင်း မှုထက်ပိုပါသည်။ ပြီးခဲ့သည့် အပတ်က ပရာယွတ်ကခေါင်းက နေ ခြေဖျားအထိမြင့်မြတ်သော ရေစင်များကို သွန်းလောင်းခဲ့ပြီး ရန်သူတွေက သူ့ကိုကျိန်ဆိုဖို့ ကြိုးစားနေသည်အတွက် လုပ်ရ ခြင်းဖြစ်သည်ဟု ပရိသတ်များ အား ပြောကြားခဲ့သည်။

သို့သော် သူ၏ဝိညာဉ်လော ကအပေါ် အမြင်နှင့်မကောင်း ဆိုးရွားများအပေါ်အခမ်းအနား များဖြင့် တိုက် ထုတ်နေမှု များသည် ထိုင်းအစိုးရ၏ မူဝါဒများကို လွှမ်းမိုးစရာမရှိပါဟု ထိုင်းစစ်တပ် အရာရှိများက ပြော ကြားသည်။

‘‘ထိုးအများစုလိုပဲ ဗိုလ်ချုပ် ကြီးပရာယွတ်က ဝိညာဉ်လောက ကို ထဲထဲဝင်ဝင်လေးစားယုံကြည် မှုရှိတယ်။ ဒါပေမဲ့ သူရဲ့မူဝါဒတွေ ကိုတော့ အရေးကြီးတာ၊ လက် တွေ့ကျတာနဲ့ လူတွေရဲ့လိုအပ် တာတွေနဲ့ပဲ ဆုံးဖြတ်မှာပါ’’ဟု ထိုင်းစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗီရာချွန်ဆုခွန်တပတီပတ်က ပြောကြားသည်။

တိုးတက်ခေတ်မီနေသည့် အသွင်အပြင်ရှိနေသော်လည်း ထိုင်းနိုင်ငံလူများ၏ နေ့စဉ်ဘဝ တွင် ဗုဒ္ဓဘာသာ မပေါ်ပေါက်ခင် က ရိုးရာကိုးကွယ်ယုံကြည်မှုများ က လွှမ်းမိုးနေဆဲဖြစ်သည်။

တနင်္လာနေ့က ထိုင်းဝန်ကြီး ချုပ်၏ အစိုးရအိမ်တော်သို့ ပြောင်း ရွှေ့မှုသည် မိနစ်နှင့်အတိအကျ စီစဉ်ဆောင် ရွက်ထားခြင်းဖြစ် သည်။ ပရာယွတ်၏ အစိုးရအဖွဲ့ သည် စက်တင်ဘာ ၉ ရက် (အင်္ဂါနေ့)၉နာရီတွင် စအလုပ်လုပ်ကြ သည်။ ထိုင်းနိုင်ငံမှာကကိန်းဂဏန်းများက အရေးပါအဓိပ္ပာယ်ရှိလှသည်။ ထိုင်း ဘာ သာဖြင့် ကိုးဂဏန်းကိုကောင့်အိုလိုခေါ်ပြီး ကံကောင်းသည့် နံပါတ်ဟုယူဆကြသည်။ သူက ထိုင်းလိုရှေ့သို့ တိုးတက်မှုဟု အဓိပ္ပာယ်ရသည့် ကောင့်နားဆိုသည့် အသံထွက် နှင့်လည်း ဆင်ပါသည်။

ထို့အပြင် ဝန်ကြီးချုပ်ပရာ ယွတ်၏ ရုံးခန်းရှိ ပရိဘောဂ အဆောင်အယောင်များမှာလည်း တရုတ်ရိုးရာ ယုံကြည်မှုဖြစ်သည့် ဖုန်းရွှေနည်းအရ စီစဉ်နေရာချ ထားခြင်းဖြစ်သည်။ တရုတ်ရိုးရာ အရ စကြဝဠာကြီး သည် မြေ၊ ရေ၊ မီး၊ သစ်သား၊ သတ္တု စသည့် ဒြပ်စင်ငါးမျိုးဖြင့် ဖွဲ့စည်းထား သည်ဟု ယုံကြည်ကြသည်။

‘‘ပြဿနာတွေကို လျင်လျင် မြန်မြန် ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး ပရာယွတ်ရဲ့စားပွဲကို အရှေ့ အရပ်မှာထားတယ်’’ ဟု ဝန်ကြီး ချုပ်၏ လက်ထောက်တစ်ဦးက ပြောကြားသည်။ သူက စစ်တပ် အကြီးအကဲဖြစ်သည့်အတွက် အစိုးရ အိမ်တော်အဆောက်အအုံ က အရောင်အများစုကိုလည်း သူ နှင့်တည့်သည့် အစိမ်းရောင်ကိုသာ သုံးထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင် လတ်ကိုဆန့်ကျင်သည့်အုပ်စုများ က  ဝန်ကြီးချုပ် ယင်လပ် အစိုးရအဖွဲ့ပြုလုပ်ထားသည့် အောက်လမ်းအစီအရင်များကို တန်ပြန် ဆန့်ကျင်သည့် အခမ်းအနား တစ် ခုကို အဆိုပါအစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့ကြပါသည်။

ထိုအုပ်စုအဖွဲ့ဝင်များက အစိုးရအိမ်တော်၏ အဓိကဝင် ပေါက်တွင် ဗုဒ္ဓရုပ်ပွားတော်သုံးခု ကိုထား ရှိပြီး အောက် လမ်းနည်းများကိုဖျက်ပစ်ပြီဟု အုပ်စုခေါင်း ဆောင်ပြောကြားခဲ့သည်။

ဝေဖန်အကဲခတ်သူများက တော့ ထိုကဲ့သို့သော ယုံကြည်မှု များသည် ဒီမိုကရေစီစနစ်နှင့် နိုင် ငံရေးခေါင်းဆောင်၏ အယူအဆယုံကြည်မှုကို နိုင်ငံရေးတွင် ရည်စူးမှုအား ထိခိုက်စေသည်ဟု ဆိုပါသည်။

‘‘ဥပမာ ဗေဒင်ဆရာတွေကို ဘယ်နေ့ ဘယ်အချိန်စစ်အာဏာ သိမ်းရမလဲလို့ ဆုံးဖြတ်ခိုင်းတာ မျိုးပေါ့’’ဟု လူမှုရေးအဖွဲ့အစည်း တစ်ခုမှ ကျွမ်းကျင်သူကန်ယုယွန် က ပြောသည်။

‘‘ဒါပရာယွတ်တစ်ယောက် တည်းတင်မဟုတ်ဘူး။ ထိုင်း ခေါင်းဆောင်တွေအားလုံးပဲ ဒီလို လုပ်တာ အန္တရာယ်ရှိပါတယ်’’

တကယ်ဖြစ်ရပ်နှင့်အောက် ခြေက နိုင်ငံရေးအခြေအနေကို သုံးသပ်ရမယ့်အစား ဗေဒင်ကို ယုံကြည် ကိုးစားနေခြင်း က အခြေ အနေပိုဆိုးလာစေသည်ဟု သူက ဆိုသည်။

၂၀၀၆ ခုနှစ် စစ်အာဏာ သိမ်းမှုမတိုင်မီကလည်း ထိုင်း နိုင်ငံက နာမည်ကျော်ဗေဒင်ဆရာ ဝါရင်ဘူဝီရလတ် က ထိုင်းစစ်တပ် အာဏာသိမ်းမှုဖြစ်ပြီး ဗိုလ်ချုပ် ကြီးဆွန်သီက ဦးဆောင်ရမည်ဟု အခါပေးပြောဆိုခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ဆွန်သီက ထိုင်းဝန်ကြီးချုပ်သက် ဆင်ကို ဖြုတ်ချကာ အာဏာသိမ်း ခဲ့သည်။ ဗေဒင်ဆရာဝါရင်က ထို အကြောင်းကို သူ၏စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။

ယခုလည်း ရိုးရိုးဖြောင့် ဖြောင့် ပြတ်ပြတ်ပြောတတ်သူ ဗိုလ်ချုပ်ပရာယွတ်က ထိုင်းဝန် ကြီးချုပ် ယင်လပ်ဆီ က အာဏာ သိမ်းခဲ့သည်။ သို့သော်လည်း သူက ပြီးခဲ့သည့်အပတ်က အစည်း အဝေးမှာ အောက်လမ်း နည်း အစီ အရင်များကို ရည်ညွှန်းပြောဆို လိုက်သည့်အခါ လူတွေအံ့အား သင့်ခဲ့ရသည်။

‘‘ကျွန်တော်လည်ချောင်း တွေရောင်ပြီး လည်ပင်းနာနေ တယ်။ တစ်ယောက်ကပြောတယ် ဒါလူတွေက ကျွန်တော်ကို ကျိန် စာတိုက်ထားတာတဲ့။ ဒါကြောင့် ရေစင်တွေကို ခေါင်းကနေ လောင်းပြီး တစ်ကိုယ်လုံး ဖျန်းပစ် လိုက်တာပါ’’

(ထိုင်းအခြေစိုက်ရိုက်တာသတင်း ဌာနကရေးသားသော New Thai PM uses holy water, fengshui to ward off occult သတင်း ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7Day DAILY

No comments:

Post a Comment