Thursday 11 September 2014

သီချင်းခွေသစ်ထုတ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေမယ့် 2PMအဖွဲ့

Photo: သီချင်းခွေသစ်ထုတ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေမယ့် 2PMအဖွဲ့
Thursday, September 11, 2014

ကိုရီးယားလူငယ်ဂီတအဖွဲ့2PMသည် ၎င်းတို့ နောက်ဆုံးထုတ်ခဲ့သည့် သီချင်းခွေတွင် လေးနက်သောစိတ်ကူးများတင်ပြခဲ့သော်လည်း ယခုထပ်မံထွက် ရှိမည့် စတုတ္ထမြောက်အယ်လ်ဘမ်၌ မြူးကြွမြန်ဆန်သောတေး သီချင်းများကို စီစဉ်ထားသည်။

'Go Crazy' ဟုအမည်ပေးထားသော သီချင်းခွေကို စက်တင်ဘာ ၁၅ရက်တွင် စတင်ဖြန့်ချိ မည်ဖြစ်သည်။ ထို့အပြင် 2 PMအဖွဲ့သည် လာမည့်လတွင်လည်း ကမ္ဘာပတ်ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေသည်။ ယင်းအတွက်ပိုစတာများနှင့် အခြားအကြောင်းအရာများကို JYP အန်တာတိန်းမန့်ဝက်ဘ်ဆိုက်တွင် တရားဝင် ထုတ်ပြန်ထား သည်။ 2PM အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်တွင် ထိုင်း၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့၌ ဖျော်ဖြေမှုများပါဝင်သည်။ 

ယင်းဖျော်ဖြေပွဲကို အောက်တိုဘာ ၃ရက်တွင် ဆိုးလ်မြို့တောင်ပိုင်း Jamsil Sports Complex မှ စတင်မည်ဖြစ်သည်။  

Ref: All Kpop
7Day DAILY
ကိုရီးယားလူငယ်ဂီတအဖွဲ့2PMသည် ၎င်းတို့ နောက်ဆုံးထုတ်ခဲ့သည့် သီချင်းခွေတွင် လေးနက်သော စိတ်ကူးများ တင်ပြခဲ့သော်လည်း ယခုထပ်မံထွက် ရှိမည့် စတုတ္ထမြောက်အယ်လ်ဘမ် ၌ မြူးကြွမြန် ဆန်သောတေး သီချင်းများကို စီစဉ်ထားသည်။
'Go Crazy' ဟုအမည်ပေးထားသော သီချင်းခွေကို စက်တင်ဘာ ၁၅ရက်တွင် စတင်ဖြန့်ချိ မည်ဖြစ်သည်။ ထို့အပြင် 2 PMအဖွဲ့သည် လာမည့်လတွင်လည်း ကမ္ဘာပတ်ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေသည်။ ယင်း အတွက် ပိုစတာများနှင့် အခြားအကြောင်းအရာများကို JYP အန်တာတိန်းမန့်ဝက်ဘ်ဆိုက်တွင် တရားဝင် ထုတ်ပြန်ထား သည်။ 2PM အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်တွင် ထိုင်း၊ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့၌ ဖျော်ဖြေမှုများပါဝင်သည်။

ယင်းဖျော်ဖြေပွဲကို အောက်တိုဘာ ၃ရက်တွင် ဆိုးလ်မြို့တောင်ပိုင်း Jamsil Sports Complex မှ စတင်မည်ဖြစ်သည်။ 

Ref: All Kpop
7Day DAILY

No comments:

Post a Comment