Thursday 11 September 2014

ဂါဇာစစ်ပွဲ ကာလတွင် အစ္စရေးတပ်များက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိဟု HRW ကြေညာ

Photo: ဂါဇာစစ်ပွဲ ကာလတွင် အစ္စရေးတပ်များက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိဟု HRW ကြေညာ
Thursday, September 11, 2014

ဂါဇာစစ်ပွဲ ကာလအတွင်း အစ္စရေး စစ်တပ်များ အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ကြေညာခဲ့သည်။

အစ္စရေး စစ်တပ်က မိမိတို့၏ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ရာဇဝတ်မှု ဖြစ်စဉ် (၅)ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းထုတ်ပြန်ထားပြီး နောက်တစ်နေ့ စက်တင်ဘာ (၁၁)ရက်တွင် HRWက ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အစ္စရေးသည် ဟားမားစ် စစ်သွေးကြွတို့နှင့် ရက်ပေါင်း(၅၀)ကျော် စစ်ပွဲကို ဆင်နွှဲပြီး ဩဂုတ်လ (၂၆)ရက်တွင် အဆုံးသတ်ခဲ့သည်။ အဆိုပါ ဂါဇာထိုးစစ်အတွင်း အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း (၂၁၀၀)ကျော် သေဆုံးပြီး အစ္စရေးဘက်မှ စစ်သည် (၆၇)ဦး အပါအဝင် (၇၃)ဦး အသက်ဆုံးရှုံးခဲ့သည်။

နယူးယောက် အခြေစိုက် HRW က အစ္စရေး စစ်သည်များသည် စစ်ဥပဒေများကို ဖောက်ဖျက်ကာ အရပ်သားများ အကြောင်းမဲ့ သေဆုံးစေသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသော အခြေအနေမျိုး ရှိနေကြောင်း ဖော်ပြခဲ့သည်။ ဇူလိုင်(၂၄)ရက်နှင့် (၃၀)ရက်များက ဂါဇာမြောက်ပိုင်းရှိ ကုလသမဂ္ဂ စာသင်ကျောင်း (၂)ကျောင်းပေါ် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ခဲ့ပြီး ဩဂုတ် (၃)ရက်ကလည်း ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ ကုလသမဂ္ဂ စာသင်ကျောင်း တစ်ခုပေါ်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ကျရောက် ပေါက်ကွဲခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း ကလေးငယ် (၁၇)ဦး အပါအဝင် လူ(၄၅)ဦး သေဆုံးခဲ့ကြောင်း HRW က ဆိုသည်။

“HRW က စုံစမ်းစစ်ဆေးခဲ့တဲ့ တိုက်ခိုက်မှု (၃)ကြိမ်အနက် (၂)ကြိမ်မှာ အစ္စရေးရဲ့ ပစ်ခတ်မှုဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဦးတည်ခဲ့ဟန် မတူပါဘူး။ ဥပဒေနဲ့ ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုလိုပါတယ်။ ဒါဟာ တမင်သက်သက် ပစ်ခတ်ခဲ့တာဖြစ်စေ၊ နမော်နမဲ့ ပစ်ခတ်မှုပဲဖြစ်စေ စစ်ရာဇဝတ်မှု မြောက်ပါတယ်”ဟု အဖွဲ့အစည်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအတောအတွင်း အစ္စရေး စစ်တပ်သည် ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ဖြစ်ရပ် တစ်ဒါဇင်ခန့်ကို ပြန်လည် ချဉ်းကပ် စစ်ဆေးနေကြောင်း သိရသည်။ ယင်းဖြစ်ရပ်များတွင် မီဒီယာ လုပ်အားပေးအဖြစ် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦး သေဆုံးမှု၊ နေအိမ်တစ်လုံးကို လေကြောင်းမှ တိုက်ခိုက်ခံရပြီး မိသားစုဝင် (၈)ဦးစလုံး သေဆုံးမှုများပါ ပါဝင်ကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY

ဂါဇာမှ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေသည့် အစ္စရေးစစ်သားများ
ဂါဇာမှ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေသည့် အစ္စရေးစစ်သားများ
ဂါဇာစစ်ပွဲ ကာလအတွင်း အစ္စရေး စစ်တပ်များ အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆ ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ကြေညာခဲ့သည်။
အစ္စရေး စစ်တပ်က မိမိတို့၏ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ရာဇဝတ်မှု ဖြစ်စဉ် (၅)ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းထုတ်ပြန်ထားပြီး နောက်တစ်နေ့ စက်တင်ဘာ (၁၁)ရက်တွင် HRWက ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အစ္စရေးသည် ဟားမားစ် စစ်သွေးကြွတို့နှင့် ရက်ပေါင်း(၅၀)ကျော်စစ်ပွဲကို ဆင်နွှဲပြီး ဩဂုတ်လ (၂၆) ရက် တွင် အဆုံးသတ်ခဲ့သည်။ အဆိုပါ ဂါဇာထိုးစစ်အတွင်း အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း (၂၁၀၀)ကျော် သေဆုံးပြီး အစ္စရေးဘက်မှ စစ်သည် (၆၇)ဦး အပါအဝင် (၇၃)ဦး အသက်ဆုံးရှုံးခဲ့သည်။

နယူးယောက် အခြေစိုက် HRW က အစ္စရေး စစ်သည်များသည် စစ်ဥပဒေများကို ဖောက်ဖျက်ကာ အရပ် သားများ အကြောင်းမဲ့ သေဆုံးစေသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသော အခြေအနေမျိုး ရှိနေကြောင်း ဖော်ပြခဲ့သည်။ ဇူလိုင်(၂၄)ရက်နှင့် (၃၀)ရက်များက ဂါဇာမြောက်ပိုင်းရှိ ကုလသမဂ္ဂ စာသင်ကျောင်း (၂)ကျောင်းပေါ် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ခဲ့ပြီး ဩဂုတ် (၃)ရက်ကလည်း ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ ကုလသမဂ္ဂ စာသင်ကျောင်း တစ်ခုပေါ်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ကျရောက် ပေါက်ကွဲခဲ့သည်။ အဆိုပါ ဖြစ်စဉ်များအတွင်း ကလေးငယ် (၁၇)ဦး အပါအဝင် လူ(၄၅) ဦး သေ ဆုံးခဲ့ကြောင်း HRW က ဆိုသည်။

“HRW က စုံစမ်းစစ်ဆေးခဲ့တဲ့ တိုက်ခိုက်မှု (၃)ကြိမ်အနက် (၂)ကြိမ်မှာ အစ္စရေးရဲ့ ပစ်ခတ်မှုဟာ စစ်ဘက် ဆိုင်ရာ ပစ်မှတ်တွေကို ဦးတည်ခဲ့ဟန် မတူပါဘူး။ ဥပဒေနဲ့ ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေဟာ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုလိုပါတယ်။ ဒါဟာ တမင်သက်သက် ပစ်ခတ်ခဲ့တာဖြစ်စေ၊ နမော်နမဲ့ ပစ်ခတ်မှုပဲဖြစ်စေ စစ်ရာဇဝတ်မှု မြောက်ပါတယ်”ဟု အဖွဲ့အစည်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအတောအတွင်း အစ္စရေး စစ်တပ်သည် ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ဖြစ်ရပ် တစ်ဒါဇင်ခန့်ကို ပြန်လည် ချဉ်းကပ် စစ်ဆေးနေကြောင်း သိရသည်။ ယင်းဖြစ်ရပ်များတွင် မီဒီယာ လုပ် အားပေး အဖြစ် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦး သေဆုံးမှု၊ နေအိမ်တစ်လုံးကို လေကြောင်းမှ တိုက်ခိုက် ခံရပြီး မိသားစုဝင် (၈)ဦးစလုံး သေဆုံးမှုများပါ ပါဝင်ကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment