Friday, 12 September 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အားဂုဏ်သိက္ခာထိခိုက်စေမှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို တရားစွဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ဂုဏ်သိက္ခာညှိုးနွမ်းစေ သည့် စာရွက် စာတမ်းဖြန့်ဝေခဲ့ သည့် စွပ်စွဲချက်ဖြင့် ပြည် ခိုင်ဖြိုးပါတီ၏ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း ဆိတ်ဖြူမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ က 7Day Daily အား  ပြောကြားလိုက်သည်။

တရားစွဲဆိုခံရသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဆိတ်ဖြူမြို့နယ်အလုပ် အမှုဆောင် အဖွဲ့ဝင်သည် ဇူလိုင် လအတွင်း  ဆိတ်ဖြူမြို့နယ် တပေါင်းကျေးရွာတွင် အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်မှ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု တွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သည့် စာရွက် စာတမ်းဖြန့်ဝေခဲ့ကြောင်း စွပ်စွဲခံရ ခြင်း ဖြစ်သည်။

အဆိုပါအမှုကို ဆိတ်ဖြူမြို့ နယ်တရားရုံးက စက်တင်ဘာ ၁၁ ရက်တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်တွင် အမှုစတင်ကြားနာရန် ချိန်းဆိုခဲ့ကြောင်း ဆိတ်ဖြူ မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကံကောင်းက ပြောသည်။

‘‘လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းက ရဲစခန်းကို အကြောင်းကြားထားတယ်။ ရဲကပုံစံ (က) (ခ)ဖွင့်ပေး တယ်။ ဖြစ်ခဲ့တာသုံးလေး လလောက် ရှိပေမယ့် ဒီကြားထဲမှာ လက်မှတ်တွေကို စာရင်းလုပ်နေ ရတာတွေနဲ့ တရားမစွဲဖြစ်ခဲ့ဘူး။ အခုတော့ တရားရုံးက စစ်ဆေးဖို့ လက်ခံလိုက်ပြီ’’ဟု ဦးကံကောင်း က ပြောသည်။

မကွေးတိုင်းဒေသကြီးအ တွင်းတွင် ဖြစ်ပွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အား ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဆိုသော လုပ်ရပ်များအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုမှုများ ဆက်တိုက်ပြု လုပ်လျက်ရှိရာ ယခုအမှုသည် ဒုတိယမြောက် အမှု ဖြစ်သည်။

‘‘ကျွန်တော်တို့က ပြည်ခိုင် ဖြိုးမို့လို့ ပြိုင်ဘက်ပါတီမို့လို့ တရားစွဲတာမဟုတ်ဘူး။ လူတစ်ယောက်၊ အဖွဲ့ အစည်း တစ်ခုကို ဂုဏ်သိက္ခာချနေတာကို တရားဥပဒေအရ အ ကာအကွယ်ရအောင် ကြိုးပမ်းနေတာ’’ဟု မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော် က ပြောသည်။

ပွင့်ဖြူမြို့တွင် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေများဆိုင်ရာ ဟောပြောပွဲတွင် စာရွက် စာတမ်းနှင့် ဗီနိုင်းပိုစတာများ အသုံးပြုပြီး ဒေါ်အောင် ဆန်းစုကြည်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ဂုဏ် သိက္ခာညှိုး နွမ်းစေရန် ကြိုးပမ်းအားထုတ်ခဲ့ သည်ဆိုသည့်စွဲချက်ဖြင့် အမျိုး သားတစ်ဦးကို  တရား စွဲဆို ထားသည်။

7Day DAILY

No comments:

Post a Comment