Friday 12 September 2014

တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သန်လျင်နည်းပညာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေကြမ်းအား ကန့်ကွက်စာများ လိုက်လံဝေငှ

တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သန်လျင်နည်းပညာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေကြမ်း အား ကန့် ကွက် စာ များ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်က စတင်ဝေငှခဲ့ခြင်းဖြစ်ပြီး သန်လျင်နည်းပညာတက္ကသိုလ် ၏ ကျောင်းကန်တင်းများ၊ လူစည်ကားရာနေရာများတွင် ကန့်ကွက်စာဝေငှခြင်း၊ မည်သည့်အတွက်ကြောင့် ဥပဒေကြမ်းအား ကန့်ကွက်ရသည်ကို ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ သမဂ္ဂဝင်ကျောင်းသားများက ဟောပြောဆွေးနွေးမှုများ၊  စာဝေငှခြင်းများပြုလုပ်ခဲ့သော်လည်း နည်းပညာတက္ကသိုလ်ကျောင်းသားများ၏ နှစ်ဝက်စာမေးပွဲဖြေဆိုချိန်များနှင့် တိုက်နေ၍ ကျောင်းသားအများစု စိတ်ဝင်စားမှုမရှိခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ယင်းကဲ့သို့ စာများ လိုက်လံဝေငှနေချိန်၌ ကျောင်းတာဝန်ရှိသူတစ်ဦး ရောက်ရှိလာပြီး စာမေးပွဲဖြေ ဆိုနေချိန်ဖြစ်၍ အနှောင့်အယှက်မဖြစ်စေရန်နှင့် ကျောင်းပြန်လည်ဖွင့်ချိန်ကျမှသာ ပြန်လာပါရန် မေတ္တာ ရပ်ခံ ပြော ကြား ခဲ့သည်။

“ဥပဒေစပေါ်ကာစတုန်းက အစိုးရက ကျောင်းသားထုသိအောင် အစိုးရက ကျယ်ကျယ်ပြန့်ပြန်အသိမပေး ခဲ့လို့ ကျွန်တော်တို့က အခုလို လိုက်အသိပေးရတာပါ။ အခုအခြေအနေမှာ လွှတ်တော်ပိုင်း၊ အစိုးရ ပိုင်းတွေက ဒီလိုဝေဖန်မှုတွေ ရှိပါတယ်ဆိုတဲ့ဥပဒေကို အတည်ပြုတော့မယ်ဆိုတာ သိစေချင်တဲ့ အတွက် ဝေငှတာပါ”ဟု ကန့်ကွက်စာဝေငှရာတွင် ပါဝင်သည့် စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုဇေယျာလွင် က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment